Popular Posts!

Thursday, May 31, 2012

Tim Hartley for Davines on Top Hair International Trend and Fashion Days 2009

DAVINES (အီတလီ) က ကမ္ဘာကျော် Hairstylelist Tim Hartley ရဲ့၂၀၀၉ ကTop Hair Internation ပြပွဲမှာ Hairstyling နည်းပညာပေးလေးကိုကြည့်လိုက်ပါအုံး! နှစ်တိုင်းပြပွဲတွေရှိပါတယ်၊ Hairstyling က နှစ်တိုင်းနည်းအသစ်တွေထွက်ကျတော့ လေ့လာသင်ယူလို့မပြီးနိုင်ပါဘူး!



ဒါက သူရဲ့ပင်ရင်း Web=>>>http://news.davines.com/en/

BED HEAD STYLING

ဒါက အခုတလောခေတ်စားနေတဲ့ Men Hairstyle တွေထဲက Bed Head ရဲ့ Styling အသစ်လေးဘဲ?
အခုနှစ်ပိုင်းမှာခေတ်စားခာသော အမွှေးရနံ့ တွေဖြစ်တဲ့ Bed Head က အသီးအနှံတွေနှင့် အခုအသစ်က ချိုချဉ်ရနံ့တွေများပါတယ်၊ အခုခေတ်ပေါ် Hair Style တွေက Hot ပါတယ် လူငယ်တွေဘဲကြိုက်တာ များ ပါတယ်၊ သူကဆံပင်တွေညှပ်နေရင်လိုချင်ပုံဒီဇိုင်းတွေကို ရအောင်ယူသွားတဲ့နည်းတွေပါ၊ ဖက်ရှင်ပွဲတွေမှာ HairStylist တွေမပါရင်ပွဲမဖြစ်ပါဘူး၊ နှစ်တိုင်း ဒီဇိုင်း အစသစ်တွေကို လေ့လာသင်ယူလိုလဲ မပြီးနိုင်ပါဘူး?



Bed Head ရဲ့ Wedsite တွေက=>>>
http://www.tigiprofessional.com/
http://www.bedhead.com/#/other/en/home/logo
http://www.bedheadstyling.com/

Wednesday, May 30, 2012

Phone,Table နှင့် Desktop တွေအတွက် Free ပေးထားသော Music Lysics App လေး!

MusiXmatch Lyrics & Music-World's Largest Lysics Catalog!
  • Phone.Table နှင့် Desktopတွေအတွက် သီချင်းစာသားတွေ ကြိုက်သလောက် ယူလိုရတဲ့ Free ပေးထား သောMusic Lysics App လေး!
  • ဒါလေးက iphone နှင့် Androidတွေမှာ သီချင်းစာသားတွေကို အဆင်သင့်ရှာပေးတဲ့ ဆော့ဝဲလေးဘဲ၊ ကိုယ်ရဲ့ဖုန်းတွေရှိတဲ့ အင်္ဂလိပ်သီချင်းတော်တော်များများကိုရှာပြီး သီချင်းစာသားတွေ ကိုမြင်တွေ့ရတယ်၊  အင်တာနက်မှာတင်ထားတာ သီချင်းအပုဒ် ရေပေါင်း ၆သန်းကျော် တင်ပေးထားပါတယ်၊ သီချင်းကိုကြိုက်ပြီး တခါတလေ စာသားလိုချင်ရင် အင်တာနက်ပေါ်က နေရှာရ တာ ကိုက အလုပ်ရှုပ်သက်သာစေပါတယ်၊ ဟဲဟဲ!
  • အဲနောက်ပြီး! မိမိရဲ့ အီစီကလီလေးတွေကို စာသားလှလှတွေနှင့် ကော်ပီကဒ်လုပ်ပြီး ကငြိုလို့ရတာပေါ့နော်????
  • ကော်ပီသီချင်းရေးဆရာတွေတော်တော်ကြိုက်မဲ့ ဆော့ဝဲလေးဘဲ?
  • အဲ!ကျွှန်တော်ဖုန်းထဲက သီချင်းပေါင်း၂၀၀၀လောက်ထဲက အင်္ဂလိပ်သီချင်းအားလုံးကို သီချင်း စာသားတွေ အားလုံးရပါတယ်၊တရုတ်နှင့်မြန်မာသီချင်းတွေကိုတော့မရပါဘူး၊ အင်တာနက်မှာ တင် ထားတာမရှိလို့ဖြစ်မယ်ထင်တယ်၊
စိတ်ဝင်စားရင်ဒီမှာကလစ်ပြီးဒေါင်းလုပ်လုပ်ပါ--MusicXmatch

