Popular Posts!

Thursday, March 31, 2011

အခွန်နှစ်ထပ် စည်းကြပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားသည့် နိုင်ငံများတွင် စင်ကာပူနိုင်ငံ ပါဝင်သော်လည်း ယင်းနိုင်ငံရှိ ကုမ္ပဏီမှာ မြန်မာလူမျိုး တည်ထောင်ထားလျှင်၊ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင်နေလျှင် အခွန်ပေးဆောင်ရမည်


ယင်းခြောက်နိုင်ငံနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ချုပ်ဆိုထားသာ စာချုပ်ပါ သဘောတူညီမှုများ အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းအခွန်စနစ်သည် အခွန် နှစ်ထပ်ကွမ်း (Double Tax) မဖြစ်စေရေး သဘောတူထားသည့် စင်ကာပူ နိုင်ငံရှိ ကုမ္ပဏီများအား ကောက်ခံရန် မရှိကြောင်း သိရှိရသော်လည်း မြန်မာလူမျိုး တစ်ဦးဦးက တည်ထောင်ထားသည့် ကုမ္ပဏီ(သို့မဟုတ်) ဒါရိုက်တာအဖွဲ့ဝင်အဖြစ် မြန်မာလူမျိုး တစ်ဦးဦးပါဝင်သည့် ကုမ္ပဏီ မဟုတ်မှသာလျှင် အကျုံးဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် သွင်းကုန်ပစ္စည်းများ တင်သွင်းမှုနှင့် ပတ်သက်ပါက အကောက်ခွန်၊ ကုန်သွယ်ခွန် (Sale Tax/Commercial Tax) ၊ အမြတ်ခွန်နှင့် ပင်ရင်းမှ နုတ်ယူပေးသွင်းရသည့် အခွန် (Withholding Tax)ဟူ၍ လေးမျိုးရှိပြီးအကောက်ခွန် (Custom Duty)  မှာ သာမန်အားဖြင့် ၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံလေ့ရှိပြီး အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ပါက လက်ရှိအခြေအနေ တွင် ၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိသာ ကျခံရကြောင်းနှင့် ပစ္စည်း အမျိုးအစား ၈၀ ရာခိုင်နှုန်း အကျုံး ၀င်နေကြောင်း သိရှိရသည်။
သွင်းကုန်နှင့်ပတ်သက်၍ အခွန်စည်းကြပ်ရာတွင် Commercial Tax အပြင် အမြတ်ခွန်(၃၀ ရာခိုင်နှုန်း)နှင့် ပင်ရင်းမှနုတ်ယူ ပေးသွင်းရသောအခွန် (Withholding Tax) မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ အခွန် ကောက်ခံရာတွင် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများ၌ အချို့ကုန် ပစ္စည်းများမှာ ပြည်တွင်းတွင် ပြန်လည်ထုတ်လုပ်ရန် လိုအပ်သော ပစ္စည်းများဖြစ်ပြီး ယင်းကဲ့သို့ ပြန်လည် ထုတ်လုပ်သည့် အခါတွင် အခွန်နှစ်ထပ် သဘောမျိုး ကျသင့်နေကြောင်း သိရှိရသည်။
“အချို့ပစ္စည်းတွေဟာ ပြည်ပက တိုက်ရိုက် တင်သွင်းတာထက်၊ ပြည် တွင်းမှာ ထုတ်လုပ်တဲ့အခါ ကုန်ကျ စရိတ်က ပိုမြင့်သွားတယ်။ အဓိက ကတော့ ပစ္စည်းကို ပြည်ပက တင်သွင်းတဲ့အချိန်မှာ အခွန်ဆောင်ပြီး သားဖြစ်ပေမယ့် တင်သွင်းသူကနေ လက်ကားဒိုင်၊ လက်ကားဒိုင်က ထုတ်လုပ်သူ အဆင့်ဆင့်သွားရတဲ့ အတွက် နောက်ဆုံးမှ Sale Tax နှင့် အမြတ်ခွန်မှာ ထပ်မံပေးဆောင်ရတဲ့အတွက် အခွန်နှစ်ထပ်သဘော မျိုး ဖြစ်နေပါတယ်”ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
အလားတူ ပင်ရင်းမှနုတ်ယူ ပေးသွင်းရသောအခွန် (Withhold Tax) မှာ ယခင်က ကောက်ခံခြင်း မရှိသော်လည်း ၂၀၁၁ ခုနှစ် ဇန်န ၀ါရီလ ၁ ရက်နေ့မှစ၍ အကျုံးဝင် လာခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်ကာ အမှန်တွင် ယင်းပမာဏအား ပြည်ပမှကုန်ပစ္စည်း ရောင်းချသောကုမ္ပဏီမှ ပေးရမည့်ပမာဏ ဖြစ်ကြောင်း သိရှိရသည်။
“တကယ်တော့ ပင်ရင်းမှနုတ် ယူပေးသွင်းရတဲ့ငွေဆိုတာ ပြည်ပ ကုန်ရောင်းတဲ့သူကပဲ ကျခံပေးရတာ မျိုးပါ။ အရင်တုန်းက အစဉ်အလာ မရှိတော့ ကုန်သည်တွေကလည်း အဲဒီအတွက် တောင်းခံတာမျိုး မရှိခဲ့ဘူး။ အခု ပေးရမယ်ဆိုတဲ့အခါ သူတို့ဘက်က ကုန်ပစ္စည်းတန်ဖိုး အပေါ်မှာထပ်ပြီး အပိုဆောင်းထည့် လိုက်တယ်။ လတ်တလောမှာတော့ စာချုပ်ချုပ်ပြီးသား သွင်းကုန်တွေ အတွက်ပြန်ညှိတာမျိုး လည်းရှိတယ်။ ဥပမာ ကားသွင်းတယ်ဆိုရင်လည်း ဟိုဖက်က ကုမ္ပဏီကို သုံးပုံ တစ်ပုံ ပေးခိုင်းတယ်။ တင်သွင်းတဲ့သူက သုံးပုံ တစ်ပုံကျခံပြီးတော့ ကျန်တဲ့ သုံးပုံ တစ်ပုံကိုတော့ ၀ယ်တဲ့သူက  ကျခံရတယ်လို့ သိရတယ်”ဟု ပြည်ပသွင်းကုန်လုပ်ငန်းရှင်တစ်ဦး က ပြောပြခဲ့သည်။
“ကုန်ပစ္စည်းတစ်ခု တင်သွင်း တဲ့အခါ Custom Duty နဲ့ Sale Tax ကိုပေါင်းပြီး ကောက်ခံလေ့ရှိတဲ့ အတွက် အနည်းဆုံးတော့ ၁၂ ရာခိုင် နှုန်း ဆောင်ရပါတယ်။ ပြည်ပကနေ တင်သွင်းတဲ့သူက အဲဒီအခွန်ကို ဆောင်ခဲ့ပါတယ်။ ပြီးရင် အခွန်နဲ့ အတူ အမြတ်ထပ်ပေါင်းပြီးတော့ လက်ကားဖြန့်ချိရေးသမားကို ရောင်း ပါတယ်။ ကုမ္ပဏီကနံပါတ်(၁)လူ ပါ။ ပြီးရင် လက်ကားဒိုင်က အမြတ်ယူပြီးတော့ ထုတ်လုပ်သူဆီကို ပြန် ရောင်းတဲ့အတွက် လက်ကားဒိုင်က နံပါတ်(၂)ပါ။ နောက်ဆုံး ကုန်ချောထွက်တဲ့အခါမှာ ထုတ်လုပ်သူက Sale Tax နဲ့ အမြတ်ခွန်ဆောင်ရတဲ့အတွက် စားသုံးသူလက်ထဲကို ရောက်တဲ့အခါမှာလည်း ပြည်ပက တိုက်ရိုက်တင်သွင်းတာထက် မြင့်နေတတ်ပါတယ်။ တချို့တိုက်ရိုက် တင်သွင်းတဲ့အခါ သင်္ဘောတင်တဲ့ကိစ္စမှာ အခက်အခဲနဲ့ ကြန့်ကြာမှုလေးတွေ ရှိနေတဲ့အတွက် ပြည်တွင်းမှာပဲ ထုတ်ကြပါတယ်”ဟု ထုတ်ကုန်လုပ်ငန်း ရှင်တစ်ဦးက ပြောပြခဲ့ပါသည်။
ယင်းကဲ့သို့သော အနေအထားများကြောင့် အခွန်နှစ်ထပ်ပေးဆောင်ရမှု အနေအထားများအား လျှော့ပေါ့ စဉ်းစားပေးရန် လုပ်ငန်းရှင်များဘက်မှ မျှော်လင့်လျက်ရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် နိုင်ငံခြားငွေနှင့် ရောင်းရသည့်အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်ကို ၈ ရာခိုင်နှုန်းသာ ပေးဆောင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီး ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax)  ကောက်ခံမှုရှိသော်လည်း နောင်တစ်ချိန်တွင် အခွန်တိုးတက်ကောက်ခံမှုအပေါ် စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးဦးလှထွန်း က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။
“အခုလိုခြောက်နိုင်ငံနဲ့ သဘောတူညီချက်ရှိပေမယ့် မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါ ဥပမာ ကိုရီးယား က ပစ္စည်းတင်သွင်းတယ် ဆိုရင်လည်း စင်ကာပူကပဲ တစ်ဆင့်ခံရပါတယ်။ စင်ကာပူမှာ မြန်မာကုမ္ပဏီတွေ ရှိတယ်။ ဒါပေမယ့် ကန့်သတ်ချက်တစ်ခုက စင်ကာပူက တစ်ဆင့်ခံတဲ့ ကုမ္ပဏီဟာ မြန်မာနိုင်ငံသားအမည်နဲ့ မဟုတ်ရဘူး။ ဒါမှမဟုတ်ရင်လည်း ဒါရိုက်တာ အဖွဲ့ဝင်ထဲမှာ မြန်မာလူမျိုးပါဝင်နေလို့ ရှိရင် စောစောကပြောတဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းက ပေးရမှာပါ။ တစ်ခုရှိတာက အခုသဘောတူထားတဲ့ ခြောက်နိုင်ငံမှာ အမေရိကန်ဒေါ်လာ နဲ့ဆိုလို့ရှိရင်တော့ စင်ကာပူကိုမဖြတ်လို့မရဘူး၊ ယူရိုနဲ့ တိုက်ရိုက်ကုန်သွယ်တာ မျိုးဆိုရင်တော့ ပင်ရင်းမှနုတ်ယူ ပေးသွင်းရသည့်အခွန် (Withholding Tax)  ပေးဆောင်စရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် အမေရိကန်ဒေါ်လာနဲ့ ဆိုရင်တော့ စင်ကာပူ တစ်ဆင့်ခံနေရတဲ့အတွက် သဘောတူညီချက် ရှိနေပမယ့်လည်း ပေးရမှာပါ”ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ ခဲ့သည်။

Ref:weelyelevennews

ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ

ရန်ပိုင် Monday, 28 March 2011 19:47 ဆောင်းပါး .ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွားရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။



 လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်

အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်းဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့် လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ ထိုးနေကြတာ မြင်ရတယ်၊

တာလေသွားတဲ့ ကတ္တရာလမ်းတလျှောက်မှာ ငလျင်ဒဏ်ကြောင့် ကွဲထွက်သွားတဲ့ ပတ်ကြားအက်ကြောင်းကြီးတွေကို တွေ့နေရပါတယ်။ “တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လွန်တော့ တဘက်ကို နိမ့်ဆင်းသွားတဲ့ တာလေတံတားကြီးမှာ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင် လာရောက်စစ်ဆေးနေတဲ့အတွက် စက်ယန္တရားကြီးတွေနဲ့ အားချင်း ပြင်ဆင်နေကြတယ်။

မြို့အ၀င်က ခြေမြန်တပ်ရင်း (၃၁၆) မှာလည်း လူနေတန်းလျားတွေ ပြိုပျက်သွားတဲ့အတွက် တပ်ရှေ့က ကွင်းပြင်မှာ တပ်မိသားစုတွေ ချက်ပြုတ်စားသောက်ပြီး လဲလျောင်းနေကြပါတယ်။ ဒုက္ခသည်တွေကို နေရာချထားပေးထားတဲ့

တံတားနားအနီး ကွင်းပြင်ထဲက ရွက်ဖျင်တဲတွေထဲမှာ ဒုက္ခသည်တွေသာမက စစ်သားတွေလည်း အိပ်နေကြပါတယ်။ ဒုက္ခသည်အများစုဟာ နောက်ထပ် မြေငလျင်လှုပ်မှာကို စိုးရိမ်တဲ့အတွက် ညပိုင်း ရဲရဲဝံ၀ံ မအိပ်ရဲကြဘူးလို့ သိရတယ်။

ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ စစ်ဒေသမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ရဲတပ်ဖွဲ့တွေက တဘက်နိမ့်ဆင်းသွားတဲ့ တာလေ တံတားကို သွားလာနိုင်အောင် မြေတူးစက်ကြီးတွေနဲ့ ရှင်းလင်းပြင်ဆင်နေတဲ့ အနီးမှာ ရှိနေကြပါတယ်။

တိုင်းမှူးနဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားရတဲ့ မောင်းပြန်သေနတ်ကိုင် စစ်သားတွေ၊ ကားခေါင်မိုးပေါ်မှာ စက်သေနတ်ကို ထောက်တင်ထားပြီး လာသမျှကားတွေ၊ ဆိုင်ကယ်တွေကို လမ်းဘေးဆင်းဖို့ ၀ီစီတကြော်ကြော် မှုတ်ပြီး မောင်းနှင်နေတဲ့ စစ်ကားတွေကိုလည်း တွေ့နေရပါတယ်။

တာလေမြို့အ၀င်က ရိုမန်ကက်သလစ် လားဟူ ခရစ်ယာန် ဘုရားကျောင်းကြီးကတော့ မြေမှာ ၀ပ်ဆင်းနေပါတယ်။ ကျောင်းရှေ့မှာ ခရစ်ယာန်ဘာသာဝင်တွေလည်း သူတို့ဘုရားကျောင်းကြီးကို ကြည့်ပြီး သူတို့ဘာသာစကားနဲ့ တယောက်တပေါက် ပြောဆိုနေပါတယ်။

တာလေမြို့က လမ်းဘေးတဘက်တချက်မှာရှိတဲ့ အိမ်မှန်သမျှ အားလုံး ၀ပ်ဆင်းပြီး ပြိုလဲနေပါတယ်။ အိမ်ခြေ ၁၇၅ အိမ်ရရှိတဲ့ တာလေမြို့ဟာ အခုတော့ ၆ အိမ်သာ အကောင်းပကတိ ကျန်ခဲ့တယ်လို့ တာလေမြို့ခံတဦးက ပြောပါတယ်။

တာလေမြို့နယ် ပြည်သူစစ်ခေါင်းဆောင် ဦးခင်မောင်လှက “၀ုန်း” ဆိုတဲ့ အသံကြီး ကြားရပြီး အိမ်ကြီးတုန်သွားကတည်းက သွားပြီဆိုတာ သိလိုက်ပြီ၊ အိမ်ရှေ့လှမ်းကြည့်လိုက်တော့ ကျနော်နေတဲ့ အပေါ်ဆုံး ၃ ထပ်နဲ့ အိမ်ရှေ့ကတ္တရာ လမ်းနဲ့က တပြေးတည်းဖြစ်သွားတာ မြင်လိုက်ရတယ်လို့ ငလျင်အတွေ့အကြုံကို ပြောပြပါတယ်။

“တုန်လှုပ်ပြီးတော့ အမှတ်မထင် လမ်းမကို ပြေးထွက်လိုက်တယ်။ သတိရလို့ မိသားစုဝင်တွေကို လိုက်စစ်ဆေးလိုက်တော့ အသက် ၈၀ ကျော် အမေအိုကြီး၊ သားသမီး မြေးတွေက ဘာထိ ခိုက်ဒဏ်ရရာမှ မရဘဲနဲ့ အကောင်းပကတိပါပဲ၊ ဒါပေမယ့် ဇနီးသည်ကို မတွေ့ရပါဘူး။ လိုက်ရှာတော့ မြေအက်ကြောင်းကြီးထဲမှာ ပြားဝပ်သွားတဲ့ ဒုတိယထပ် တနေရာမှာ ခေါင်းငိုက်စိုက်နဲ့ သေဆုံးနေတာကိုတွေ့လို့ တုန်လှုပ်သွားတယ်” လို့ ဦးခင်မောင်လှက ဆက်ပြောပါတယ်။