ဒါက google က အညွှန်းလေးပါ---

Description

Welcome to #1 Lyrics app on Google Play and World's largest Lyrics DBmusiXmatch Lyrics & Music player is a deep dive into the world of song lyrics, with the largest and most exhaustive official catalog of song lyrics, with more than 6 mln lyrics in 20 languages.
musiXmatch is the best rated Android lyrics app and player that lets you:
★ Lets you identify UNLIMITED Lyrics with powerful MUSIC ID
★ Manage your music library with My Music
★ You can save your lyrics in your FAVORITE
★ Search for Lyrics by typing words, artist name, song title, etc
★ Get Lyrics notification instantly from others player
★ Browse Lyrics OFFLINE
★ WIDGET AVAILABLE
Don't remember name of the song? Just type some words into the search and we'll find out your lyrics to song !
♫ Enjoy our Super Promo of UNLIMITED LYRICS IDENTIFICATION ♫
By enabling Last.fm scrobbling on any others music player you can then get notified with the proper lyrics anytime you’re playing your music !
FEATURES
♫ Enahnced Music Player with Playlist management
♫ Instantly search for songs by Title, Artist Name, or Lyrics Phrase!
♫ Add all your lyrics to your favourite list!
♫ Provide quality feedback for any lyrics.
♫ Share single phrase on Twitter, Facebook and foursquare
♫ Profanity filter
♫ One click to get full artist discography
♫ Lyrics available offline
3rd party Supported players:
- Default Android Music Player
- HTC Hero Music Player
- Archos Music Player
- Rhapsody Android Beta
- bTunes
- ³ (cubed)
- WIMP
- Zimly
- Just Playlists
- PowerAMP
- Winamp
- myTouch 4G
- Google Music (visit support.musixmatch.com for automatic notification issue)
- Player Pro (market)
- DAAP Media Player
- Folder Player (market)
- GoneMAD Music Player
- MIUI Music Player
Ask your favorite music player's authors to integrate our Android SDK to have lyrics feature for free.
★★ Works on Edge, 3G, 4G or WIFI ★★



User Reviews

5 star-13,106
4 star-4,172
3 star-1,437
2 star-484
1 star-110,9

By-ကိုငယ်(ASNGROUP)


Ref:play.google

Tuesday, May 29, 2012

စင်္ကာပူတွေရဲ့လက်ရှိလစာနှုန်း!

         ဒါက စင်္ကာပူတွေရဲ့အလုပ်လုပ်နေတဲ့သူတွေရဲ့ အမှန်တကယ် ရရှိရမဲ့လစာတွေဘဲ!

ဒါပေမဲ့ အများအားးဖြင့် အေးဂျင့်ဆိုတဲ့ ကန်ထရိုတ်ကနေ အလုပ်လုပ်ရင်တော့ ဒီလစာတွေ ရရှိမှာမဟုတ်ပါဘူး?
အနဲဆုံးတ၀က်၊ သုံးချိုးတချိုးလောက်ပဲ ပြန်ပေးတာများတာတွေ့ရပါတယ်၊ ပညာအရည်အချင်းနှင့် အလုပ်ကိုင်ကျွှမ်းကျင်တာနှင့် သက်ဆိုင်တာကိုး!
စင်္ကာပူဆိုတာက Manpower ခေါ်တဲ့ လူတွေနှင့် အလုပ်လုပ်ရတဲ့ လုပ်အားတွေမှာဘဲ အမြတ်ထုတ်စရာရှိတာကိုး!
ကဲ! ကြည့်လိုက်ရအောင် ဘာတွေလဲ? နိုင်ငံခြားသားတွေ ဘာလိုနေရာတွေမှာ အလုပ်လုပ်နေရလဲ?-

(၁) အမှန်တတယ် တတ်ကျွှမ်းတဲ့ အတတ်ပညာဘွဲ့ရထားသူတွေ ဖြစ်တဲ့ Engineer ,Accountant, IT 
     Certification နိုင်ငံတကာလက်မှတ်ဖြစ်တဲ့(CCNA,MSCE) တွေကတော့ Technician, Enginnner Level
     ဆိုတဲ့ အလုပ်သင်အရာရှိတွေကတော့ အလယ်အလတ်လစာနှင့် အလုပ်နဲနဲသက်သာတဲ့ပြီး Project တွေမှာ
     လုပ်ရသော အလုပ်တွေကိုကြီးကြပ်ရပါမယ်၊ Customer Service တွေမှာလုပ်ရတယ်၊

(၂) ရိုးရိုးဘွဲ့လက်မှတ်ရှိပြီး မည့်သည့် အတတ်ပညာမတတ်ကျွှမ်းသူတွေ  အင်္ဂလိပ်စကားတွေကို ကောင်းကောင်း
     မပြောနိုင်သူတွေကတော့ Gernal Worker Levelဆိုတဲ့ အလုပ်ကြမ်းသမားတွေကတော့ လစာအနည်းဆုံးနှင့် 
     အပင်ပန်းဆုံး အလုပ်လုပ်တွေလုပ်ပါမယ်၊

လစာနှုန်းတွေ သိချက်ရင်ဝင်ကြည့်လိုက်ပါ: Singapore salary report! 

Thursday (1998).av

See the problem is not their nudity, the problem is the way you look at it.
Your form of political correctness makes even innocent naked people like these into sex objects, which they are not - they are just plain naked which is natural and beautiful to watch.
If you are offended, then close your browser window, chance YT video clip or look into the wall instead.
Don't let your personal opinion stand in the way for others to enjoy the beauty of these people - you got a choice; just don't look.

ကျော်ငြာနည်းလေးတမျိုး!

သတင်းကျော်ငြာနည်းပညာအသစ်လေး ကြည့်လိုက်ပါအုံး ? ဗမာပြည်ကောနောက်ဖြစ်လာမလားဘဲ!

Dream Massage!

ထူးဆန်းတဲ့ အနုပညာဆန်ဆန်အနှိပ်သည်တွေကိုတွေ့ရလို့ ဘာအတွက်ကောင်းလဲတော့မသိဘူး!

Dream Massage - Stefano Antonio Serra

Japanese Tattoos more at www.Drnumb.com

အခုတလော နိုင်ငံခြားရောက်လူငယ်တွေမှာ ခေတ်စားနေတာကိုတွေ့ရလို့ ပညာပေးအနေနှင့် ရေးလိုက်ရပါတယ်၊ ကာလာစုတ်ချက်ထိုးတာကလှပါတယ်၊ ဗမာပြည်မှာ စက်ကောင်းကောင်းနှင့် စုတ်ထိုးတာမရှိကျတော့ ဒီကိုရောက်တဲ့လူငယ်တွေယောကျာင်္း၊ မိန်းခလေးတွေ တော်တော်များမှာ စုတ်ထိုးလာကျပါတယ်၊ တော်တော်လှပြီးကြည့်လို့ကောင်းပါတယ်၊ လူငယ်တွေနှင့်ပဲ အဆင်ပြေပါတယ်၊
ဒါပေမဲ့ကျန်းမာနေသ၍ ဘာမှမဖြစ်ပါဘူး၊ အဲ! နေမကောင်းလို့ဓာတ်မှန်၊ အပ်ထရာဆောင်းတွေရိုက်ရရင်
တော့  ပြဒါးတွေပါလို ဓာတ်မှန်ရိုက်ရင် ကြွတက်လာတတ်ပြီး သေချာတာက အရေပြားတွေရောင်တက်
လာပြီး အနာဖြစ်တတ်ပါတယ်၊ တော်တော်ကုရခက်ပါတယ်! အရေပြားနှင့်ဆိုင်တဲ့အတွက် ငွေတော်တော်ကုန်ပါလိမ့်မယ်?


www.Drnumb.com

နောက်ဆက်တွဲလေးဆက်ကြည့်လိုက်ပါအုံး!...............

Side Effects of A Tattoo

PILE DANCE!

ဒါက Marina Bay ရောက်တုံးက ရင်တထိပ်ထိပ်နှင့်ကြည့်ရတာကိုက ထူးဆန်းသောပိုင်လုံး  ပေါ်ကနေက တဲ့အကကိုတွေ့လို့ အလျှင်မြန်ရိုက်လို့ရသလောက်တင်ပေးလိုက်ပါတယ်၊ တော်တော်ကြည့်လို့ကောင်းတယ်၊ ရင်တထိပ်ထိပ်နှင့်ကြည့်လိုက်ပါအုံး!ဘာလိုလဲလို့?




   

BY-ကိုငယ်(ASNGROUP)

Sunday, May 27, 2012

အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

Published on Saturday, 05 May 2012 11:26 -Written by ၀င့်ထန်း 

မကြာတော့မည့်တစ်နေ့တွင် ပြည့်တန်ဆာများရဲ့ မြေအောက် အမှောင်လုပ်ငန်းများကို ရိုဘော့များက သိမ်းပိုက်သွားနိုင်ဖွယ် ရှိသည်ဟု သုတေသနပြုသူများက ယုံကြည်လာကြသည်။
ဩစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု စွဲဆောင်နိုင်စွမ်းရှိမည်ဟု ခန့်မှန်းထားသည်။
Futures ဂျာနယ်မှာ ၄င်းတို့နှစ်ဦး ရေးသားချက်အရ အနာဂတ် ပြည့်တန်ဆာရုံများနှင့် လိင်ဖျော်ဖြေသည့် ကလပ်များတွင် ရိုဘော့ အမျိုးသမီးများနှင့် ပြည့်နှက်နေမည်ဟု ဆိုသည်။ ရိုဘော့များကို လူမျိုးပုံစံအမျိုးမျိုး၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံ၊ အသက်အရွယ်နှင့် ဘာသာစကား အမျိုးမျိုး၊ လိင်ပိုင်းဆိုင်ရာ အသွင်သဏ္ဍန်မျိုးစုံဖြင့် ဖောက်သည်များ စိတ်ချမ်းသာဖို့ ဖန်တီးထားနိုင်လိမ့်မည်ဟု ခန့်မှန်းသည်။
Yeoman နှင့် Mars တို့နှစ်ဦး ပူးတွဲရေးသားသည့် အနာဂတ် ပြည့်တန်စာလုပ်ငန်း စာတမ်းအရ ၂၀၄၀ ပြည့်လွန်နှစ်များအထိ လိင်လုပ်ငန်းများကြောင့် လူကုန်ကူးမှုများနှင့် လိင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများ ပိုမိုများပြားလာမည်။ ၄င်းဖြစ်ရပ်များကို ကာကွယ် ဖြေရှင်းဖို့အတွက် ၂၀၅၀ ခုနှစ်ပိုင်းတွင် ရိုဘော့ ပြည့်တန်ဆာ အများအပြားကို အစားထိုး အသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။
Source: The Futures & CNNRef:maukkha

ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းကို ရှုထောင့် လေးခုမှ မြင်ကြည့်ခြင်း

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနှင့် စက်မှုကဏ္ဍ တိုးတက်မှုအတွက် ရေနက်ဆိပ်ကမ်းဟာ ထောက်ပံ့ရေးဗဟိုချက်အဖြစ် အဓိက အခန်းကဏ္ဍကနေပါဝင်ပါတယ်ဆိုတာငြင်းလို့ မရပါဘူး။
စီးပွားရေးဆိုင်ရာ တိုးတက်မှုကို အထောက်အကူ ပြုပေမဲ့၊ ဆိပ်ကမ်းတည်ဆောက်ရာ ကမ်းခြေတလျှောက် ညစ်ညမ်းမှုကို ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတဲ့အပြင် ဇီဝမျိုးစိတ်တွေ ရှင်သန်နေထိုင်ရာပျောက်ဆုံးမှု၊ ဂေဟစနစ်ပျက်စီးမှု စတဲ့ ရလဒ်ဆိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် လာရောက် ရင်းနှီးမြုပ်နှံသူတွေကလည်း ဒေသရှိ သဘာဝသယံဇာတများကို ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ သူတို့ ကိုယ်ကျိုးသက်သက် အမြတ်ထုတ်ဖို့ ရှိနေပါတယ်။
သြစတြေးလျအစိုးရရဲ့ ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သြစတြေးလျ ရေထုအတွင်း စွန့်ပစ်လိုက်တဲ့ ညစ်ညမ်းရေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆိပ်ကမ်းရှိ သဘောင်္များနဲ့ ကုန်ပစ္စည်းများမှ လာကြောင်း သိရှိရပါတယ် ။ ဒီညစ်ညမ်းတဲ့ရေထုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက ဆိပ်ကမ်း အလုပ်သမားများအပါအ၀င် ကမ်းရိုးတန်းတလျှောက်နေထိုင်ကြသူတွေကို ကျန်းမာရေးထိခိုက်စေတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ် ။
မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံအတွက်တော့ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုစီမံကိန်းဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်သလို အဆိုပါ ပြောင်းလဲမှုများဟာလည်း အချင်းချင်း အပြန်အလှန်ဆက်စပ်လျက် ရှိပါတယ် ။
မြန်မာအစိုးရဟာ ၂၀၁၀ ခုနှစ်မှာ လယ်သမား ဥယျာဉ်သမား စတဲ့ မြေယာပေါ် မှီတင်းရှင်သန်ကြတဲ့ ရွာသူရွာသားတွေ များစွာနေထိုင်တဲ့ ကျေးရွာတွေမှာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါ စ်ီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းပေါ်မှာရှိပြီး သာယာလှပတဲ့ ထားဝယ်မြို့မှ ၁၈ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။
ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလို့ အမည်ရတဲ့ အဆိုပါ စီမံကိန်းဟာ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံအတွက်သာ မဟုတ်ဘဲ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အလွန်ပင်အရေးပါလှပါတယ် ။ ကပ္ပလီပင်လယ်အတွင်း တည်ဆောက်မယ့် အဆိုပါဆိပ်ကမ်းဟာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနှင့် အင်ဒိုချိုင်းနားတွေကြားမှာ တိုတောင်းလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ကီလိုမီတာပေါင်း မြောက်မြားစွားဝေးကွာသည့် မာလက္ကာ ရေလက်ကြားကို ဖြတ်မည့်အစား အဆိုပါလမ်းကြောင်းကို အသုံးပြုခြင်းဖြင့် အချိန်နှင့် လောင်စာကို သက်သာစေတဲ့အပြင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။
အခုလို စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရသည့် အတွက် ဖွံဖြိုးတိုးတက်သည်ဟုဆို နိုင်ပါသလား။ အဆိုပါ အကျိုးအမြတ်များကိုရော ဒေသခံ လူထုအပါအ၀င် မြန်မာနိုင်ငံသူနိုင်ငံသားများ ဘယ်လောက် ခံစားခွင့်ရကြပါသလဲ။ ဖွံဖြိုးတိုးတက်မှုဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်း ဖွံဖြိုးတိုးတက်ခြင်းကို ဆိုလိုခြင်း မဟုတ်တဲ့ အခြားသော လူမှုရေး၊ နိုင်ငံရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်၊ အကျိုးအမြတ်၊ ထိခိုက်မှု ပြောင်းလဲမှုများကို အသေအချာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
နိုင်ငံရေးရှုထောင့်
ထားဝယ်ဖွံဖြိုးရေး စီမံကိန်းအနေနဲ့ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံး ပြဿနာကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စီမံဆောင်ရွက်တဲ့နေရာမှာ တိကျတဲ့ဥပဒေ ထုတ်ပြန်နိုင်ခြင်းမရှိသေးတာပါပဲ။ အခုလို ဖွံ့ဖြိုးရေး စီမံကိန်းအကြီးကြီးတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေကို အရင်ပြုလုပ်ရမယ်လို့ ဥပဒေကြောင်းအရ ဖော်ပြထားခြင်းမရှိသေးပါဘူး။