သူ့အိမ်နံဘေးက အိမ်တွေအားလုံးလည်း မြေပြင်မှာ ပုံလျက်သား လဲပြိုနေပြီး အနောက်ကိုဖက် မျက်နှာပြု ဆောက်ထားတဲ့ သူအိမ်ကတော့ အလျားလိုက် မြောက်ဘက်ကို ခြောက်ပေလောက် ရွေ့သွားတယ်လို့ ဦးခင်မောင်လှက ဆိုပါတယ်။

အခုတော့ ပြိုသွားတဲ့ အိမ်ရဲ့ ရှေ့လမ်းမကြီး နံဘေးမှာ ရွက်ဖျင်တဲထိုးပြီး လာသမျှ ရပ်နီးရပ်ဝေး မိတ်ဆွေ သင်္ဂဟတွေကို ရှမ်းဘာသာနဲ့ တမျိုး၊ ဗမာဘာသာနဲ့ တဖုံ ခေါင်းငိုက်စိုက်ချကာ အကျိုးအကြောင်း ရှင်းပြနေပါတယ်။ ရွက်ဖျင်နဲ့ ထိုးတားတဲ့ မဏ္ဍပ်ထဲမှာတော့ ပျက်စီးသွားတဲ့ အိမ်ထဲက ရသမျှ ဆွဲထုတ်ထားတဲ့ ကြေးသွန်း ဘုရားဆင်းတု ၂ ဆူ၊ ဘုရားပုံ ကားချပ် တချို့၊ ရဟန္တာပုံတော်တွေ နဲ့ တခြားသော တိုလီမိုလီ ပစ္စည်းတွေကို တွေ့နေရပါတယ်။

အိမ်ထဲက ယူလာတဲ့ ခုံတန်းလျားတချို့နဲ့ ဆိုဖာ ဆက်တီတွေအပေါ်မှာတော့ သူ့ရဲ့ အမေအိုကြီး၊ သမီးနဲ့ မြေးကလေးတို့ ထိုင်နေကြပြီး ကလေးတွေကတော့ မိမိတို့ရဲ့ မိခင်ဆုံးရှုံးရမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးရမှု၊ တခါမှ မတွေ့ကြုံဖူးတဲ့ သွေးပျက်ဖွယ် အတွေ့အကြုံ ဆိုးကြီးကြောင့် ငူငူငိုင်ငိုင်နဲ့ များပြားလှတဲ့လူတွေကို ဂရုမစိုက်၊ စကားမပြောနိုင်ဘဲ ထိုင်နေကြပါတယ်။

တာလေ လမ်းမကြီးတလျှောက်က အိမ်တွေကတော့ ငလျင်ဒဏ်ကြောင့် အားလုံးလဲပြိုနေသလို အသက်ရှင်ကျန်ခဲ့သူတွေလည်း ဦးခင်မောင်လှလို့ပဲ လမ်းဘေးမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေနေကြပါတယ်။ တချို့ကလည်း ဆွေမျိုးသားချင်း အကူအညီနဲ့ အပုံလိုက်ဖြစ်နေတဲ့ မိမိတို့ အိမ်တွေထဲက ရသမျှ ပစ္စည်းတွေကို ဆွဲထုတ်နေကြတယ်။

အိမ်ကိုပြန်ဆောက်ပြီး ထူထောင်ရေး လုပ်နိုင်ပါ့မလားလို့ ဦးခင်မောင်လှကို မေးကြည့်တော့ သူအနေနဲ့တော့ ဒီနေရာမှာ ပြန်ပြီးမလုပ်ချင်တော့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ နံဘေးက အိမ်တွေကလည်း ပြန် မဆောက်တော့ဘဲ အားလုံး ဆွေမျိုးသားချင်းတွေရှိတဲ့ တာချီလိတ်တို့၊ ကျိုင်းတုံတို့ကို ပြောင်းတော့မှာဖြစ်ကြောင်း၊ ပြန်ဆောက်ရမယ်ဆိုရင်တောင် သူအနေနဲ့ ဒီနေရာမှာ တအိမ်တည်းကျန်ခဲ့မှာကို မလိုလားကြောင်း စိတ်မကောင်းစွာနဲ့ ရှင်းပြပါတယ်။

“တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ထိပ်ကနေ မိုင်းလင်းသွားတဲ့လမ်းအထိ အပျက်အစီးတွေကို လာကြည့်တဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေဆီကို ကူညီဖို့၊ သတင်းမေးဖို့ လာတဲ့သူတွေ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မယ်ဆိုင်မြို့က အကူအညီပေးဖို့လာတဲ့ တသီးပုဂ္ဂလ အလှူရှင်တွေ၊ နာဟောင်းမူး၊ ဟောင်လိတ် အစရှိတဲ့ ကျေးရွာ ရပ်ကွက်တွေက စုပေါင်းပြီး လာလှူဒါန်းတဲ့သူတွေ၊ ကြက်ခြေနီ တံဆိပ်ကို ရင်ဘတ်နဲ့ကျောမှာ ချိတ်ထားသူတွေဟာလည်း လမ်းမကြီးပေါ်မှာ အပြည့်ပါပဲ။

ယမန်နေ့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ လာရောက်ပေမယ့် ဘာမှမယ်မယ်ရရ လုပ်ကိုင်ပေးသွားတာ မရှိသေးပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

တခါတလေ ရှားရှားပါးပါး World Vision လို့ အမည်တပ်ထားတဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အဖွဲ့ ၀တ်စုံဝတ် ၀န်ထမ်းတချို့သာ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ခေါက်ဆွဲခြောက်ထုတ်နဲ့ရေ၊ တခြားစားသောက်ဖွယ်ရာတွေကို ဝေခြမ်းနေတာတွေ့ရတယ်။ မိုးရွာလို့ ချမ်းအေးနေပေမယ့် စောင်နဲ့ အိပ်ရာခင်းတွေကို ပေးဝေကြတာ မရှိသေးဘူးလို့ သိရတယ်။

တာချီလိတ်က မိုးကာဖျင်ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းစရာလက်ကျန် မရှိတော့ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအနေနဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ရော တခြားပုဂ္ဂလိက အဖွဲ့တွေပါ ဝေခြမ်းရေး၊ ကူညီရေးအတွက် စာရင်းကောက်ခံပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်သေးတာကို တွေ့ရပါတယ်။

အစိုးရရဲ့ အကူအညီတွေကို လောက်လောက်လားလား မတွေ့ရသေးသလို နိုင်ငံတကာအကူအညီလည်း မလာသေးပါဘူး။ ဒီနေ့တော့ ထိုင်းအစိုးရ ကူညီကယ်ဆယ်ရေးကားတွေ လာပေမယ့် စစ်အစိုးရအာဏာပိုင်တွေက နှစ်နိုင်ငံ နယ်စပ်တံတားပေါ်မှာပဲ ကယ်ဆယ်ရေး ပစ္စည်းတွေကို လက်ခံခဲ့တယ်။ ပြီးမှသာ ဒေသခံ ဒုက္ခသည်တွေကို ပြန်ပြီးပေးမှာလို့ သိရပါတယ်။

ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ တိုင်းမှူးပါ ရောက်နေတဲ့အတွက် လုံခြုံရေးအရ ထိုင်း-မြန်မာ နယ်စပ်ကနေ ကျိုင်းတုံအထိ ကမ္ဘာလှည့် ခရီးသွားများရဲ့ ခရီးစဉ်ကို ပိတ်ထားလိုက်ပြီလို့ သိရတယ်။

ဒုက္ခသည်တွေအားလုံးဟာ နေစရာမရှိဖြစ်နေပြီး ယမန်နေ့ညက မိုးသည်းထန်စွာ ရွာတဲ့အတွက် ဗွက်ပေါက်နေတဲ့ ကွင်းပြင်ကြီးထဲမှာ အပြာရောင်နဲ့ အဖြူရောင် ကြားထားတဲ့ ရွက်ဖျင်တဲကြီးတွေ၊ ကြက်ခြေနီအဖွဲ့ကပေးတဲ့ ရွက်ဖျင်တဲ အဖြူကြီးတွေနဲ့ အေးစက်နေတဲ့ မြေပြင်မှာ နေနေရပါတယ်။

မြို့ပျက်ကြီးတမြို့လိုဖြစ်နေတဲ့ တာလေမြို့ တနေရာမှာတော့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ဟာ အပျက်အစီးပုံထဲက ပြန်တွေ့ရတဲ့ သူရဲ့ဓာတ်ပုံလေးကို ချောင်းရေနဲ့ တယုတယ အသေအချာဆေးနေတာကို တွေ့ခဲ့ရပါတယ်။

တာလေ လမ်းမတလျှောက် ဘယ်နေရာ ဘယ်အိမ်ပဲ ကြည်လိုက်ကြည့်လိုက် အကောင်းပကတိ ကျန်ခဲ့တယ်ဆိုတာ မတွေ့ရပါဘူး။ မြို့လယ်က တာလေဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံကြီးဟာလည်း မြေပြင်မှာ ပြားပြားဝပ်ဆင်းနေပါပြီ။ အပျက်အစီးပုံရဲ့ရှေ့မှာတော့ ကိုရင် သုံးပါး၊ ငလျင်ကြောင့် နဖူးမှာ ဒဏ်ရာရလို့ ပလာစတာကပ်ထားတဲ့ ကပ္ပိယတယောက်တို့ အလှူခံပုံးချပြီး အလှူခံနေတာကို တွေ့ရပါတယ်။

ကပ္ပိယကြီး ပြောတာကတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဘူးတဲ့ ဘေးဆိုးကြီးတဲ့။ အသက် ကိုးဆယ်ရှိတဲ့ အမေကြီးတယောက်ကိုလည်း ကြုံဖူးသလားလို့ မေးကြည့်တော့ မကြုံဖူးဘူး ဆိုပြီး ငလျင်လှုပ်တုန်းက သူအတွေ့အကြုံတွေကို တုန်တုန်ချိချိနဲ့ ပြောပြနေပါတယ်။

ဘုန်းကြီးကျောင်းက ကိုရင်တွေကတော့ ငလျင်လှုပ်လို့ ဓမ္မာရုံကြီး ပြိုကျချိန်မှာ သူတို့က တီဗီကြည့်ပြီးလို့ အပြင်မှာ ဆော့နေတာ၊ ဓမ္မာရုံကြီး ပြိုကျသွားတာကို ကြောက်လို့ မကြည်ရဲဘူးလို့ ပြောကြပါတယ်။

ရယက စာရေး ကိုစိုးဝေကလည်း ရ၀တရုံးကအဆင်းမှာ မြေကြီးနိမ့်ကျသွားသလို ခံစားရပြီး လူလည်း ရုံးအုတ်နံရံနဲ့ ရိုက်မိသွားတယ်၊ ဘေးနှစ်ဘက် မြေပြင်ကနေ ရေတွေ ပန်းထွက်လာတယ်၊ သူလည်း သွေးရူးသွေးတန်းနဲ့ လမ်းမကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုစိုးဝေမှာလည်း တကိုယ်လုံး ဒဏ်ရာတွေ ဗလပွနဲ့ တွေ့ရပါတယ်။

တာလေမြို့နဲ့ တဆက်တည်းဖြစ်တဲ့ မိုင်းလင်းကျေးရွာကိုသွားတဲ့ လမ်းတလျှောက်မှာလည်း အိမ်တွေ ပြိုလဲနေတာကို မြင်တွေရပါတယ်။ မိုင်းလင်းက အိမ်တွေက သစ်သားအမိုး၊ သစ်သားအကာတွေနဲ့ ဆောက်ထားတဲ့ ရှေးအိမ်တွေ ဖြစ်လို့ ငလျင်ဒဏ်ကြောင့် အားလုံးဟာ လဲလို့တမျိုး၊ စောင်းလို့တဖုံ ရှိနေကြပါတယ်။

ရွာလမ်းမပေါ်တွေမှာ ရွက်ဖျင်တဲတွေ ထိုးနေရတဲ့ မိသားစုတွေကို လမ်းတလျှောက် မြင်တွေ့နေရတယ်။ ဟောင်လိတ်၊ နာကောင်းမူး စတဲ့ ရွာတွေကလာတဲ့ ဒုက္ခသည် ကယ်ဆယ်ရေးပစ္စည်း ဝေခြမ်းရေး ကားတွေလာရင် လူတွေက နောက်က အတင်းပြေးလိုက်ပြီး ပစ္စည်းတွေ တောင်းယူနေကြသလို အားလုံးကလည်း ဘယ်က ဝေခြမ်းရေးကားလာမလဲဆိုတာကို စောင့်မျှော်နေကြတာတွေ့ရတယ်။ ကားတစီးလာရင် ဝေခြမ်းရေးကားထင်ပြီး ပြေးလိုက်တဲ့ အပျိုအရွယ်တွေသာမက အဘိုးကြီး၊ အဘွားကြီးတွေလည်း အများကြီးပါပဲ။

ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ မိုင်းလင်းမှာလည်း စနစ်တကျ လုပ်ကိုင်ပေးနိုင်တာကို မတွေ့ရသေးပါဘူး။ တာချီလိတ် ခရိုင်ရဲမှူးနဲ့အဖွဲ့ရဲ့ ကားပေါ်မှာတော့ ဝေခြမ်းပစ္စည်းတွေကို တွေ့နေရပေမယ့် ဝေခြမ်းမှု မရှိသေးပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေက ဝေခြမ်းမလားဆိုပြီး မျှော်တလင့်လင့်ဖြစ်နေတာကိုလည်း မြင်ရပါတယ်။

မိုင်းလင်းနဲ့ တာလေ သွားလမ်းပေါ်က ပြိုပျက်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာတော့ အာဏာပိုင်တွေက ဒုက္ခသည်စခန်းဆိုပြီး ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်နေဖို့၊ ထိုင်ဖို့ အကူအညီပေးတဲ့ ပုံမရှိဘဲ ကလားဖျင်းထဲမှာ ပလတ်စတစ် ကုလားထိုင်တွေကိုသာ ချထားတာကို မြင်ရပါတယ်။ အထဲမှာတော့ စစ်ဝတ်စုံဝတ် စစ်အရာရှိများနဲ့ စစ်သားတွေကိုသာ မြင်ရတယ်။


အထပ်မြင့် တိုက်အိမ်များလည်း မြေကြီးထဲသို့ ကျွံဝင်ကုန်သည် (ဓာတ်ပုံ - ဧရာဝတီ)

မိုင်းလင်းရွာက ကျန်းမာရေးမှူးလည်း ပြိုပျက်နေတဲ့ သူအိမ်ရှေ့က ရွက်ဖျင်တဲထဲမှာ ဒီအတိုင်းနေရတာကို တွေ့လို့ မြေကြီးက စိုစွတ်အေးနေတာ၊ အအေးပတ်မှာ မစိုးရိမ်ဘူးလားလို့ မေးကြည့်တော့ အေးတာက ပြဿနာ မဟုတ်ဘူး၊ အခုဟာက အကုန်မပျက်သေးတဲ့ အဆောက်အဦထဲ သွားနေရင် ငလျင်လှုပ်သံကြားတိုင်း ထွက်ပြေးနေရတော့ ကောင်းကောင်းအိပ်လို့ မရဘူးလို့ ပြန်ဖြေပါတယ်။

မိုင်းလင်းကျေးရွာ ဥက္ကဋ္ဌ ဦးအောင်မြကတော့ သူအိမ်လည်း ကျွမ်းထိုးမှောက်ခုံဖြစ်၊ စပါးကျီတွေလည်း ဖိတ်ကျမို့ ရွာမှာတော့ စပါးလည်းဆုံး၊ သားလည်းဆုံးပဲတဲ့။ အိမ်ကို ပြန်ဆောက်နိုင်ပါဦးမလားလို့ မေးတော့ မဆောက်နိုင်လောက်တော့ပါဘူးလို့ ပြောပါတယ်။

အသေအပျောက်ကို မေးကြည့်တဲ့အခါ မိုင်းလင်း အရှေ့ အနောက်ရွာမှာတင် စာရင်းအရ လူဦးရေ ၄၀ ရှိနေပြီး အနီးအနားက ရွာတွေကစာရင်း မပါသေးကြောင်း၊ မိုင်းလင်းနဲ့ တာလေ ၂ နေရာပေါင်းရင် ၁၃၀ နီးပါး ရှိနိုင်ကြောင်း ပြောပါတယ်။

ရွာထဲဝင်လိုက်ရင်လည်း အိမ်တိုင်းက ရှမ်းဘာသာနဲ့ သူတို့အိမ် ဘယ်နေရာက အက်သွားတယ်၊ ငလျင်ကြောက ဘယ်နေရာလောက်က ဖြတ်သွားတာ၊ ဘယ်သူအိမ်တော့ ဘာဖြစ်သွားပြီဆိုတာကို အမေတကောနဲ့ ရှင်းပြနေကြတယ်။

ရွာဦးဆရာတော်လည်း ငလျင်ကြောင့် ကွင်းပြင်ထဲက မဏ္ဍပ်ထဲမှာပဲ သီတင်းသုံးနေရတယ်။ ဓမ္မာရုံကြီးကတော့ မျက်နှာကျက်တွေ ပြုတ်ကျနေပါတယ်။

ငလျင်ဆိုတဲ့ သဘာဝ ကပ်ဘေးကြီးက မိုင်းလင်း တောင်ပေါ်စေတီကိုလည်း အလွတ်မပေးပါဘူး။ တောင်ထိပ်မှာ တည်ထားတဲ့ ရွှေရောင်ဝင်းဝင်းနဲ့ စေတီလည်း ငှက်ပျောဖူးက အောက်ကို ငိုက်ရုံသာမက ဖောင်းရစ်ပါ တပိုင်းပြတ်ထွက်သွားပါတယ်။ စေတီအ၀င် မုခ်ဦးလည်း ပြိုကျသွားလို့ စစ်သား ၁၀ ယောက်လောက်က ၀ိုင်းဝန်းရှင်းလင်းနေတာကို မြင်ရတယ်။ စေတီကြီးကိုတော့ မရှင်းလင်းနိုင်သေးပါဘူး။

ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ တာလေမြို့ အနောက်ဘက် တောင်တန်းပေါ်မှာရှိတဲ့ ကျကူနီရွာကိုတော့ ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးပါ။ လားဟူ ပြည်သူ့စစ်တွေ နေထိုင်တဲ့ အထက် ကျကူနီရွာဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံရတယ်လို့ တာလေ ပြည်သူစစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ကယ်ဆယ်ရေး မသွားနိုင်သေးတာကလည်း လုံခြုံရေး အခြေအနေကြောင့်လို့ ရှင်းပြတယ်။ နယ်မြေအခြေအနေက ၀တပ်ဖွဲ့တွေအပြင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်း ဒီနေရာတွေမှာ လှုပ်ရှားနေတဲ့အတွက် စစ်တပ်က ကယ်ဆယ်ရေး မသွားသေးတာ ဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ရာသီဥတုကလည်း မိုးဆက်တိုက်ရွာနေလို့ တောင်ပေါ်လမ်း ပျက်နေတဲ့အတွက် သွားလို့မရသေးတာလည်း ဖြစ်နိုင်ကြောင်း ပြည်သူစစ်အဖွဲ့ဝင်က ပြောတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ မသွားနိုင်သေးတဲ့အတွက် အခုအချိန်အထိတော့ ကျကူနီရွာရဲ့ အသေအပျောက်စာရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ သိရပါကြောင်း။ ။
Ref:ibur-rawaddy.org

Wednesday, March 30, 2011

intelligenceHottest IT job skills for 2011

CoreITby Kevin FogartyBusiness




Jobs grow slowly, shift dramatically toward cloud, virtualization, businessMarch 21, 2011, 12:49 PM —
The number of jobs in corporate IT is increasing – slowly – according to a new analysis of government statistics from IT-management and HR consulting firm Janco Associates.

That doesn't mean the growth is good news for IT staffers or middle managers, however.

IT is in the middle of a fundamental transition from traditional data-center-based IT to a more distributed, dynamic model that includes cloud- and virtualized services – which require different skills, different organizations and often involves more contract workers and outsourcing, the report concludes.

The result is a much less certain future for everyone in IT, and big changes in what's expected of them:

" Janco predicts there will be more churn in IT staff as CIOs accelerate their move to more flexible staffing models. CIOs are outsourcing more technical work, including managed IP services such as VoIP and VPNs. They are hiring more contractors for desktop and security services, and they are putting more applications such as remote backup in the cloud," the report said.

The result is that CIOs are eager to retrain or replace people with aging or less relevant skills, but are having trouble finding those with the right business-oriented skills, cloud-computing skills and other high-demand specialties.

IT recruitment giant Robert Half Technology's latest IT Hiring Index – a survey of 1,400 CIOs – estimates a net 7 percent increase in the number of companies creating new positions in IT. The survey showed 9 percent of CIOs expect to add positions, while 2 percent expect to cut them.

CIOs are still cautious, though. Only 48 percent said they were extremely confident their companies would fund new IT projects during the second quarter.

A few specifics:

The U.S. Dept. of Labor estimated the U.S. economy created 192,000 new jobs during February, though the unemployment rate held steady at 8.9 percent. Unemployment has dropped .9 percent since November, the report said.

After adjusting for seasonal fluctuation, hiring and firing, Janco estimates there were only about 2,600 new IT jobs created in February.

The labor department classifies IT-related jobs in several different categories, which normally makes it more difficult, rather than less, to figure out what's happening in IT.

In this case the report shows a loss of 43,700 jobs in the Telecommunications sector during the previous 12 months, compared to growth of 48,500 jobs in Computer System Design and Related Services.

The shift from skills consistent with telecom departments and toward more sysadmin-related jobs is probably a reflection on the push by many companies to outsource the complicated tech to which they can't add much value, and expand virtualization, cloud computing and web-related projects.

It probably doesn't hurt that Computer System Design would also cover anyone hired to implement or support mobile-computing projects using tablets, smartphones or other BYOT hardware.

Janco and RHI differ a bit on the list of jobs in highest demand, probably due to their differing focus. RHI's main business is recruiting and hiring contract or full-time workers for specific companies.

Janco's is a combination of analysis, consulting and research, focusing more on the business end result of IT projects, not exclusively who it hired to carry them out.

Tech jobs in highest demand this year, according Janco's annual IT Salary Survey, published in early January of this year:

Hardest skills to hire, according to RHI:

Skills in greatest demand, according to RHI

Kevin Fogarty writes about enterprise IT for ITworld. Follow him on Twitter @KevinFogarty .



- Posted using BlogPress from my 4GiPhone

မြန်မာနိုင်ငံတွင် နှစ်၂၀ကျော်ကာလအတွင်း ပြည်သူ့အစိုးရသစ်ပေါ်လာပြီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ထုတ်ပြန်ကြေညာ


ရန်ကုန်၊ မတ် ၃၀- နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအစိုးရ သစ်ထံ မတ်၃၀ရက်တွင် အာဏာလွှဲအပ်
လိုက်ပြီဖြစ်သည်။
    ယင်းသတင်းကို မြန်မာ့ရုပ်မြင် သံကြား၊ မြန်မာ့အသံနှင့်
MRTV တို့က မတ် ၃၀ရက် ၁၂နာရီအချိန်တွင် စတင်၍ Breaking News အဖြစ် ကြေညာခဲ့သည်။

    ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့ကို သမ္မတ ဦးသိန်း စိန်က
ကြေညာချက်အမှတ် (၁၂၀၁၁) အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
အစိုးရသစ်တွင်
၁။ သမ္မတ- ဦးသိန်းစိန်
၂။ ဒုသမ္မတ- သီဟသူရဦးတင်အောင်မြင့်ဦး
၃။ဒုသမ္မတ- ဦးစိုင်းမောက်ခမ်း(ခ) မောင်အုန်း
၎။ ဗိုလ်ချုပ်လှမင်း -၀န်ကြီး- ကာကွယ်ရေး ၀န်ကြီးဌာန
၅။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို-၀န်ကြီး- ပြည်ထဲရေးဝန်ကြီးဌာန
၆။ ဗိုလ်ချုပ် သိန်းဌေး-၀န်ကြီး- နယ်စပ် ရေးရာဝန် ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုး
ရေးဝန်ကြီးဌာန
၇။ ဦးဝဏ္ဏမောင်လွင်-၀န်ကြီး- နိုင်ငံခြား ရေးဝန်ကြီး ဌာန
၈။ ဦးကျော်ဆန်း-၀န်ကြီး- ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၉။ ဦးမြင့်လှိုင်-၀န်ကြီး- လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၁၀။ ဦးဝင်းထွန်း-၀န်ကြီး- သစ်တောရေးရာ ၀န်ကြီးဌာန
၁၁။ ဦးလှထွန်း-၀န်ကြီး- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၂။ ဦးခင်မောင်မြင့်-၀န်ကြီး- ဆောက်လုပ် ရေးဝန်ကြီးဌာန
၁၃။ ဦးတင်နိုင်သိန်း-၀န်ကြီး- အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၄။ ဦးဝင်းမြင့်-၀န်ကြီး- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၅။ ဦးသိန်းထွန်း-၀န်ကြီး- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၆။ဦးအောင်ကြည်-၀န်ကြီး- အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဌာန
၁၇။ဦးသိန်းထိုက်-၀န်ကြီး- သတ္တုတွင်း ၀န်ကြီးဌာန
၁၈။ ဦးအုန်းမြင့်-၀န်ကြီး- သမ၀ါယမ ၀န်ကြီးဌာန
၁၉။ ဦးဥာဏ်ထွန်းအောင်-၀န်ကြီး- ပို့ဆောင်ရေးဝန်ကြီးဌာန
၂၀။ ဦးတင့်ဆန်း-၀န်ကြီး- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစား ၀န်ကြီးဌာန
၂၁။ ဦးကျော်စွာခိုင်-၀န်ကြီး- အမှတ်(၁) စက်မှုဝန်ကြီးဌာန
၂၂။ ဦးစိုးသိန်း-၀န်ကြီး- အမှတ်(၂)စက်မှု ၀န်ကြီးဌာန
၂၃။ ဦးအောင်မင်း-၀န်ကြီး- ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန
၂၄။ ဦးသန်းဌေး-၀န်ကြီး- စွမ်းအင်ဝန်ကြီး ဌာန
၂၅။ ဦးဇော်မင်း-၀န်ကြီး- အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန
၂၆။ ဦးခင်မောင်စိုး-၀န်ကြီး- အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၇။ဒေါက်တာမြအေး-၀န်ကြီး- ပညာ ရေးဝန်ကြီးဌာန
၂၈။ဒေါက်တာ ဖေသက်ခင်-၀န်ကြီး- ကျန်းမာရေးဝန်ကြီးဌာန
၂၉။ သူရဦးမြင့်မောင်-၀န်ကြီး- သာသနာ ရေးဝန်ကြီးဌာန
၃၀။ ဦးအေးမြင့်-၀န်ကြီး-သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန
၃၁။ ဦးခင်ရီ-၀န်ကြီး- လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၃၂။ ဦးသိန်းညွန့် -၀န်ကြီး-သမ္မတရုံး ၀န်ကြီးဌာန
၃၃။ ဦးစိုးမောင် -၀န်ကြီး- သမ္မတရုံးဝန်ကြီး  ဌာန
၃၄။ ဒေါက်တာထွန်းရှင်-  ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး
၃၅။ ညွှန်ကြားရေးမှူးချုပ် အစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူး



Ref: theyangontime

လိပ်ကျင်ငယ်ရည်ဆေး အသုံးဝင်နေ

မုံရွာ၊ မတ် ၈- မုံရွာခရိုင် ပုလဲမြို့နယ် တစ်ဝိုက်ရှိ တောနယ်များတွင်
ကုန်းလိပ် ကျင်ငယ်ရည်ဖြင့် လေဖြတ်ဝေဒနာရှင်များ ကို လိမ်းကျံပေးခြင်းအားဖြင့် ဝေဒနာ
ပျောက်ကင်းနေကြ၍ အသုံးတွင်ကျယ်နေ ကြောင်း သိရသည်။ အဆိုပါ လိပ်ကျင်ငယ် ရည်ထုတ်ရာတွင်
ကုန်းလိပ်တစ်မျိုးတည်း သာ ဆေးဖက်ဝင်ကြောင်း သိရသည်။
    ''ကုန်းလိပ်ကို
မိုးကာသန့်သန့် ပေါ်မှာထားပြီး အပေါ်က တောင်းအုပ် ထားရပါတယ်။ နေသာတဲ့နေ့မှ လုပ်ရတာ
ပါ။ လိပ်က နည်းနည်းတော့ ပူတာပေါ့။ ဒါမှ အပူကျင်ငယ်ရည်ရပြီး ဆေးစွမ်းတာ။ လိပ်က
ကျင်ငယ်ရည်ကို နည်းနည်းပဲစွန့် တယ်။ အဲဒါကို ပုလင်းနဲ့ ခပ်ယူပြီး တစ်
နေ့သုံးကြိမ်ခန့် လေဖြတ်တဲ့လူနာကို လိမ်း ပေးရတယ်။ ပါးစပ်ကလဲ ဘုရားဆေး၊ သကြား ဆေးဟု
ရွတ်ရတယ်။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့။ လူနာနဲ့ဆေးကံစပ်ရင် မြန်မြန် ပျောက်တယ်။
အနှေးနဲ့အမြန် ဒါပဲကွာ တယ်။ လက်တွေ့ပျောက်သူ တော်တော် များတယ်။ တောကတော့
ယုံကြည်ကြတော့ မြန်မြန်ပျောက်ကြတယ်''ဟု ကိုယ်တိုင်လေ ဖြတ်ဝေဒနာရှင်ကို ပြုစုပေးနေသူ
ပုလဲမြို့ နယ်၊ မင်းတိုင်ပင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
  
အဆိုပါကုန်းလိပ်တွင် ရင်ဘတ် ပိုင်းမှ အက္ခရာစုံလျှင် ဆေးစွမ်းပိုထက်ကြောင်း၊
အက္ခရာဆိုသည်မှာ ကုန်းလိပ်သည် အသက် ကြီးလျှင် ရင်ဘတ်မှာ ဗျည်းအက္ခရာပုံစံ က၊
ခများအကွက်နှင့် ပုံပေါ်ကြောင်း၊ ကုန်း လိပ်ခွံသည် အင်မတန်မာကျော၍ နွား
လှည်းနင်းလျှင်တောင် မသေကြောင်း သိရ သည်။

Ref:YangonMedia Group

သိန်းထောင်ဂဏန်းရှိ မြေကွက်များ အရောင်းအ၀ယ်ဖြစ်



ဖူးပွင့်သော်-ရန်ကုန်၊ မတ် ၁၆-

ယခုလတွင် သိန်း ထောင်ဂဏန်းရှိ
မြေကွက်များ အရောင်း အ၀ယ်ဖြစ်နေကြောင်း အိမ်ခြံမြေဈေးကွက် မှသိရသည်။
     
အဆိုပါမြေများ ဈေးမြင့်မား နေသော်လည်း လက်ရှိပေါက်ဈေးကို ပေး ၀ယ်နေသူများရှိပြီး
များသောအားဖြင့် လမ်းမတန်းကိုဦးစားပေး၍ ၀ယ်ယူကြပြီး တောင်ဥက္ကလာပမြို့နယ်
ဝေဇယန္တာလမ်းမ ပေါ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ ၀င် ဒါမီယာ၊ ရွှေတောင်ကြား
အစရှိသည့်အချက် အချာကျသောနေရာများတွင် အရောင်းအ ၀ယ်ရှိနေကြောင်း သိရသည်။
  
''ဒီလဆန်းပိုင်းကတည်းက မြေ ကွက်နဲ့လုံချင်းအိမ်တွေ အရောင်းအ၀ယ်ဖြစ်
တယ်လို့ပြောလို့ရပါတယ်။ အရင်လတွေက တော်တော်ကြီးကိုပါးတယ်။
အိမ်ခြံမြေဈေး
ကွက်ပျက်တယ်လို့တောင် ပြောလို့ရနိုင်တယ်။လေလံကိစ္စတွေနဲ့လဲ
ဒီဘက်မှာအေးသွား တယ်။ နောက်အခွန်တိုးမယ်ဆိုတာတွေ ကြောင့်လဲပါတယ်''ဟု
မိုးလွင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမြွှ ဦးမင်းချိုဦး က ပြောသည်။
  