ခြုံ၍ပြောရလျှင် ဒေသခံပြည်သူလူထုအတွက် သူတို့မှီတင်းနေထိုင်ရှင်သန်ရာ မြေကိုတောင်မှ ကာကွယ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်နိုင်ခွင့်ကို အာမခံနိုင်သည့် ဥပဒေမရှိပါဘူး။ အစိုးရအနေနဲ့ မြေယာတွေကို ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိမ်းဆည်းနိုင်ကြောင်းကို ဥပဒေကြောင်းအရ အခွင့်အရေးပေးထားပါတယ်။ ဒါဟာ ဒေသခံလူထုအတွက် တုံးအောက်က ဖားသူငယ်ပမာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ဘ၀တွေ လူနေမှုစနစ်တွေကို ပြောင်းပြန်ပြောင်းလဲစေနိုင်တဲ့အပြင် မှီတင်းရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် စက်ရုံအကြီးကြီးတွေကို ကော်ပိုရေးရှင်းအကြီးစားတွေ တည်ဆောက်ဖို့ ကြိုးပမ်းလာချိန်မှာ ဒေသခံတွေဟာ သူတို့ရဲ့ဘ၀တွေအတွက် ခုခံပိုင်ခွင့်မရှိပါဘူး ။
ထိုင်းအစိုးရရော မြန်မာအစိုးရပါ အဆိုပါ နောက်ဆက်ထိခိုက်ပျက်စီးမှုတွေကို သိပါလျက်နဲ့ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို မသိသလို လျစ်လျူရှုထားကြပါတယ် ။
စီးပွားရေး ရှုထောင့်
မူဝါဒရေးရာနှင့် နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာဟာလည်း အခြားသော နိုင်ငံတွေအတွက် မြန်မာနိုင်ငံဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ရာနေရာ တစ်ခုဖြစ်လာအောင် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ် ။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွေက ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ‘အိုင်တီဒီ’ ဟာ မြန်မာ့ဆိပ်ကမ်းမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်နေပါပြီ ။အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်းဟာလည်း ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်အပါအ၀င် အခြားစက်မှုကဏ္ဍဆိုင်ရာ အကျိုးအမြတ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို စီမံကိန်းတွေကို ထိုင်းနိုင်ငံမှာ ဆောင်ရွက်မည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် အပါအ၀င် လေ့လာဆန်းစစ်ချက်တွေကို စီမံကိန်းမတိုင်မီပြုလုပ်ရပါတယ် ။ လေထု ရေထုညစ်ညမ်းမှုအပါအ၀င် ဒေသခံလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ခိုင်ခိုင်မာမာတင်ပြနိုင်ရင် စီမံကိန်းတွေကို လုပ်ပိုင်ခွင့်မရကြပါဘူး။
အခုဆိုရင် အဆိုပါ ထိုင်းကုမ္ပဏီဟာ သူတို့နိုင်ငံမှာ တည်ဆောက်လို့မရတဲ့ ညစ်ညမ်းတဲ့ စက်ရုံတွေပါတဲ့ စီမံကိန်းတွေကို လွတ်လပ်စွာပြောဆိုခွင့်၊ သဘာဝ အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ ဒေသခံလူတွေက ပါဝင်ပြောဆို ဆုံးဖြတ်ခွင့် စတဲ့ အခွင့်အရေးတွေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ လာရောက်တည်ဆောက်တော့မှာဖြစ်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွားကို ဖန်တီးပေးမှာမလွဲဧကန် ဖြစ်သလို အဆိုပါဒေသမှာ မှီတင်းနေထိုင်ကြတဲ့ လယ်သမား ဥယျာဉ်သမား ငါးဖမ်းသမားတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ဖျက်ဆီးပစ်မှာလည်း သေချာနေပါတယ် ။
နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားမြောက်မြားစွာ ၀င်ရောက်လာပြီး ဒေသခံတွေအတွက်ကတော့ အလုပ်ကြမ်းနှင့် နေ့စား အလုပ်အကိုင်တွေကို ဈေးပေါပေါနဲ့ လုပ်ကိုင်ကြရပါလိမ့်မယ်။ လိုအပ်တဲ့ စွမ်းရည်နဲ့ အရည်အချင်းမရှိဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံများအတွက် အနည်းငယ်သော အလုပ်အကိုင်သာ ရနိုင်ပြီး အများစုအတွက်တော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့အခြေချနေထိုင်ရပါလိမ့်မယ်။
လူမှုရေးရှုထောင့်
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် အခုဆိုရင်စီမံကိန်း ဧရိယာအတွင်းနေထိုင်တဲ့ လူတွေပြောင်းရွှေ့နေကြရသလို မကြာမီအချိန်အတွင်းမှာလည်း ထောင်သောင်းချီပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဒေသခံတွေဆီက မြေယာတွေကို အတင်းအဓမ္မသိမ်းယူမှုဟာ ထားဝယ်ဒေသမှဒေသခံထားဝယ်လူမျိုးတွေကို မြန်မာနိုင်ငံအခြားဒေသ (သို့မဟုတ်) ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြအောင် ဖိအားပေးလျက်ရှိပါတယ်။
ဒေသခံတွေရဲ့ သဘောဆန္ဒမပါ လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိတဲ့ မြေယာသိမ်းဆည်းမှု ၊ နေထိုင်မယ့် အိမ်ယာဖန်တီးပေးခြင်းမရှိသေးဘဲ အတင်းအဓမ္မရွှေ့ပြောင်းစေမှုတွေက ဒေသခံတွေကို လူမှုရေးဆိုင်ရာ ပြဿနာတွေကြား နစ်မြုပ်စေပါတယ် ။
မြေယာမဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ရရာအလုပ်အကိုင်ကို လုပ်ခနည်းနည်းဖြင့် ၀င်ရောက်လုပ်ကိုင်ကြရ ပါတော့မယ် ။ ဒါဟာ အစိုးရအတွက် စီမံကိန်းတွေကို ဈေးပေါပေါဖြင့် ပြီးမြောက်အောင် လုပ်ကိုင်လေ့ရှိတဲ့ ဗျူဟာတစ်ခုလည်း ဖြစ်နေပါတယ် ။
အခြားထင်ရှားတဲ့ ဆိုးကျိုးကတော့ စက်မှုဇုံမှ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းများကြောင့် ဒေသခံလူထုရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေခြင်းဖြစ်ပါတယ် ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေက ပြုလုပ်ထားတဲ့ EIA , SIA , HIA မရှိတဲ့အတွက် မကြာမီ ဒီစီမံကိန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံ ထားဝယ်လူမျိုးတွေ ခံစားကြရတော့မှာ ဖြစ်ပါတယ် ။
ဥပမာအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံရှိ Mab Ta Phut စက်မှုဇုံမှာ စက်ရုံတွေကို လည်ပတ်ပြီး ၁၀ နှစ်အကြာမှာ စက်ရုံက ထုတ်လွှတ်တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေကြောင့် အဆိုပါဒေသရှိ လေထု၊ ရေထုနှင့် မြေဆီလွှာများ အကြီးအကျယ် ထိခိုက်ပျက်စီးညစ်ညမ်းစေပြီး ဒေသခံများမှာလည်း အသက်ရှုလမ်းကြောင်း ၊ အာရုံကြော ၊မျိုးပွားမှု ၊ ကြွက်သားစနစ်စ တာတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားနေရပါတယ် ။ အဆိုးဆုံးကတော့ ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ပွားသည့်နှုန်း အလွန်သိသာစွာ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ် ။
သဘာဝပတ်ဝန်းကျင်ရှုထောင့်
စီးပွားရေး တိုးတက်မှုကို ရှေးရှုရင်းဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသေးတာဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာကောင်းလှပါတယ် ။ အခုလို ဥပဒေတွေမရှိတဲ့အတွက် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို အဆမတန် တိုးပွားစေမှာ ဖြစ်ပါတယ်။
ဆိပ်ကမ်းတည်ဆောက်ရာ သန့်ရှင်းလှပတဲ့ ကမ်းရိုးတန်းတလျှောက်ဟာ အကျည်းတန်ညစ်ညမ်းသွားပါလိမ့်မယ်။ လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေ မှီတင်းရာ ဂေဟစနစ်ဟာလည်း ပျက်စီးပါလိမ့်မယ်။ သဘာဝအတိုင်းတည်ရှိနေတဲ့ သန့်စင်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဟာ ညစ်ညမ်းတဲ့ လေတွေထုတ်လွှတ်တဲ့ လောင်စာသန့်စင်တဲ့ စက်ရုံ၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးခံရပါလိမ့်မယ်။
စီမံကိန်း ဧရိယာအတွင်းသာမက ထိုင်းနိုင်ငံသို့ ဖောက်လုပ်နေသော လမ်းတလျှောက် သစ်ပင်အကြီးအကျယ် ခုတ်လှဲခံရပြီး သစ်တောပြုန်းတီးမှုကို အများကြီးဖြစ်ပေါ်စေပါမယ်။ ဒီသစ်တောတွေဟာ ဒေသခံတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အလွန်ကို အရေးပါလှပါတယ်။ သစ်တောတွေက မြေဆီလွှာကို ထိန်းသိမ်းပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူတွေအတွက် အသုံးဝင်လှတဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါတယ်။ ရာသီဥတုကို ထိန်းညှိပေးပြီး ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချစေနိုင်ပါတယ်။
Rayong ခရိုင်ရှိ Mab Ta Phut ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကိုလေ့လာကြည့်ရင် ထားဝယ်မှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ သေချာနေပါတယ် ။ စက်ရုံတွေကတရားမ၀င် ထုတ်လွှတ်တဲ့ အညစ်အကြေးတွေကြောင့် မြေဆီလွှာတွေ သုံးလို့မရအောင်ပျက်စီးရသလို ရေတွေလည်း သုံးလို့မရအောင် ညစ်ညမ်းကုန်ပါတယ်။
ဒီရေတွေဟာ မြောင်းတွေ ရေကန်တွေမှတဆင့် မြစ်ချောင်းစနစ်ထဲသို့ ရောက်ရှိပြီး စက်မှုဇုံ ဧရိယာအတွင်း နေထိုင်တဲ့ဒေသခံတွေအတွက် အဆိပ်သင့်ရေတွေ ဖြစ်သွားစေပါတယ် ။ ဒါကြောင့် ဒေသခံတွေဟာ သန့်ရှင်းသောရေကို ဈေးကြီးပေးဝယ်သုံးရပါတယ်။ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အလွန်မြင့်မားမှုကြောင့် အက်ဆစ်မိုးများရွာသွန်းသည့်အပြင် သီးနှံများလည်း စားလို့မရ ရောင်းလို့မရဖြစ်အောင် ပျက်စီးသွားပါတယ်။
ဒါကြောင့် အဆိပ်သင့်စက်မှုဇုံစီမံကိန်းဟာ အခုမျိုးဆက်ကိုသာမက နောက်မျိုးဆက်တွေအတွက်ပါ အဖိုးတန်လှတဲ့ ဂေဟစနစ်ကြီးကို ဖျက်ဆီးလျက်ရှိပါတယ် ။
အချုပ်ဆိုရလျှင် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းဟာ အစိုးရအတွက် အရေးပါတဲ့ ခြေတစ်လှမ်း ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
သို့သော်ငြားလည်း အစိုးရရဲ့မူဝါဒရေးရာ အားနည်းမှု၊ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများကို လျစ်လျူရှုမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ယူမှု တာဝန်ခံမှုအားနည်းမှု နဲ့ ၀န်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ပျက်စီးမှုဆိုးကျိုးများဟာ ကောင်းကျိုးထက် ပိုမိုများပြားနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံစီမံကိန်းဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မယ့် အစိမ်းရောင် ဖွံဖြိုးရေး စီမံကိန်းတစ်ခု ဖြစ်စေဖို့ အစိုးရအနေနဲ့ ဒေသခံ လူထုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ ၊ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အသေအချာလေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်စေလိုပါတယ်။
သုခသခင်-
Ref:maukkha