အစိုးရပိုင်မြေများကို ဈေးပြိုင် စနစ်ဖြင့် လေလံဆွဲရန်အစီအစဉ်များပြုလုပ် ခဲ့သည့်
ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလက ပြင်ပ အိမ်ခြံမြေဈေးကွက် အခိုက်အတန့်ပျက်ခဲ့ ရပြီး
ယခုလမှစတင်၍ ပြန်လည်ကောင်း မွန်လာကြောင်း သိရသည်။
    ''အရင်က၀ယ်ချင်တဲ့သူတွေက
လေလံနောက်ကိုလိုက်နေကြတာများတယ်။ဈေးမြင့်နေတာတွေကြောင့်ရယ်၊ အကြောင်း
ကြောင်းကြောင့်ပျက်ခဲ့လို့ မ၀ယ်ဖြစ်တာ တွေကြောင့် ဒီဘက်ပြန်လှည့်တဲ့သဘော ပါပဲ။
ဒီလတော့ သိသိသာသာ အရောင်း အ၀ယ်ရှိပါတယ်။ ဒီလလောက်ကိုပဲ ပွဲကြီး
တွေဖြစ်မယ်လို့မှန်းတယ်''ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ခုမှ တာဝန်ရှိသူတစ်ဦး က
ဆိုသည်။
    ယင်းသို့ Buyer များ ပြန်လည်
ဝင်ရောက်လာသောကြောင့် အရောင်းအ
ဝယ်ဖြစ်ရုံမျှမက ဆိုင်ထားသောမြေကွက် နှင့် လုံးချင်းများပါရှိသေးကြောင်း ယင်းအ ပြင်
ဧပြီလ၌ ပိတ်ရက်များရှိနေသဖြင့် မေလ တွင်သာ အိမ်ခြံမြေဈေးကွက်ပြန်လည်ဦး
မော့လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြော
သည်။
လက်ရှိမြေကွက်ပေါက်ဈေးများကို
ဖော်ပြပေးလိုက်ပါသည်။
ပြည်လမ်းမ                         သိန်း ၉၀၀၀
တက္ကသိုလ်ရိပ်သာလမ်းသစ်   သိန်း ၈၀၀၀
သံလွင်လမ်း                       သိန်း ၇၅၀၀
ကျိုက္ကဆံလမ်းမ                   သိန်း ၄၅၀၀
ဆရာစံလမ်းမ                     သိန်း ၁၈၀၀၀
မိုးကောင်းလမ်းမ                 သိန်း ၅၀၀၀
မြကန်သာ                          သိန်း ၄၃၀၀
ရေတာရှည်လမ်းဟာင်း         သိန်း ၂၃၀၀
အောင်မြေသာစည်အိမ်ရာ     သိန်း ၂၇၀၀

Ref: Yangon Media Group

စနေဂြိုဟ်နှင့်ကမ္ဘာ တစ်တန်းတည်းကျမည်

ဟိန်းဟိန်း-ရန်ကုန်၊ မတ် ၂၄
- စနေဂြိုဟ်နှင့် ကမ္ဘာ တိုက်ရိုက်
တစ်တန်းတည်းကျမည့်ဖြစ်စဉ်သည် ဧပြီ ၄ရက် နံနက် ၆နာရီ
၁၃မိနစ်တွင်ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
    ''စနေဂြိုဟ်က နေရဲ့အနောက်ဘက်
ဂြိုဟ် ပတ်လမ်းမှာရှိပြီး ကမ္ဘာနဲ့ တိုက်ရိုက်တစ်တန်းတည်း ကျပြီး ဂြိုဟ်တွေရဲ့
တွန်းကန်ဆွဲငင်အားကြောင့် ငလျင် ဖြစ်ပေါ်တတ်တယ်''ဟု နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်
အရာရှိချုပ် ဦးဇေယျာကိုကပြောသည်။
    သို့သော် ဧပြီ ၃ရက် ည ၈နာရီ ၃၂မိနစ်၌
နက္ခတ်လကွယ်မှုဖြစ်စဉ်ဖြစ်ပေါ်ပြီး ဂျပန်၊ တောင်ကိုရီး ယား၊ မြောက်ကိုရီးယား၊
တရုတ်မြောက်ပိုင်းဒေသရှိ မွန်း တည့်မိုးကောင်းကင်တွင် စနေဂြိုဟ် ဖောက်ပြန်ရပ်တည်
နေကြောင်း သိရသည်။
    ''အခုစနေဂြိုဟ်နဲ့ ကမ္ဘာ တိုက်ရိုက်တစ်တန်း
တည်းကျဖြစ်စဉ်နှင့်အတူ စနေဂြိုဟ် မွန်းတည့်မိုးကောင်း ကင်မှာ
နက္ခတ်လကွယ်ရက်တည်နေတဲ့အတွက် ငလျင် ဖြစ်ပေါ်နိုင်တယ်''ဟု ယင်းကပြောသည်။
  
ငလျင်ဖြစ်ပေါ်နိုင်သောဒေသမှာ အရှေ့ လောင်ဂျီတွဒ် ၁၂၀ဒီဂရီမှ ၁၅၀ဒီဂရီကြား၊
မြောက်လတ္တီ တွဒ် ၃၀ဒီဂရီမှ ၆၀ဒီဂရီအတွင်းနိုင်ငံများမှာ စနေဂြိုဟ် နှင့် ကမ္ဘာ
တစ်တန်းတည်းဖြစ်စဉ်ကြောင့် ဥရောပတိုက် ဂရင်းနစ်နှင့် အာဖရိကတိုက်
အလယ်ပိုင်းနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်ဖို့ရှိသေးကြောင်း သိရသည်။
  
''ဘာကြောင့် စနေဂြိုဟ်ကို အလေးအနက် ထားလဲဆိုတော့ မြန်မာမှာ နာဂစ်၊ တရုတ် ချီချန်၊
ယူနန် နဲ့ ဂျပန်မှာ ငလျင်ဖြစ်ပေါ်ခဲ့တယ်။ ဧပြီမှာ ငလျင်ဖြစ်နိုင် တဲ့အတွက်
ဂရုစိုက်ဖို့လိုအပ်တယ်''ဟု ယင်းက ဆက် လက်ပြောသည်။
<>Ref:YangonmediaGroup







 

မန်းမှ ရန်ကုန်အထိ စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ ငလျင်အန္တရာယ်ရှိ

Posted by  Popular News on Mar 30th, 2011 and filed under Features. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry    
မန်းမှ ရန်ကုန်အထိ စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ ငလျင်အန္တရာယ်ရှိလူဦးရေထူထပ်ပြီး အဆောက်အအုံကြီးကြီးမားမားရှိသော မန္တလေး မှ ရန်ကုန်အထိ စစ်ကိုင်း ပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီး များတွင် နေထိုင်သော ပြည်သူများသည် ငလျင်အန္တရာယ်ကို ဂရုပြုသင့် သည်ဟု ငလျင်ကော်မတီအတွင်း ရေးမှူးဦးစိုးသူရထွန်းက ပြောသည်။
မန္တလေးမှ ရန်ကုန်အထိ စစ် ကိုင်းပြတ်ရွေ့တစ်ကြောရှိ ငလျင် အန္တရာယ်သတိပြုရမည့် မြို့ကြီးများ မှာ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တောင်ငူ၊ နေပြည်တော်(ပျဉ်းမနား) ပဲခူး၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွနှင့် ရန်ကုန်မြို့တို့ ဖြစ်သည်။
မြန်မာနိုင်ငံရှိ ဒေသအားလုံးနီး ပါးသည် ငလျင်ဒဏ်ကို တိုက်ရိုက် ခံရသည့်နေရာနှင့်  သွယ်ဝိုက်ခံရ သည့်နေရာများချည်းဖြစ်ကြောင်း  ကချင်ပြည်နယ်အတွင်းရှိ     မြစ်ကြီး နားမြို့၏ အနောက်ဘက် မိုင် ၂ဝ ခန့်နေရာမှ မုတ္တမပင်လယ်ထဲ အထိ   ဖြတ်သန်းသွားသောစစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်နှင့်   ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းတွင်   ငလျင်ကြီးများ လှုပ် ခဲ့ဖူးသလို ငလျင်ကြီးထပ်မံလှုပ်နိုင် ခြေလည်းရှိကြောင်း သိရသည်။
‘ငလျင်ကြီးတွေ လှုပ်တော့ မလားလို့မေးရင် ဖြစ်နိုင်ခြေရှိနေတာ အားလုံးပါပဲ။ ဘယ်တော့လှုပ်မယ် ဆိုတာ အတိအကျမသိနိုင်ဘူး။   ငလျင်ပမာဏဆိုတော့ အကြမ်းဖျင်း ပြောလို့တော့ရတယ်။    ပြတ်ရွေ့ အပိုင်းတစ်ပိုင်းဟာ ဥပမာ-အနှစ် ၂ဝဝမှာ  ဒီလောက်ပမာဏလှုပ်ဖူး တယ်ဆိုရင်  တစ်ကျော့ပြန်မလှုပ်တာ  နှစ်ကြာလေ   ငလျင်ကြီးတွေ လှုပ် ခတ်နိုင်လေပဲ။   စစ်ကိုင်းပြတ်ရွေ့ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့    မြန်မာနိုင်ငံ အလယ်ပိုင်းက ဂွေးချိုပြတ်ရွေ့က   ပုဂံနဲ့တောင်တွင်းကြီးဘက်တွေမှာ   ငလျင်ကြီးတွေ လှုပ်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိတယ်’ဟု ၄င်းကပြော သည်။
၂ဝဝ၄ ခုနှစ် အင်ဒိုနီးရှား ငလျင်ကြီးဖြစ်ပွားပြီး နောက်ပိုင်း တွင် မန္တလေးအနီးတစ်ဝိုက်၌ ရက် အနည်းငယ်အတွင်း ငလျင်ငယ်အ ကြိမ်၃ဝခန့် လှုပ်ခဲ့ဖူးသလို ရှမ်းပြည် နယ်၊ နမ့်ဆမ်ဘက်တွင်လည်း ရက် အနည်းငယ်အတွင်း အကြိမ်၁ဝဝ ကျော် လှုပ်ခဲ့ဖူးသည်။
တာချီလိတ်တွင်မူ ငလျင်ကြီး ဆက်၍ လှုပ်မည့်အခြေအနေမရှိ တော့ကြောင်း ရစ်ချတာစကေး ၆ ဒသမ ၈ ဖြင့် မကြာသေးမီက လှုပ် သွားခဲ့သော ယခုငလျင်မှာ ယင်း ဒေသတွင်း လှုပ်ခဲ့သမျှတွင် ပမာဏ အကြီးဆုံးဖြစ်ကြောင်း တာချီလိတ် ဘက်တွင် လှုပ်သည့် ငလျင်ပြတ် ရွေ့ ကြောအပိုင်းနှင့် စစ်ကိုင်းပြတ် ရွေ့မှာ ဆက်စပ်မှုမရှိသောကြောင့် သက်ရောက်မှု မရှိကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
”ပဲခူးနဲ့ခရမ်းသုံးခွက စစ်ကိုင်း ပြတ်ရွေ့ထဲမှာပါတယ်။ တာချီလိတ် နဲ့ ဆက်စပ်မှုမရှိဘူးဆိုပေမယ့် အဲဒီ နေရာမှာ ၁၉၃ဝက ငလျင်ကြီး နောက်ဆုံးလှုပ်သွားခဲ့တယ်။ အဲဒီ လိုဆိုတော့ ငလျင်ကြီးမလှုပ်တာနှစ် ပေါင်း ၈ဝ ကျော်နေပြီပေါ့။ နှစ် ၈ဝကျော်ပြီဆိုတော့ အင်အားတွေစု နေတဲ့သဘောမျိုးဖြစ်တယ်။ ပမာဏ တစ်ခုခုနဲ့ လှုပ်မယ်ဆို လှုပ်မယ့် အခြေအနေရှိနေတယ်ဆိုတာ သတိ ထားသင့်ပါတယ်” ဟု ၄င်းကထပ် လောင်းပြောသည်။
နေရာဒေသတစ်ခုတည်းမှာ ငလျင်ငယ်များ ဆက်တိုက် လှုပ်နေပြီဆိုလျှင် ငလျင်ကြီးလှုပ်နိုင် မည့် အခြေအနေရှိသည်ဟု တွက် ဆနိုင်ကြောင်း ဂျပန်တွင်ငလျင်ကြီး မလှုပ်မီ ရစ်ချတာ ၆ ရှိသော ငလျင်နှင့် ၇ခန့်ရှိသော ငလျင်လှုပ် သွားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် ပစိ ဖိတ်ပတ်လည် ငလျင်ကြောတွင် တည်ရှိနေပြီး မြန်မာနိုင်ငံမှာ အယ် ပိုက်ငလျင်ကြော၌ တည်ရှိနေသည့် အပြင် ၄င်းတို့နှစ်ခုကြားတွင် ပြတ် ရွေ့များနှင့် မြေထုချပ်အနားစွန်းများ စွာခံနေကြောင်း သိရသည်။
ဂျပန်ငလျင်နှင့် လွယ်မွေဖြစ် စဉ်မှာ တစ်လထဲတွင် ဖြစ်ခဲ့သော် လည်း တိုက်ရိုက်အားဖြင့် ဆက်စပ် မှုမရှိသလို သွယ်ဝိုက်ဆက်စပ်မှုရှိ သည်ဟုလည်း မထင်ကြောင်း ¤င်း က ဆက်လက်ပြောသည်။
”ငလျင်လှုပ်မယ်ဆိုတာ ကြို တင် သိနိုင်ဖို့ တစ်ကမ္ဘာလုံးကပညာ ရှင်တွေ လေ့လာနေဆဲပါပဲ။ တိရ စ္ဆာန်တွေရဲ့ အပြုအမှုကိုကြည့်ပြီး သိ နိုင်တယ်တို့၊ တောလဲသံတွေကိုကြို ပြီးကြားရတယ်တို့၊ ရေထဲကနေ ဘာတွန်လို့ခေါ်တဲ့ ဓာတ်ငွေ့တွေ ထွက်လာတယ်တို့ပေါ့။ တိရစ္ဆာန် တွေက လှိုင်းတွေကိုကြိုတင်ခံစား ပြီး သိနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မသေချာဘူး။ အမြဲမမှန်ဘူး။ ဒီလိုနည်း အမျိုးမျိုးနဲ့လေ့လာပြီး ငလျင်ကြီးအချို့ကို ကြိုတင်သိခဲ့ ကြဖူးတယ်။ ဥပမာ တရုတ်မှာ င လျင်ကြီးတစ်ခုလှုပ်မယ်ဆိုတာ ကြို သိလိုက်လို့ အများကြီးသက်သာ သွားတယ်။ နောက်တစ်နှစ်လည်း ကျရော ဘာအချက်အလက်မှ ကြို တင်မရဘဲ လှုပ်လို့ လူတွေအများ ကြီး သေခဲ့ဖူးတယ်”ဟု ဦးစိုးသူရ ထွန်းက ပြောသည်။
ယခု လွယ်မွေဖြစ်စဉ်မှာ မတ် လ ၂၄ရက် ည၈နာရီခွဲအချိန်ခန့် တွင် ကျိုင်းတုံမြို့မှ အရှေ့တောင် ဖက် ၃၅မိုင်ခန့်အကွာ လွယ်မွေမြို့ အနီး မြေအောက်၆ဒသမ၄မိုင် အနက်နေရာကို ဗဟိုပြု၍ အင်အား ရစ်ချတာစကေး ၇ အဆင့်ရှိ မြေ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းငလျင်ကြောင့် တာချီ လိတ်မြို့နှင့် တာလေမြို့အပါအဝင် ကျေးရွာအချို့ဝယ် ပျက်စီးဆုံးရှုံးမှု များ၊ သေဆုံးဒဏ်ရာရမှုများ ဖြစ် ပွားခဲ့သည်။
ထိုသို့ ပျက်စီးဆုံးရှုံးသည်များ အနက် ကျိုင်းတုံ-တာချီလိတ်ပြည် ထောင်စုလမ်းမကြီး၊ တာချီလိတ်- တာလေလမ်းနှင့် တာလေတံတား တို့ကို သက်ဆိုင်ရာမှ ရှင်းလင်းပြု ပြင်နေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ငလျင်ဒဏ်သင့် ပြည်သူများအား ဆေးဝါးကုသပေး ခြင်း၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများကိုလည်း အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက် ရေးဗဟိုကော်မတီအပါအဝင် သက် ဆိုင်ရာအဖွဲ့အစည်းများနှင့် NGOအချို့တို့ကပါ ဝိုင်းဝန်းပံ့ပိုးကူညီလျက် ရှိကြကြောင်း သိရသည်။
အောင်ရဲကျော်

ငလျင်ကယ်ဆယ်ရေးနောက်ဆုံးအခြေအနေ!