http://www.daweidevelopment.com/index.php/us/foreign-investment

Unusual Free VoIP Call and SMS for iphone,Asndriod and Other phone!

  • ထူးခြားပြီး အိုင်ဖုန်း၊အင်တလော့ရ်ဖုန်း နှင့် တခြားဖုန်းတွေမှာ အလကားခေါ်လို့တရုတ်ဆော့ဝဲလေး
    • ထူးခြားပြီး အလကားခေါ်လို့ရတဲ့ တရုတ်ဖုန်းဆော့ဝဲလေးတွေ့လို့ ရေးလိုက်တာပါ၊ ဒါကအသိတ ယောက်ကပြောလို့သိရတာပါ၊
    • အဲ!စမ်းပြီး iphone ထဲ ဒေါင်းလိုပ်ကြည့်လိုက်ပြီး စမ်းကြည်တာမဆိုးဘူး တခြားဖုန်းဆော့ဝဲများနှင့်မတူတာက လက်နှင့်စာရေးလိုရတဲ့ Handwritting နှင့် Doodle ရိုးရိုးရုပ်ပုံတွေကို ရေးဆွဲလို့ရပြီးမိမိရဲ့ဖုန်းမှာရှိတဲ့ပုံတွေကိုလဲလိုတလို ပြုပြင်ရေးဆွဲလို့ရတာကို  ထူးထူးခြားခြားတွေ့ရလို့လေ၊ ဖုန်းပြောတဲ့ သူငယ်ချင်းတွေနှင့်နောက်ပြောင်ကျီဆယ်လို့ရတာပေါ့၊ ချစ်သူစုံတွဲတွေပိုကြိုက်ကျမယ်ထင်တယ်နော်!...ဟင်းဟင်း!
  • ကဲ! အပေါင်းအသင်များစမ်းကြည့်လိုက်ပါအုံး! ဖုန်းလိုင်းကလဲတော်တော်ကောင်းပါတယ်၊ ဖုန်းပြောနေရတလိုဘဲ၊ အဲ!လူတွေသိပ်မသိသေးလို့ဖြစ်မယ်တယ်၊ အာလုံးကြိုက်ကျလိုက်မယ်တင်တယ်၊  ဟဲဟဲ!..........
  • ဒီမှာ လင့်ယူပါ=>>free PP
FreePP exhibitopn Shine
FreePP榮幸受邀春季電腦展,帶著最新最棒的版本引領一股全新潮流,
新增插畫貼圖與手寫塗鴉功能,力邀人氣插畫家兔包、辛卡米克合作全新貼圖,
讓你的文字訊息更加豐富生動! FreePP honor invited to the Spring Computer Show,
 to lead an entirely new trend with the latest and greatest version,
 new illustration map with handwritten graffiti function, inviting popular illustrator
 rabbit package, the Xinca Mick cooperation in new map make your text 
messages more rich and vivid!
人氣插畫家-