Ref:voavideonews

အဆိပ်သင့်စွန့်ပစ်ပစ္စည်း



Ref:voavideonews

ဘာကြောင့် တစ်ကမ္ဘာလုံး ရွှေအငမ်းမရဖြစ်နေသလဲ

နယ်လ်ဆင်ဒီရှဝပ် အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၈)


တရုတ်(တိုင်ပေ) ရှိ Jinguashi ရွှေပြတိုက်၌ပြသထားသော ကမ္ဘာ့အကြီးဆုံးရွှေတုံးကို လာရောက်ကြည့်ရှုသူတစ်ဦးက ကိုင်တွယ်ကြည့်နေစဉ်။

ဓာတ်ပုံ-အေအက်ဖ်ပီဤဆွစ်ဇာလန်နိုင်ငံ၏ ထောင့်စွန်း တစ်နေရာတွင် လူတွေက အီတာလျံ စကား ပြောကြသည်။

နေ့စဉ်နေ့တိုင်း အရှေ့အလယ်ပိုင်း၊ အာရှ၊ ဥရောပနှင့် မြောက်အမေရိက တို့မှ ရောက်ရှိလာသော လက်ကောက်၊ ခြေချင်းစသော လက်ဝတ် ရတနာများကို ပြန်လည် သန့်စင်၍ရွှေချောင်း၊ ရွှေတုံးများအဖြစ် ပြန်လည် သွန်းလုပ်သည့် လုပ်ငန်းကို လုပ်ကိုင်နေကြရာ လုပ်ငန်းမှာ အတော်ပင်ဖြစ်ထွန်းလျက်ရှိသည်။

"အဲဒါကတော့ ခင်ဗျားအဘွားရဲ့ ရွှေလည်းဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ခင်ဗျားရည်းစားဟောင်းက ပေးထားတဲ့ လက်ဆောင်လည်း ဖြစ်ချင်ဖြစ် မှာပေါ့။ ရွှေဆိုတာက ပျောက်သွားတာမျိုး မဟုတ်ဘူးလေ"ဟု အဓိက ရွှေသန့်စင် လုပ်ငန်းဖြစ်သော အာဂေါဟဲရေးယပ်စ် ၏ အမှုဆောင် အရာရှိချုပ် အာဟတ် အိုဘာလီက ပြောသည်။

ယင်းလုပ်ငန်းသည် တစ်နှစ်လျှင် ရွှေတန်ချိန် ၄၀၀ ခန့် သန့်စင်နေသောလုပ်ငန်းဖြစ်သည်။

ဒေါ်လာက ဈေးကျ၊ အမေရိကန်နှင့် ဥရောပတို့တွင် ဘတ်ဂျက်လိုငွေပြနေကြခြင်းနှင့် ဗဟိုဘဏ်များက စီးပွားရေး အင်အားနည်း သည့် နိုင်ငံများအား ဒေါ်လာ ထရီလျံနှင့်ချီ၍ ပံ့ပိုးထည့်ပေး နေရခြင်းတို့ကြောင့် ရွှေဈေးတက်လာ ခဲ့ခြင်းဖြစ်သည်။

"ရင်းနှီးမြှုပ်နှံသူတို့ဘက် တွေ့နေရတဲ့ အပြောင်းအလဲပေါ့။ အာရှဗဟို ဘဏ်တွေကစလို့ တစ်ဦးချင်း ရင်းနှီး မြှုပ်နှံသူတွေအထိ ရွှေတုံးတွေ၊ ရွှေဒင်္ဂါး တွေ ၀ယ်နေကြတယ်"ဟုဘာကလေးစ် ကက်ပီတယ်လ်၏ ကျောက်မျက် ရတနာမဟာဗျူဟာပညာရှင် ဆူကီ ကူးပါးက ပြောသည်။

ဟားရော့ဂိုးလ်ဘူလျံ၏ အကြီးအကဲ ခရစ္စဟီးလ်ဝမ်အဆိုအရ ရွှေချောင်း များကို ရွှေဒင်္ဂါးများထက် ပို၍ လူကြိုက် များသည်ဟု သိရသည်။ ၁၀၀ ဂရမ် ရွှေချောင်းများကို လူကြိုက်အများဆုံး ဖြစ်သည်။

နယူးဂျာဆီပြည်နယ် အီးဂဲလ်ဝုဒ်ရှိ ပါလီဆိတ် လက်ဝတ်ရတနာ စတိုးဆိုင် ပိုင်ရှင် ရွန်လီဘာမန်က သူ၏ စတိုးဆိုင်သို့ လာရောက် ရောင်းကြသူ အရေအတွက်မှာ ခါတိုင်းထက် ၁၀ ဆခန့် ရှိသည်ဟု ပြောသည်။

ဤ ၁၀ စုနှစ် အစတွင် ရွှေဈေးသည် တစ်အောင်စ ဒေါ်လာ ၃၀၀ သာရှိခဲ့ရာမှ ရွှေဈေး သည် ဒေါ်လာ ၁,၁၀၀ ကျော်အထိဖြစ် လာ သောကြောင့် ထိုသို့များလာခြင်းပင်။

"ကျွန်တော့ဆီ ရောက်လာတဲ့ လူတွေက ပြောတယ်။ ရွှေဈေးကတော့ ဒေါ်လာ ၂,၀၀၀ အထိ ဖြစ်တော့မှာ ပဲတဲ့"ဟု လီဘာမန်က ပြောသည်။
ရွှေဈေးတက်ဦးမည်ဟု ပြောနေကြသူများမှာ လက်ဝတ်ရတနာဆိုင်များသို့ သွားရောက် ရောင်းဝယ်နေသူများသာမဟုတ်။

နိုင်ငံရပ်ခြားတွင် သွား ရောက် ရင်းနှီးမြှုပ်နှံနေသူ ဂျင်မ်ရော် ဂျာကလည်း လွန်ခဲ့သော သီတင်းပတ်က ဘလွန်းဘာ့ဂ် ရုပ်သံနှင့် ပြောဆိုရာ ၌ ရွှေတစ်အောင်စဈေးသည် ဒေါ်လာ ၂,၀၀၀ အထိ ဖြစ်လာနိုင်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။

သို့ရာတွင် ကမ္ဘာ့စီးပွားရေး ပြဿနာ ကြုံလာနိုင်သည်ဟု ကြိုတင်ဟောကိန်း ထုတ်ခဲ့၍ လူသိများလာသူ စီးပွားရေး ပညာရှင် နျူရီယမ်ရူဘီနီကမူရောင် ဂျာ၏ ခန့်မှန်းချက်မှာ 'အဓိပ္ပယ်မရှိ' ကြောင်း နယူးယော့ခ်မြို့၌ ကျင်းပသော ညီလာခံတစ်ခုတွင် ပြောသည်။

လွန်ခဲ့သော သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုဘဏ်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) ထံမှ ရွှေတန် ၂၂၀ ၀ယ်လိုက်သဖြင့် ရွှေအငမ်းမရဖြစ်နေသူများ အံ့အား သင့်သွားကြသည်။ ထိုသို့ဝယ်လိုက် သဖြင့် အိန္ဒိယ၏ အရန်နိုင်ငံခြားငွေ ကြေး ဒေါ်လာ ၂၈၅ ဒသမ ၅ ဘီလျံ တွင် ရွှေ၏ တန်ဖိုးက ယခင် လေးရာ ခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခု ခြောက်ရာခိုင် နှုန်း ဖြစ်သွားပေမည်။

"ကျွန်တော်တို့မှာ ရွှေဝယ်ဖို့ ငွေရှိ တယ်လေ"ဟု အိန္ဒိယ ဘဏ္ဍာရေး ၀န်ကြီးပရာနတ်မူကာဂျီက ပြောသည်။

သီရိလင်္ကာဗဟိုဘဏ်ကလည်း ရွှေ ၀ယ်တော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောသည်။ ဤအခြေအနေများ သည် မိမိ၏ အကြွေးများ ပေးချေနိုင်ရန်အတွက် နိုင်ငံခြား ဗဟိုဘဏ်များက မိမိတို့၏ ငွေချေးစာချုပ်များကို ၀ယ်မည့်သူကို မျှော်နေရသည်။ အမေရိကန်အား အချိန်ကြာလာလျှင် ထိခိုက် သွားနိုင်သည့် အခြေအနေဖြစ်သည်။

တရုတ်သည်လွန်ခဲ့သည့် ခြောက်နှစ် ကာလအတွင်း ယင်း၏ အရန်ရွှေ နှစ်ဆတက်ခဲ့ပြီဖြစ်သည်။

ခြုံကြည့်လျှင် ၂၀၀၉ ခုနှစ်၏ ဒုတိယ သုံးလပတ်တွင် လက်ဝတ်ရတနာအတွက် ရွှေသုံးစွဲမှုသည် ၂၀ ရာခိုင်နှုန်း ကျသွားသော်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ၀ယ်လိုအားသည် ၅၁ ရာခိုင် နှုန်းတက်ခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီက ပြောသည်။

အောင်စ ၁၀၀ နှင့် အောက် အလေး ချိန်ရှိသော ရွှေချောင်းများအတွက် ရင်းနှီးမြှုပ်နှံသူများ၏ ၀ယ်လိုအားသည် ၈၀ ရာခိုင်နှုန်းတက် သွားကြောင်း PAMP ကုမ္ပဏီကို ပိုင်ဆိုင်သော အမ်ကေအက်စ်ဖိုင်းနန့်စ်ကုမ္ပဏီဥက္ကဋ္ဌ မာဝမ်ရှာကာရချိက ပြောသည်။

အနာဂတ်အတွက် စိုးရိမ်ပူပန်မှု ရှိနေကြခြင်းအပြင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အခြေအနေများကလည်း ရွှေကိုပို၍ အငမ်းမရဖြစ် စေသည်။

တစ်ကမ္ဘာ့လုံး၌ အခွန်တိမ်း ရှောင်မှုများကို နှိမ်နင်းခဲ့ခြင်း၊ ဆွစ် ဘဏ်များက မိမိတို့၏ ဖောက်သည် အမေရိကန်သူဌေးများ၏ အမည်များကို သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပေးလိုက်ခြင်းတို့ကြောင့် လူချမ်းသာများသည် အလွယ်တကူ ထိမ်ဝှက် ထားနိုင် သည့် ရင်းနှီးမြှုပ်နှံမှုဘဏ်ကို ပိုသဘောကျလာခြင်းဟု ကျွမ်းကျင်သူများက ပြောကြသည်။

"ဥရောပမှာတော့ လူတွေက စာရွက် စာတမ်းတွေ မရှိတဲ့ရွှေကိုပဲ သိမ်းထား ချင်ကြတယ်"ဟု အာဂေါဟဲရေးယပ်စ် ရွှေငွေရတနာ လုပ်ငန်း ညွှန်ကြားရေးမှူး ဘန်းဟတ်ရှနဲလ်မန်းက ပြောသည်။

မင်ဒရီဆီယိုတစ်ဝိုက်ဒေသသည် ၁၀ စုနှစ်များနှင့်ချီ၍ ရွှေသန့်စင်လုပ်ငန်းကို ကြီးစိုးလွှမ်းမိုးခဲ့သော ဒေသဖြစ်သည်။

အစဉ်အလာအားဖြင့် လက်ဝတ် ရတနာလုပ်ငန်းလုပ်ပြီး အလုပ်သမားလည်းဈေးပေါသည်။ အီတလီမြောက်ပိုင်းနှင့် ကပ်နေသဖြင့် လည်း အကျိုးအမြတ်ဖြစ်ထွန်းသည်။ ဆွစ်အစိုးရကလည်း ရွှေရည်ကောင်းမွန်မှုကို တာဝန်ခံခြင်း၊ စည်းမျဉ်းစည်းကမ်းများ နှင့် ကြီးကြပ်ပေးခြင်းတို့ဖြင့် ဤလုပ်ငန်း တိုးတက်အောင်ပျိုးထောင်ပေးသည်။

ဤဒေသလုပ် ၁၀၀ ဂရမ် ရွှေချောင်းများမှာ လက်တစ်ဆုပ်စာ အရွယ်ဖြစ် ပြီး ၁၂ ဒသမ ၅ ကီလို၊ အောင်စ ၄၀၀ ရွှေတုံးမှာမူ အတုံး အကြီးကြီးဖြစ်သည်။

ယခုအခါ အိန္ဒိယသည် ရွှေကို လက်ဝတ်ရတနာအတွက် အီတလီထက် အဆများစွာ သုံးစွဲသည့်နိုင်ငံဖြစ်သော် လည်း အီတလီနားတွင် ကပ်နေသော ဤဒေသမှာမူ ဤနေရာ ဤဒေသသို့ အာဖရိကမှ ရွှေရိုင်းတို့သည် လက်ကောက်၊ လည်ဆွဲစသော လက်ဝတ် ရတနာ များနှင့်အတူ ရောက်ရှိနေကြသောကြောင့် ကမ္ဘာ့ရွှေအလုပ်ရုံ ဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားသည်။

ဆွစ်ဇာလန် ရွှေတစ်တန်ထွက်သွားရန် ပူပန်ဖွယ်မရှိ။

"၀င်လာတာမှန်သမျှ ထွက်သွားတာပဲလေ"ဟု အာဂေါဟဲ ရေးယပ်စ်၏ အမှုဆောင် အရာရှိချုပ် မစ္စတာအိုဘာဘီက ပြောသည်။

Ref:myanmartime news

ကျပ် ၇၀ နဲ့ ထမင်းတစ်နပ်ရောင်းတဲ့ ဆိုင်

ဇွန်ပန်းပွင့် အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၈)

'လုံမေခင်' ထမင်းဆိုင်မှာ ပိုင်ရှင် ဒေါ်လွင်လွင်မေ ရောင်းချနေစဉ်။ ဓာတ်ပုံ - ဇွန်ပန်းပွင့်သူတို့ရဲ့ဆံပင်တွေက နီကြောင်ကြောင် ဖြစ်နေတယ်။

ဖုတ်သိုက်သိုက်ဆံပင်ရှည်အုပ်ကြီးတွေက သူတို့ရဲ့မျက်နှာတွေကို အရွယ်နဲ့မလိုက်အောင် ရင့်ရော်စေပါတယ်။

သူတို့တွေနားကပ်ရင် ကာဘော်လစ်ဆပ်ပြာနံ့လိုလို ပြင်းရှရှအနံ့ဟာ မခံ နိုင်လွန်းအောင် နံစော်နေတယ်။

ဖာထေး ရာတွေ ထင်သာမြင်သာလွန်းတဲ့ ညစ်ထူထူ ရှပ်အင်္ကျီဝတ် လူတွေ၊ ကာဘော်လစ်အနံ့တွေ ကြိုင်နေတဲ့ ယောက်ျားကြီးတွေဟာ ပင်ပန်းတဲ့ တစ်နေ့တာအလုပ် ပြီးချိန်မှာ လွယ်အိတ်စုတ်လေးတွေကို စလွယ်သိုင်းပြီး အဲဒီထမင်းဆိုင်နားမှာ အုံနေတတ်တယ်။

ဒေါ်လွင်လွင်မေက တစ်နေ့ကို အသားငါး၊ ဟင်းသီးဟင်းရွက် ဟင်းအမည်(အမယ်) ၁၅ မျိုးလောက်ကို အကူ မပါ ကိုယ်တိုင် တစ်ဦးတည်း ချက်ပြုတ် ပြင်ဆင်ပြီး ညနေ အလုပ်ကြမ်းသမားတွေ အလုပ်သိမ်းချိန်မှာ ခင်းကျင်းရောင်း ချနေတဲ့ဆိုင် ဖြစ်ပါတယ်။

"လက်လုပ်လက်စား တော်တော်များများက ကျပ်တည်းကြပါတယ်။ ဆင်းရဲကြတယ်။ အဲဒီလို ဆင်းရဲတဲ့သူတွေရဲ့ အခက်အခဲကို ဘယ်လို ကူညီသင့်သလဲ ဆိုပြီး စဉ်းစားကြည့်တယ်။ နောက်ပြီး ကြီးမေတို့ မြန်မာလူမျိုးတွေက ထမင်းကြိုက်တတ်တယ်။ ငါးပိ ကြိုက် တတ်တယ်။ အသားငါးလေးကိုလည်း စားချင်တာလေး စားရအောင်ဆိုပြီး အဲဒီလို လူမျိုးတွေကို ၀က်သားဟင်းဆိုလည်း ၅၀ ဖိုး 'ရော့.အင့်' ဆိုပြီး ထမင်းလေးနဲ့ ဟင်းလေးနဲ့ ငွေလေး ၇၀ - ၈၀ (ကျပ်) ပါလာတယ်ဆိုလည်း 'ရော့ ထမင်းရော ဟင်းရောယူ' ဆိုပြီးရောင်းတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝ၊ ဒါနလေးလည်း မြောက်အောင်ပေါ့ သမီးလေးရယ်" လို့ အဲဒီ 'လုံမေခင်' ထမင်းဆိုင်ပိုင်ရှင် ဒေါ်လွင်လွင်မေက ပြောပြပါတယ်။

"ကျွန်မ ငွေငါးသိန်းဖိုး၊ ၁၀ သိန်းဖိုးကို တစ်ပြိုင်နက်တည်း မလှူနိုင်ပါဘူး။တစ်နေ့ကို ၅၀၊ ၁၀၀ နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ပီပီ၊ နိုင်ငံကြီးသားပီပီ ဒီလုပ်ငန်းကို လုပ်တာ။ အထွတ်အမြတ်လည်းဖြစ်တယ်။ ကုသိုလ်လည်းရတယ်။ ၀မ်းလည်း ၀တယ်ဆိုတဲ့ စိတ်ကူး လေးနဲ့လည်း လုပ်တယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုဘာမှ မပါပါဘူး။ ဒီကုသိုလ်ပဲ ပါမှာပါ။ အဲဒါကြောင့် ဒီထမင်းဆိုင်မျိုးကို ဖွင့်ဖြစ်တာပါ" လို့ ဒီဆိုင်ဖွင့်လာတာ ခုနစ်နှစ် ၀န်းကျင် ရှိပြီဖြစ်တဲ့ ဒေါ်လွင်လွင်မေက ပြောပြပါတယ်။

ထမင်းဆိုင် စဖွင့်တဲ့အချိန်တုန်းကဆို ဟင်းအမယ် ၂၃ မျိုးလောက်ကို သူ တစ်ဦးတည်း စီမံပြီး ရောင်းချခဲ့တယ်လို့ ပြောပြပါတယ်။

"စ ရောင်းတုန်းက ထမင်းတစ်ပွဲ ၅၀၊ ဟင်းတစ်ပွဲ ၅၀ နဲ့ ရောင်းတယ်။ တဖြည်းဖြည်း နည်းနည်း ဈေးတက်လာတော့ ထမင်း ၁၀၀၊ ဟင်း ၁၀၀ နဲ့ ရောင်းပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံ ၅၀ တန်၊ ၂၀ တန် အဟောင်း လေးတွေ လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ပြီး လာဝယ်ရှာတဲ့ သူတွေကိုလည်း ဟင်းရော၊ ထမင်းရော ရောင်းပြီး ပေးသလောက် ယူပါတယ်" လို့ ဆိုပါတယ်။

ဟင်းတွေကတော့ အမယ်တော်တော် စုံပါတယ်။ ၀က်သားဟင်း၊ ၀က်ကလီစာ၊ ဆိတ်ခေါင်း၊ ဆိတ်ကြော၊ အမဲသား၊ ချဉ်ပေါင်ကြော်၊ အာလူးကြော်၊ အစိမ်းကြော်၊ ငါးပိကြော်၊ ငါးလေးဟင်း၊ ကြက်သား စတာတွေကို အသားဟင်း တစ်ပွဲ ၁၀၀၊ အသီးအရွက် ၅၀ နဲ့ရောင်းပါတယ်။

"ဟင်းတွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်အောင် မနက်ဆို ဈေးပေါင်ကျိုးလေးကို သွားတယ်။ ပြီးတော့ ဘယ်ဈေးလဲလို့ မေးလိုက်တယ်။ သူတို့က ဈေးကောင်းကောင်း (ဈေးကြီးကြီး) ပြောတယ်။ အဲဒီ လိုဆို ကျွန်မက တောင်းပန်ပြီး ကျွန်မ ရောင်းတဲ့နေရာလေးက ဆားစက်၊ ကျောက်စက်၊ အုတ်သဲကျောက် အထမ်းသမား၊ အလုပ်ကြမ်းသမားလေးတွေ ရှိတဲ့ အတွက်ကြောင့် ဆင်းရဲတဲ့ ရပ်ကွက် ကလေးဖြစ်တဲ့ အတွက်ကြောင့် သူတို့လေးတွေ မစားနိုင်မှာစိုးလို့ ဈေးရောင်းတဲ့ သူလည်း မရှုံးအောင် ကျွန်မကို ဈေးချိုတဲ့ နှုန်းလေးနဲ့ ရောင်းပေးပါဆိုပြီး အချိုသာ ဆုံးပြောပြီး ကိုယ့်ဟာကိုယ် ငရုတ်သီးထောင်းပြီး ဟင်းကောင်း ကောင်းလေး ချက်ပြီး ရောင်းပါတယ်။

"သူတို့တွေ ဖောဖောသီသီ လောက်လောက်ငင စားနိုင်အောင် ပိဿာလိုက် ၀ယ်ပြီး ချက်ပါတယ်။ တစ်နေ့ကို ၃,၀၀၀ ၀န်းကျင် လောက် မြတ်ပြီး ဟင်းတွေ ကျန်ရင်တော့ ကြီးမေငိုပြီး အိမ်ကို ပြန်ရတာပေါ့၊ သူတို့လုပ်ငန်းလေး အဆင်ပြေလို့ ဈေးထဲမှာ ဟင်း ကောင်းကောင်း သွားဝယ်စားရင် ကြီးမေ မရောင်းရဘူး။ သူတို့ လုပ်ငန်းလေး ပါးရှားရင်တော့ ကြီးမေ ကြီးဆိုင်မှာ ၁၀၀ ဖိုး ပေးပါ၊ ၅၀ ဖိုး ပေးပါနဲ့ လာတောင်းတယ်။

"တချို့လည်း မော်တော်ကားကြီးနဲ့ မြို့ထဲက လာပြီး ဟင်းကောင်းတယ် ကြားလို့ လာဝယ်စားကြတယ်။ တချို့က ဟင်း ၃၀၀ ဖိုး ၀ယ်တယ်။ ၅၀၀ တန် ပေးပြီး ၂၀၀ ကျန်တာ ပြန်အမ်းရင် မယူဘူး။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်မယ်ဆိုပြီး မုန့်ဖိုးပေးသွား တယ်" လို့ သူက ဆက်ပြောပါတယ်။

"အဲဒီလို လူမျိုးတွေကို ရောင်းရလို့ တစ်ခါတလေမှာ ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ၀ိုင်းရပါတယ်။

"တချို့လာဝယ်တဲ့ သူတွေထဲမှာ စီးစီး ပိုးပိုးလည်း ပါပါတယ်။ ကြီးမေက အများကြီး ထည့်ပေးတာတောင် တချို့က နည်းတယ်လို့ ထင်ပြီး ထပ်ထည့်ခိုင်းတယ်။နောက်တစ်ခုက လူတွေ အုံနေရင် လက်ကြီးက ငါးကြော်တွေ နှိုက်ခိုးတယ်။ အဲဒီအခါကျရင် တုတ် ကလေး ကောက် ပြီး အဲဒီခိုးတဲ့လက်ကို တောင်ခနဲ မြည်အောင် ခေါက်ရတယ်။ 'ဟဲ့ သူခိုး သူခိုး' လို့ မအော်ရက်ဘူး။ အဲဒီလောက်ထိ စေတနာကောင်းပါတယ်။ ပိုက်ဆံမပေးဘဲ ထွက်သွားတဲ့လူတွေ၊ မပေးဘဲနဲ့ ပေးတယ်ဆိုပြီး ငြင်းတဲ့လူတွေ၊ ပိုက်ဆံထက်ပိုင်းပြတ် ပေးတဲ့လူတွေ စတာတွေနဲ့လည်း ကြုံရပါတယ်" လို့ သူ့ရဲ့ထမင်းဆိုင်အတွေ့အကြုံတွေကို ဒေါ်လွင်လွင်မေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဘယ်မှာမဆို အကုန်လုံးက ချမ်းသာတဲ့လူမျိုးတွေ မဟုတ်ပါဘူး။ ထမင်းဟင်း ၅၀ ဖိုး၊ ၁၀၀ ဖိုးရောင်းတဲ့ နေရာတွေက ဟင်းဈေးကြီး ပေးဝယ်မစားနိုင်တဲ့ သူတို့ လို အလုပ်ကြမ်းသမားတွေအတွက် အထောက်အကူ ဖြစ်မှာပါ" လို့လည်း သူက ဆက်ပြောပြပါတယ်။

'လုံမေခင်' ထမင်းဆိုင်လေးကို စက်ဆန်း အေပီစီမှတ်တိုင်အနီး၊ သမိန်ပရမ်းလမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အားပေး သုံးဆောင် နိုင်ပါတယ်။
Ref:myanmartimenews

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ ဘေးကင်းမှုရှိမရှိ အခမဲ့ ဆက်သွယ်ပေးမည်

Monday, 28 March 2011 19:00

ရန်ကုန်၊ မတ် - ၁၈ မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံတွင် ဆွေမျိုးရှိသူများအား ငလျင်ဒဏ် ကြောင့် ဘေးအန္တရာယ်ကင်းမှု ရှိ၊ မရှိအား အခမဲ့ ဆက်သွယ်ပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံရှိ မိသားစုဝင်များထဲမှ ဂျပန် နိုင်ငံတွင် ဆွေမျိုးရှိသူများအနေဖြင့် မိမိတို့၏ ဆွေမျိုးများ ဘေးကင်းမှု ရှိ၊မရှိ သိလိုပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ယူနစ်သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အကူအညီတောင်းသူများ၏ မိသားစုဝင်များ ဘေးကင်းမှု ရှိ၊ မရှိ သိစေရန် ဘေးကင်းရန်ကွာရှိနေသူများ၏ စာရင်းတွင် ရှာဖွေပေးခြင်း၊ မိသားစုနှင့် အဆက်အသွယ် ပြတ်နေသူများအား မှတ်ပုံတင်ခြင်း၊ မိသားစုသတင်း ရရှိပါက သက်ဆိုင်သူများသို့ အကြောင်းကြားပေးခြင်း စသည်တို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဂျပန်ငလျင်ကြောင့် ဂျပန်နိုင်ငံရှိ ဆွေမျိုးများနှင့် အဆက်အသွယ် ပြတ်နေ သူများ၊ အကူအညီတောင်းလိုပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည် ဆက်သွယ်ရေး ယူနစ် ဖုန်း ၃၈၃၆၈၄၊ ၀၉၅၄၁၁၈၆၈ နှင့် ၀၉၈၆၂၇၇၉၆ သို့ရုံးချိန်အတွင်း ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးယူနစ်သည် နာဂစ် ဆိုင်ကလုံးမုန်တိုင်းတွင် လူဦးရေ ၄၄၇ အား မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးခဲ့ပြီး ကလေးသူငယ် ၁၂ ဦးအား မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးခဲ့သည်။ ထို့အပြင် ဂီရိဆိုင်ကလုန်းမုန်တိုင်းတွင် လူဦးရေ ၂၃ ဦးအား မိသားစုနှင့် ပြန်လည်အဆက်အသွယ် ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Ref: 7 Day News

Monday, March 28, 2011

ကမ္ဘာပျက်မယ့်နေ့ နဲ့ ဥက္ကာပျံ အန္တရာယ်

By Khin Myo Thet စနေ, 05 မတ် 2011
This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005
ဓာတ်ပုံ AP
This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005)

သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။   လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်းက ပြင်သစ်နိုင်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့  နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမ္ဘာပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။
သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့  Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။
အဲဒီနေ့မှာ Galactic allignment  လို့ခေါ်တဲ့ နဂါးငွေ့တန်း ဗဟိုယာဉ်စွန်းတန်းနဲ့  နေရဲ့ ပတ်လမ်းကြောင်းဟာ တတန်းထဲရှိနေတာမို့  ဆွဲအားတွေ သိပ်များပြီး နေကရွေ့လျားသွားမလားလို့ ပူပင်သူတွေ ရှိကြပါတယ်။  ကမ္ဘာ့ လူသားတွေဟာ နေမိသားစုထဲမှာ နေကိုအားကိုးနေထိုင်သူတွေမို့ နေရွေ့  သွားခဲ့ရင် ဂြိုဟ်တွေပါ ပရမ်းပတာ ဖြစ်ပြီး  အားလုံး ကစဉ့်ကလျားဖြစ်မှာကိုစိုး ကြတာပါ။  ဒါ့ပြင် အဲဒီနေ့မှာ ဂြိုဟ်တွေ တတန်းထဲ ရှိမှာမို့ စိုးရိမ် သူတွေ အတွက်လည်း ဒါဟာ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်တခုလို့ ဆိုပါတယ်။
ဥက္ကာပျံကြီးတွေ ၀င်တိုက်လို့ ပျက်စီးမယ့် အရေးပူပန်နေသူတွေလည်းရှိပါတယ်။
ဥက္ကာပျံ ကို ၃မျိုးခွဲခြား နိုင်ပြီး  အင်္ဂါဂြိုဟ်နဲ့  ကြာသပတေးဂြိုဟ်ကြားမှာ ပျံ့နှံနေတဲ့  ကျောက်အစိုင်အခဲကြီး တွေကိုတော့ Asteroids လို့ခေါ်ပါတယ်။  သူတို့ဟာ အကျယ်အ၀န်း ၂မိုင် ၃မိုင်လောက် ထိအောင် ကြီးကြီး မားမား ရှိတတ်ပါတယ်။  အဲဒီထဲက တချို့ကျောက်စိုင်ကျောက်ခဲတွေ ကမ္ဘာ့လေထုထဲဝင်လာတာ ဒါမှမဟုတ် တခြားဂြိုဟ်က ကျောက်စိုင်ကျောက်ခဲတွေ ၀င်လာတာမျိုးမှာ  လေရဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး ကျတာ မျိုးကိုတော့  ကြယ်ကြွေတာ ဒါမှမဟုတ် Meteor လို့ ခေါ်ပါတယ်။   နောက်တမျိုးကတော့ ကမ္ဘာကို ဘဲဥပုံပတ် နေတဲ့  ရေခဲတွေနဲ့ ဖွဲ့စည်းထားတဲ့  Comet ပါ။  Meteoroids နဲ့ Comet တွေကတော့ အန္တရာယ် မရှိလှပါဘူး။
၁၉၉၄ခုနှစ် က အလွန်ကြီးမားတဲ့ Asteroids လို့ခေါ်တဲ့  ဥက္ကာပျံ ဟာ ကြာသပတေး ဂြိုဟ်ပေါ် ကျရောက်ခဲ့ ပါတယ်။  ကြာသပတေး ဂြိုဟ်ဟာ ဆွဲငင်အားအလွန် ပြင်းထန်တာမို့  ဥက္ကာပျံဟာ အပိုင်း ၂၄ပိုင်းကွဲပြီး ကျရောက်ခဲ့တာပါ။  တချို့ အစိုင်အခဲတွေဟာဆို ကမ္ဘာ ပမာဏလောက်ရှိနေပါတယ်။
ဒီလောက်ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမ္ဘာကို ကျရောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။  သူတို့က ဒိုင်နိုဆော လို သတ္တ၀ါကြီးတွေကို မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာပါ။  ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို ဥက္ကာပျံ ကျရောက်မှုတွေမှာ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေထားရှိလာမယ် ဆိုရင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA က  နှစ်နဲ့ချီပြီး ကြိုတင် သတိပေးမှာဖြစ်ပါ တယ်။
နေစင်္ကြာဝဌာရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း လေးထောင့် ငါးရာရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက်ထပ်ပြီး နေနိုင်ပါသေးတယ်။  ဒီသက်တမ်းအတွင်း ဥက္ကာပျံတွေ ကျရောက်မှု ရှိနိုင်ပေမယ့် ကြာသပတေးဂြိုဟ်နဲ့  စနေဂြိုဟ်တွေ လို ဆွဲအားသိပ်ပြင်းထန်တဲ့  ဂြိုဟ်တွေက  ဥက္ကာပျံတွေရဲ့ ရန်တွေကနေ ကမ္ဘာကို အကာအကွယ်တွေပေး နေပါတယ်။
Ref:voanews

ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေတဲ့ ဂျပန်ငလျင်ဂယက်

တနင်္လာ, 21 မတ် 2011 By အောင်လွင်ဦး

မတ်လ ၂၁၊ ၂၀၁၁-ငလျင်နဲ့ ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံက စီးပွားရေး ပြဿနာတွေဟာ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်း ရိုက်ခတ် နေပါတယ်။

"ကပ်ဘေးဒဏ်က ရလာတဲ့ အကျိုးဆက်တွေကြောင့် ဂျပန်နိုင်ငံမှာ စီးပွားရေး နှောင့်နှေးမှုတွေ ရှိလာမယ်ဆိုရင်၊ ဒါက နိုင်ငံတကာ စီးပွားရေးမှာလည်း ရိုက်ခတ်လာမှာပါ။"

ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက အဆိုးရွားဆုံးအဖြစ် သဘာဝကပ်ဘေးဒဏ်နဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ တိုင်းပြည် စီးပွားရေးသာမက ကမ္ဘာနဲ့အ၀န်း ရိုက်ခတ်လာနေပါတယ်။ ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရပြီးနောက်ပိုင်း အစိုးရက စီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့ ကြားကပဲ အခြေအနေတွေဟာ တိုးတက်မှု သိသိသာသာ မမြင်ရနိုင်ပဲ ဖြစ်နေတာပါ။ ဂျပန်နိုင်ငံက အကျပ်အတည်းတွေအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မြန်မာနိုင်ငံ အပါအ၀င် တခြားစီးပွား ကုန်သွယ်ဖက်တွေအပေါ် ဘယ်လို ဂယက်တွေ ရိုက်ခတ်နေလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြင်းအား ၈.၉ ရှိတဲ့ ငလျင်နဲ့အတူ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရ ပြီးတဲ့နောက် ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဖြစ်လာရတာပါ။ နောက်ဆက်တွဲ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပေါက်ကွဲမှုတွေ ဖြစ်လာတာကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ထိခိုက်မယ့်အရေး စိုးရိမ်မကင်းစရာတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံက ထုတ်ကုန်တွေကို ကမ္ဘာတ၀န်းက ၀ယ်ယူသုံးစွဲနေသလို၊ ကမ္ဘာတ၀န်း နိုင်ငံတွေကလည်း ကုန်ပစ္စည်းတွေကို တင်ပို့ရာ တိုင်းပြည်တခု ဖြစ်တာမို့ ကုန်သွယ်ဖက် နိုင်ငံတွေအတွက် ဒီလို အခြေအနေတွေဟာ ထိခိုက်စရာတွေ ဖြစ်လာနိုင်တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က ဂျပန်ရေးရာ ကျွမ်းကျင်သူ နစ်ကိုလတ်စ် ဇေချေညီ (Nicholas Szechenyi) က ပြောပါတယ်။
“ဂျပန်နိုင်ငံရဲ့ စီးပွားရေးက ပြည်ပို့ကုန် လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုတွေ အပိုင်းမှာဆိုရင် အာရှ-ပစိဖိတ် ဒေသထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေယုံသာမက ကမ္ဘာနဲ့အ၀န်း ကုန်ထုတ်လုပ်မှုနဲ့လည်း ဆက်နွယ်နေတာပါ။ နိုင်ငံတကာ စီးပွားရေးမှာ ကမ္ဘာနဲ့အ၀န်း ဆက်နွယ်မှုတွေကို ပြောမယ်ဆိုရင်တော့ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းပိုင်းက ထုတ်လုပ်မှု အပိုင်းတွေကို ပြောရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်မှ အသေးစိတ်ကျတဲ့ စနစ်တရပ်ဖြစ်ပြီး၊ ကပ်ဘေးဒဏ်က ရလာတဲ့ အကျိုးဆက်တွေကြောင့် ဂျပန်နိုင်ငံမှာ စီးပွားရေး နှောင့်နှေးမှုတွေ ရှိလာမယ်ဆိုရင်၊ ဒါက နိုင်ငံတကာ စီးပွားရေးမှာလည်း ရိုက်ခတ်လာမှာပါ။”

A man walks past a screen displaying stock prices in Tokyo, March 15, 2011
ဓာတ်ပုံ - ရိုက်တာစ်
ရင်းနှီးမြုပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေနဲ့အတူ ဂျပန်နိုင်ငံရဲ့ အစုရှယ်ယာဈေးတွေလည်း ထိုးကျခဲ့တာပါ။

ဂျပန်အစိုးရ ဗဟိုဘဏ်ကတော့ ဒီအခြေအနေတွေကို တားဆီးနိုင်ဖို့အတွက် ဘဏ္ဍာရေး စနစ်ထဲကို ဒေါ်လာငွေ သန်းပေါင်း ၂၅၀,၀၀၀ အထိ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူပေါင်းထောင်သောင်းချီ သေဆုံး ပျောက်ဆုံးမှုတွေ နောက်ဆက်တွဲ နျူကလီးယား ဓာတ်အားပေး စက်   ရုံတွေမှာ ပေါက်ကွဲမှုတွေ ကြုံရတဲ့အတွက်လည်း ဂျပန်နိုင်ငံ စီးပွားရေးအတွက် နောက်ထပ် ထိုးနှက်ချက်တွေ ဖြစ်ခဲ့ရတာပါ။ ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရပြီးတဲ့နောက် စက်ရုံတွေ ပိတ်ထားရတဲ့ အတွက်လည်း ဂျပန်နိုင်ငံမှာ အဓိကသုံးစွဲနေတဲ့ နျူကလီးယားစွမ်းအင် ပြတ်လပ်မှုတွေကြောင့် စက်ရုံအလုပ်ရုံတွေ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ထိခိုက်မှာ စိုးရိမ်ကြတဲ့ ရင်းနှီးမြုပ်နှံသူတွေက တိုကျိုစတော့ခ် ဈေးကွက်မှာ ရှယ်ယာတွေ ထုတ်ရောင်းကြလို့ ဂျပန် Nikkei အညွှန်းကိန်းဟာ ဆိုရင်လည်း ၁၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျခဲ့ပါတယ်။
တိုကျိုမြို့က ဂျပန်စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ တာကူကီ အိုကူဘို (Takuki Okubo) ကတော့ ကုန်ထုတ်လုပ်မှုကို အားထားတဲ့ ဂျပန်လို နိုင်ငံမျိုးမှာ စွမ်းအင်ပြတ်လပ်မှုဟာ စီးပွားရေးအတွက် တကယ့် ပြဿနာ တခုလို့ မြင်ပါတယ်။
“အကြီးမားဆုံး အန္တာရာယ်ကတော့ စွမ်းအင်လို့ပဲ ကျနော်ပြောရမှာပါ။ ဂျပန်နိုင်ငံ အနေနဲ့ ရေရှည်သဘောမျိုး ဆိုပါစို့၊ တနှစ်လောက် စွမ်းအင် ထုတ်လုပ်မှုမှာ ရာခိုင်နှုန်း ၁၀-၂၀ လောက်            ဆုံးရှုံးရမယ်ဆိုရင်၊ စီးပွားရေးအပေါ်မှာ အနှုတ်လက္ခဏာ ကြီးကြီးမားမား ပြလာလိမ့်မယ် ထင်ပါတယ်။”
ပြည်ပတင်ပို့မှုတွေ ကျဆင်းလာတာ၊ ပြည်တွင်း ၀ယ်ယူသုံးစွဲမှုတွေ အားနည်းလာတာတွေနဲ့အတူ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တိုင်းပြည်အဖြစ်ကနေ တဆင့်နိမ့်ကျခဲ့တဲ့အထိ ကြုံခဲ့ရတာကို အစိုးရရဲ့ ဖေဖော်ဝါရီလ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ ကပ်ဘေးဒဏ် ခံခဲ့ရပြီးတဲ့ နောက်မှာလည်း ဂျပန်နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ကြလို့ စိုးရိမ်စရာတွေ ဖြစ်နေရတာပါ။ ကားထုတ်လုပ်တဲ့ စက်ရုံတွေဟာ ဆိုရင်လည်း ထိခိုက်ပျက်စီးမှုတွေ မကြုံရတဲ့တိုင်အောင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြရပါတယ်။

ဓာတ်ပုံ - ရိုက်တာစ်
ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ပျက်စီးမှုကြောင့် စွမ်းအင်ပြတ်လပ်မှုတွေ ကြုံနေရတာပါ။

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တခုဖြစ်တဲ့ Credit Suisse Securities က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မဟာဗျူဟာမှူး တဦးဖြစ်တဲ့ ရှင်အိချိ အိချိကာဝါ (Shinichi Ichikawa) ကတော့ တနိုင်ငံလုံးရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်နေတဲ့ အကျိုးဆက်တွေဟာ တိုင်းတာလို့ မရနိုင်လောက်အောင်ပဲလို့ ဆိုပါတယ်။
“သက်ရောက်မှုတွေဟာ အတော်ကို တိုးလာနေတယ် ဆိုတာကတော့ သိကြတဲ့အတိုင်း၊ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် တခုတည်း မဟုတ်ပါဘူး၊ တိုကျိုမြို့တော်မှာလည်း ကြုံနေရတာပါ။ တိုကျိုမှာရှိတဲ့ အခြေခံအဆောက်အုံ တချို့ဆိုရင်လည်း တော်တော်ကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငလျင်ကြောင့် စီးပွားရေးအပေါ် ဘယ်လောက်အထိ ဂယက်ရိုက်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။”
အဆင့်မြင့် လက်ကိုင်ဖုန်းတွေကအစ အိတ်ဆောင် ကွန်ပြူတာတွေအဆုံး အသုံးပြုနေကြတဲ့ အချက်အလက် သိမ်းဆည်းနိုင်တဲ့ flash memory အပါအ၀င် ကမ္ဘာတ၀န်း လျှပ်ကူးပစ္စည်း ထုတ်လုပ်မှုတွေရဲ့ ၅ ပုံ ၁ ပုံ ထွက်တဲ့ ဂျပန်နိုင်ငံက လုပ်ငန်းတွေမှာလည်း ထိခိုက်မယ့် အရေးနဲ့ ကြုံနေရတာပါ။ အဓိက စီးပွားရေး လုပ်ငန်းဖြစ်တဲ့ မော်တော်ကား ထုတ်လုပ်မှုမှာလည်း ကုမ္ပဏီ အတော်များများက မတ်လ တတိယပတ်လောက်အထိ လုပ်ငန်းတွေကို ရပ်ထားရမှာ ဖြစ်တဲ့အကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ကြုံနေရတဲ့အတွက် ကမ္ဘာတ၀န်းက ကားထုတ်လုပ်မှု လုပ်ငန်းတွေ၊ သင်္ဘောတည်ဆောက်မှု လုပ်ငန်းတွေနဲ့ နည်းပညာ ကုမ္ပဏီတွေ အနေနဲ့လည်း ကုန်ပစ္စည်း ပြတ်လပ်မှုတွေ မကြုံရစေဖို့ ကြိုးပမ်းနေကြရတာပါ။
ဒီလိုပဲ ဂျပန်ကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ကြားမှာလည်း စိုးရိမ်မကင်းစရာတွေ ဖြစ်နေကြပါတယ်။ ဂျပန်နိုင်ငံကို အဓိက တင်ပို့ပေးနေတဲ့ အ၀တ်အထည် အပါအ၀င် တခြားစီးပွားရေး လုပ်ငန်းတွေမှာ လတ်တလော အပြောင်းအလဲတွေ မရှိသေးပေမဲ့ အခြေအနေတွေဟာ ရေရေရာရာ မပြောနိုင်ပဲ ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုး ကပြောပါတယ်။
“ဂျပန်ကိုပို့တာ ကျနော်တို့ အ၀တ်ထည်က အများဆုံး၊ အ၀တ်ထည်ပြီးရင် ဖိနပ်တွေ၊ ဖိနပ်လည်း ကျနော်တို့ အထည်ချူပ်ပါပဲ၊ ပြီးရင် ဒုတိယက ရေလုပ်ငန်း၊ ခုချိန်တော့ ပြောရတာနည်းနည်းခက်တယ်ဗျ၊ ကိုယ့် Counterpart (စီးပွားဘက်) တွေကလည်း ဘာမှမပြော လာသေးတော့ ကျနော်တို့ကတော့ လုပ်မြဲတိုင်းလုပ်၊ သွားမြဲတိုင်းသွား လုပ်နေကြတာပေါ့။ ဘာဖြစ်လာမယ်ဆိုတာ ခုချိန် ဘယ်လိုမှမှန်းလို့မရဘူးပေါ့၊”

ဓာတ်ပုံ - ရိုက်တာစ်
ကပ်ဘေးဒဏ်ကြောင့် ပြည်ပသွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်နေပါတယ်။

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ရပ်ဆိုင်းထားရတဲ့အတွက် ပုံမှန်လျှပ်စစ်ဓာတ်အား ပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို လျှော့ချပေးနေရတာကြောင့် စီးပွားရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရသလို၊ လောင်စာဆီ ပြတ်လပ်မှုဟာလည်း ကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်ရေးမှာ အဟန့်အတားတွေ ဖြစ်နေရတာပါ။ ဒီလို စွမ်းအင်နဲ့ လောင်စာ ပြတ်လပ်နေတာတွေ၊ လမ်းပမ်း ဆက်သွယ်ရေးလို အခြေခံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှု တခုလုံးမှာလည်း ကျဆင်းလိမ့်မယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့လည်း ထိခိုက်ပျက်စီးမှုတွေ             ဆုံးရှုံးမှုတွေကို ပြန်လည်မွမ်းမံ တည်ဆောက်နိုင်တာနဲ့အမျှ၊ ဒုတိယကမ္ဘာစစ် ကာလကစလို့ ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး ကြုံနေရတဲ့ လက်ရှိအခြေအနေတွေကနေ ရုန်းထွက်နိုင်မယ့် အလားအလာတွေကလည်း ရှိနေဆဲဖြစ်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ယုံကြည်ထားကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။
Ref:voanews

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ

Wednesday, November 3, 2010

 



ငှက်ပျောသီးအခွံ (banana peel)
ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။

ကြက်သွန်ဖြူ (Garlic)
ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။

ရှောက်သီး၊ သံပုရာသီး အမျိုးဝင်အသီးများ (Citrus)
လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ပင်  ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။

ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and other squashes)
သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာအကျိုးဖြစ်ထွန်းစေသလို၊ အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက် ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။ 

အာလူး (Potatoes)
အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာပါရှိတယ်လို့ သိရပါတယ်။ 

Rest of your post
အကျဉ်းမျှသာ..


Tuesday, November 2, 2010

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံ




http://www.simplyclassicfruitbaskets.com/pic/fruit_festival_home.jpg

သစ်သီဝလံ များရဲ့ အခွံဟာ သင့်ရဲ့ အဟာရတွေကို ပိုမိုဖြစ်စေပါတယ်။ အခွံကိုစားခြင်းဖြင့် သင့်ရဲ့ စွမ်းအင်တွေကို ပိုမိုဖြစ်ထွန်းစေသလို ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်ပါတယ်။ အစားနဲ့ ကျန်းမာရေး Royal အဖွဲ့အစည်းမှ ဥက္ကဌဟောင်း ဖြစ်ခဲ့သူ ဒေါက်တာ Marilyn Glenville က သစ်သီးဝလံများနဲ့ ဟင်းသီးဟင်ရွက်တိုင်းမှာ သဘာဝတရားကပေးထားတဲ့ ရောဂါများကို တိုက်ဖျက်ဖို့အကျိုးဖြစ်ထွန်းစေတာတွေ ပါရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ တခါမဟုတ်သလို တန်ဖိုးရှိတဲ့ အခွံတွေကို လွင့်ပစ်နေကြပါတယ်။ အညှာအပွင့်က အစ သစ်သီးများရဲ့ အူတိုင် အထိ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အရာတွေပါရှိနေပါတယ်။ (ဥပမာ - ပဒိုင်းသီးလို အသီးမျိုးထင်တယ် ဟဲဟဲ)အခုဒီမှာပြောခြင်တာကတော့ သင့်အနေနဲ့ အခွံကိုပါမလွင့်ပစ်ဘဲ အကုန်လုံးကို စားဖို့ တိုက်တွန်းလိုက်ပါတယ် လို့

ဒေါက်တာ Marilyn Glenville ပြောကြားခဲ့ပါတယ်။ (ဒူးရင်းသီး ဆိုရင်တော့လား) 

ကီဝီသီး (Kiwi fruit)
ကီဝီသီး ရဲ့အခွံမှာ အမွှေးပါးလေးများပါရှိပါတယ်။ antioxidants (အောက်စီဂျင်ဖြင့်ပါဝင်ပေါင်းစပ်) တဲ့အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသလို၊ ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ နာကျင်ကိုက်ခဲမှုများကို လျော့ကျခြင်း နှင့် allergenic (အလက်ကြိတ်)များမဖြစ်အောင် တားစီးနိုင်ခြင်း များပါဝင်နေတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးပေါင်းများစွာကိုလည်း တိုက်ဖျက်နိုင်သလို ဖျားနာခြင်းများကို၎င်း၊ E-coli ဘက်တီးရီးယား နဲ့ အစာအဆိပ်တောက်ခြင်းများကိုလည်း တားစီးနိုင်ပါတယ်။


နာနတ်သီး (Pineapple)
နာနတ်သီးကို အခွံပါစားရမယ် ထင်ပြီး မကြောက်လိုက်ပါနဲ့ အခွံကိုတော့ မစားခိုင်းပါဘူး လွင့်ပစ်လိုက်ပါ။  အလယ်အူတိုင်ကိုစားဖို့အတွက် ပြောတာပါ။ နာနတ်သီးနှင့် အူတိုင်ကို စားခြင်းအားဖြင့် သင့်ခရီးသွားလို့ ပင်ပမ်းနွမ်းနယ်ပြီး အားအင်တွေ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးသလို ဗီတာမင် စီ ဓါတ်ကိုလည်းရရှိစေပါတယ်။ ခန္ဓာကိုယ်အတွင်း၌ အစာခြေ၊ ချက်မှု စသည့် လုပ်ငန်းများအတွက် သက်ရှိကလာပ်စည်း တချို့က ထုတ်ပေးသည့်) ဓာတ်ပြောင်းအကူဒြပ်။ အင်ဇိုင်း များအတွက်များစွာအကျိုးဖြစ်ထွန်းခြင်း အစာခြေမှု့ကို ပိုမိုအားကောင်းစေခြင်းတို့ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အစာခြေဖျက်မှု့ပိုကောင်းတာဖြစ်တယ်လို့  ဒေါက်တာ Glenville ဆိုပါတယ်။


ပန်းဂေါ်ဖီအစိမ်း (Broccoli)
ဒါကတော့ အရိုးရောအရွက်တွေပါ ဝါသနာပါရင် ထည့်ပြီး ကြော်ခြင်ကြော် ချက်ခြင်ချက် လို့ရပါတယ်။ သူကတော့ ကယ်လ်စီယံဓါတ်ကို မြင့်မားစွာရရှိစေပါတယ်။ (ကယ်လ်စီယံ ကွေကာ သောက်စရာမလိုဘူးပေါ့) နောက်ပြီး ဗီတာမင် စီ ဓါတ် ကိုလည်းရရှိစေပါတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်စေတယ်လို့လည်း ကျွန်တော်မျှဝေခဲ့ဘူးပါတယ်။ ဒီတော့ အရိုးအညှာတွေ အရွက်တွေကို ဝက် စာထဲမထည့်မဲ့အစား ကိုယ်ဘဲစားလိုက်။

အခြားအသီးတွေအကြောင်း ဆက်ဖော်ပြပါမည်။

အကျဉ်းမျှသာ..

Sunday, March 27, 2011

ငါးငရုတ်သီးဟင်း


ပါဝင်သော ပစ္စည်များ
- ငါးဖယ်ခြစ် တစ်ဆယ်ကျပ်သား
- စပါးလင် အနေတော်တစ်ပင်
- ကြက်သွန်ဖြူ ဥတစ်လုံး ငါးတက်
- ကြက်သွန်နီ နှစ်လုံး
- နံနံပင် အနည်းငယ်
- ငရုတ်သီး အစိမ်းတောင့် အတောင့် ၂၀ လောက်
ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဆုံး လုပ်ရမှာက ငါးဖယ်ကို ခါတိုင်းလိုပဲ ဆားနဲ့ ချင်းထည့်ပြီး မာနေအောင်
ထောင်းထားရမယ်။ ပြီးရင် စပါးလင်နဲ့ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်း၊
ကြက်သွန်နီကိုလည်း သီးသန့် ထောင်းထား၊ ငရုတ်သီးစိမ်းကိုလည်း ညက်နေအောင်
ထောင်းထားရပါမယ်။
စချက်ပြီးဆိုရင်တော့ ထုံးစံအတိုင်း ဆီနည်းနည်း အရင်ထည့်ပါမယ်။
ဆီဆူလာရင် နနွင်းမှုန့်လေး နည်းနည်းထည့်မယ်။ အရောင်တင်မှုန့် သုံးမှာမဟုတ်လို့
နနွင်းကိုတော့ ပုံမှန်ဟင်းတွေထက် နည်းနည်းလေး ပိုထည့်ရပါမယ်။
အရင်ဆုံး စထည့်မှာကတော့ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ စပါးလင်ပါ။ စပါးလင်နဲ့
ကြက်သွန်ဖြူ နံ့လေးသင်းလာပြီ ဆိုတာနဲ့ ကြက်သွန်နီ ထပ်ထည့်ပါမယ်။ ကြက်သွန်နီလေး
ရဲလာပြီဆိုရင်တော့ ငါးဖယ်ထည့် ရပါတော့မယ်။
ထောင်းထားတဲ့ ငါးဖယ်ကို လက်သည်းခွံသာသာ အတုံးလေးတွေ ဖြစ်အောင် ဆီထဲကို
အတုံးသေးသေးလေးတွေအဖြစ် ဖဲ့ထည့်နေမှာမို့လို့ မီးအနေအထားကို လျှော့လိုက်
တင်းလိုက်လုပ်ရင်းက မွှေလည်းမွှေပေးရပါဦးမယ်။
ထောင်းထားတဲ့ ငါးဖယ်တစ်ဆယ်သား အကုန်လုံး အိုးထဲရောက်သွားပြီဆိုရင်တော့
ငါးဖယ်တုံးလေးတွေ တင်းသွားအောင် ဆက်တိုက်မွှေပေးပါ။ ပြီးရင် ငံပြာရည် အနည်းငယ်ကို
လောင်းထည့်လိုက်ပြီ အနံ့ပျောက်တဲ့ထိ မွှေပေးရပါမယ်။
ပြီးတော့မှ ဒီဟင်းရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ငရုတ်သီးစိမ်းထောင်းကို ထည့်ပြီး
ငရုတ်နံ့လေး မွှေးလာအောင် မွှေပေးလိုက်ပါ။
ငံပြာရည်နံ့လေး ပျောက်သွားပြီး စပါးလင်နံ့နဲ့ ငါးဖယ်နံ့လေး မွှေးလာပြီဆိုရင်တော့
ရေနွေးအဖြူထည်လေး နည်းနည်းလောင်းထည့်လိုက်ပါ။ ရေနဲ့ဆီ ဆူသွားအောင် အဖုံးလေး
ခဏအုပ်ထားလိုက်ပြီးရင်တော့ ဆီပြန်ကြိုက်သူတွေက ဆီပြန်အောင်ထား၊ ဆီကျန်
ရေကျန်ကြိုက်သူတွေက ဆီကျန် ရေကျန်လေးထားပြီး မီးလျှော့လိုက်လို့ ရပါပြီ။
နောက်ဆုံးမှာ ရေဆေးသန့်စင်ထားတဲ့ နံနံပင်လေး အုပ်လိုက်ပါ။
Ref: 7 Day News


ရေသတ္တဝါများ (Seafood and fresh water fishes)

ရေသတ္တဝါများ
-ကမာ =Oyster
-ကနုကမာ =Scallops
-ကကတစ် = Giant sea perch @ Bectic
-ကကူရံ (ငါးလက်ခွါ) = King fish @ Tasselfish
-ကဘီးလူး = Blue grey mullet
-ကသပိုး = Bar- eyed goby
-ကင်းမွန် = Squid
-ကဏန်း=Crab
-ကျောက်ပုဇွန် = Lobster
-ကျော်စံကွေး =Small frog
-ခုံးကောင် =Clam
-ခုံးတခြမ်း = Abalone
-ခရု= Winkle
-ငါးကျည်း= Sccobranch catfish @ Scorpian catfish
-ငါးကျည်းခြောက်=Smoked Sccobranch catfish
-ငါးကြင်း=mrigal
-ငါးကွန်းရှပ်=Thunnus tonggol
-ငါးခူ=Catfish
-ငါခုံးမ=Barb
-ငါးစင်ရိုင်း=Striped dwarf catfish
-ငါးတန်=Striped cat fish
-ငါးမြင်း=Mekong
-ငါးနုသန်း=Whisker sheatfish@ pagoda fish
-ငါးနီတူ=Commerson’s anchovy
-ငါးပနော=Great snake head fish
-ငါးပါးနီး=Humpback red snapper
-ငါးပုဏ္ဍား=Mango fish
-ငါးပုတ်သင်(ငါးဖယ်အတု)= Soldier croaker
-ငါးပြေမ=Climbing perch
-ငါးဖောင်ရိုး=Garfish
-ငါးဖန်းမ=Carplet
-ငါးဖယ်=Featerback
-ငါးဖယ်အောင်း=Smelt @ Siamese River abramine
-ငါးဘဲဖြူ=Longfin mogarra
-ငါးဘတ်=Great white sheatfish
-ငါးမွေထိုး=Spotted spingeel
-ငါးမုတ်ဖြူ=Sliver
-ငါးမန်း=Shark
-ငါးမြစ်ချင်း=Rohu
-ငါးရံ့=Striped snakehead
-ငါးရှဥ့်=Eel
-ငါးရွှေ=Yellow pike conger
-ငါးသလဲထိုး=Loach
-ငါးသလောက်ယောက်ဖ=Toli shad
-ငါးသလောက်=Hilsa
-ငါးသံချိတ်=Dwarf catfish
-ငါးသိုင်း=Rohita carp
-ငါးသိုင်းဂေါင်းပွ=Catla
-ငါးမြင်းအုက်ဖား=Flat headed catfish
-ပုဇွန်ကြား=Tiger prawn
-ပုဇွန်ချဉ်=Pickled shrimps
-ပုဇွန်ဆိတ်=Shrimp
-ပုဇွန်လုံး=Land crab, fresh water crab
-ပင်လယ်ယောက်သွား=Sea mussel
-ပြည်ကြီးငါး=Cuttlefish
-ပြည်ကြီးမျော့=Sea cucumber
-ပလာတူးငါး=Short body mackeral
-ရေခူ=Jellyfish

ဝက်သားရွှေပဲသီးဟင်း

Saturday, 19 March 2011 00:50 | 
ပါဝင်ပစ္စည်းများ
ဝက်သား
ရွှေပဲသီး
ငရုတ်သီးတောင့်ရှည်
ဆန်အရက်
ပဲငံပြာရည်
ဆီမွှေး
ကော်မှုန့်

ပြုလုပ်ပုံအဆင့်ဆင့်

ဝက်သားနဲ့ ရွှေပဲသီးကို သန့်စင်ပြီး အရွယ်တော် လှီးထားပါ။ ငရုတ်သီးတောင့်ရှည်ကို
အတောင့်လိုက် ရေဆေးပါ။ ပြီးရင်ဝက်သားကိုပန်းကန်ထဲ ထည့်ပြီး ဆန်အရက်၊ ပဲငံပြာရည်နဲ့
ဆီမွှေးအနည်းငယ်ထည့်ပြီးရောနယ်ပါ။ ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင်
ဝက်သားကိုထည့်ကြော်ပါ။ ပြီးရင် ရေနဲ့ ဖျော်ထားတဲ့ ကော်မှုန့်အနည်းငယ်ကို
ထည့်ပြီးမွှေပါ။ ရွှေပဲသီး၊ ငရုတ်သီးတောင့်ရှည်တို့ကို ကြက်သားမှုန့်ထည့်ပြီး ကြော်ပါ။
နှစ်မိနစ်လောက်ကြာရင် ဆီမွှေးနဲ့အရက် အနည်းငယ်ထည့်ပြီးရင်တော့ မစပ်ဘဲ
ငရုတ်သီးနံ့သင်းတဲ့ ဝက်သားရွှေပဲသီးဟင်း အချိုချက်ကို သုံးဆောင်နိုင်ပါပြီ။
Ref: The Myanmar Times

iPhone အတွင်း Worm အသစ်ထပ်မံတွေ့ရှိ

ယခုထပ်မံထွက်ပေါ်လာတဲ့ iPhone worm ဟာ ယခင်ထက်ပိုမိုအန္တရာယ်များပြီး ကွန်ပျူတာအတွင်းဝင်ရောက်ပျံ့ပွားသော PC botnet များကဲ့သို့ command- and- control ကိုအသုံးပြုထားကြောင်း သိရှိရပါတယ်။ ယခင်ပျံ့နှံ့ ၀င်ရောက်သော worm များဟာ jailbroken iPhone များ၏ wallpaper များ ပြောင်းလဲခြင်းပြုလုပ်ရုံမျှသာရှိပေမယ့် ယခု worm ကတော့ ဖုန်းအတွင်းအရေးကြီးသတင်းအချက်အလက်များကိုပါခိုးယူနိုင်ကြောင်း သိရှိရပါတယ်။
ယခုဝင်ရောက်ပျံ့နှံ့နေသော worm ဟာ iPhone နှင့် iPod Touch အတွင်းမှာသာဖြစ်ပြီး ဟက်ကာများမှပို့လွှတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ထို worm အား script နှစ်မျိုးခွဲခြားရေးသားထားပြီး တစ်မျိုးဟာ ထို worm  ရှင်သန်နေထိုင်ရန်ဖြစ်ပြီး နောက်တစ်မျိုးကတော့ Lithuanian ဆာဗာနှင့်ချိတ်ဆက်ပြီး data များခိုးယူခြင်းပဲဖြစ်ပါတယ်။
ယခုဝင်ရောက်တိုက်ခိုက်သော worm ဟာ နယ်သာလန်ရှိ UPC ကုမ္ပဏီသြစတြေးလျရှိ Otus ကုမ္ပဏီ T-Mobile နှင့်အခြား ISP များအတွင်းပျံ့နှံ့ကြောင်း ထို worm ဟာ Wi-Fi ကွန်ရက်အတွင်း မြန် ဆန်စွာပျံ့နှံ့နိုင်ကြောင်း သိရှိရပါတယ်။ ထို worm ၀င်ရောက်လာပါက ဖုန်းအတွင်း Firmware များကို update ပြုလုပ်သင့်ပြီး ကာကွယ်သင့်ကြောင်း လုံခြုံရေးဆိုင်ရာသုတေသီတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
source:mminternetjournal

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း


တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
Download Links:

Ref:Ref: mediasection/www.planetcreator.net & World wide myanmar
from IT reshare site

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!