兔包、辛卡米克現身春季電腦展站台,與粉絲近距離互動,讓FreePP展區人氣爆表! Popular illustrator - rabbit package, the Xinca Mick appeared in the spring of computer exhibition site, close interaction with the fans, so FreePP exhibition popularity explosion table!
ဒီမှာကြည့်လိုက်ပါ............


Free QR Code








Description
**********news**********

We’re always excited to hear from you! If you have any feedback, questions, or concerns, please follow us on Facebook:
http://www.facebook.com/freepp


FreePP is a free VoIP and multimedia SMS application that works across all platforms. You can enjoy FreePP on your Android phone and any other smartphones and tablets with any OS.

Wherever you are, as long as you are connected to the internet through WiFi or 3G, you can

User Reviews

5 star
2,152
4 star
876
3 star
497
2 star
150
1 star
338
Average rating: 4.1







ကိုငယ်(ASNGROUP)

Wednesday, May 23, 2012

ရန်ကုန်မြို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်သောကြောင့် စက်ရုံ လုပ်ငန်းများ အရှုံးပေါ်နိုင်

23 May 2012 -By Venus News Journal 
ရန်ကုန်မြို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်သောကြောင့် စက်ရုံ လုပ်ငန်းများ အရှုံးပေါ်နိုင် ရန်ကုန်မြို့ရှိ စက်ရုံများအား လျှပ်စစ်မီး ဖြတ်တောက် လိုက်ခြင်းကြောင့် စက်ရုံ လုပ်ငန်း ရှင်များ အရှုံး ပေါ်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များ အတွင်းမှ စုံစမ်း သိရှိရသည်။ “မီးမလာတော့ စက်ကဘာနဲ့ လည်မလဲ။ ပင်မစက်နဲ့ အရန်စက်ရုံ နှစ်ရုံ ရှိတာအခု အရန်စက်ရုံရပ်လိုက် ရပြီ၊ ဆီဖိုး မလိုက်နိုင် လို့”ဟု တောင်ဒဂုံ စက်မှုဇုန်ရှိ စန်းဝင်းအောင် အထည်ချုပ်စက်ရုံပိုင်ရှင်က ပြောသည်။
အစိုးရက ယခင် နံနက် ၇ နာရီ မှ ၁၂ နာရီ၊ ၁၂ နာရီမှ ညနေ ၅ နာရီထိ အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးခဲ့သော်လည်း ယခုလုံးဝ ဖြတ်တောက် လိုက်သောကြောင့် ကိုယ်ပိုင် မီးစက်ဖြင့်သာ စက်ရုံလည်ပတ်ပါက စက်သုံးဆီဖိုး၊ အလုပ်သမားစရိတ်များဖြင့် အချိန်ကြာမြင့်လာပါက အရှုံးပေါ်လာနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
“အရင်မီးရတုန်းက တစ်ရက်ကို ဆီ ၈ ဂါလံ ၉ဂါလံပဲကုန်တယ်။ အခု တစ်နေ့ကုန်ဆိုတော့ ဂါလံ ၂၀ လောက်ကုန်မယ်”ဟု စန်းဝင်းအောင် အထည်ချုပ် စက်ရုံ ပိုင်ရှင်က ဆိုသည်။ ယခု အစိုးရလျှပ်စစ်မီးမရရှိသဖြင့် ထုတ်လုပ်မှုစရိတ်မြင့်တက်လာပြီး အချို့ကုန်ချောဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်သဖြင့် အထည်ချုပ်စက်ရုံအများစုမှာ ရေရှားပါးမှုအခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း BEST MAKER အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
“ကျွန်တော်တို့ ပိတ်စတွေလျှော်တဲ့ လျှော်ရုံမှာဆို ဂျိုးဖြူရေပဲသုံးတာ။ ဂျိုးဖြူရေကလည်း မီးလာမှ ရတာ။ အခုမီးဖြတ်လိုက်တော့ ရေပါဒုက္ခရောက်တာ”ဟု ၄င်းကဆိုသည်။ အဆိုပါအထည်ချုပ် စက်ရုံတွင် ယခင်အချိန်ပိုင်းလျှပ်စစ်မီးရရှိစဉ်က တစ်ရက်လျှင် ဒီဇယ်တစ်ပီပါခန့် ကုန်ကျခဲ့ပြီး ယခုမီးမရရှိပါက ၂ ပီပါ ၃ ပီပါခန့် ကုန်ကျနိုင်ကြောင်း ယခုကဲ့သို့မီးဖြတ်တောက် မှုအချိန်ကြာမြင့် လာပါက ကုန်ကျစရိတ်မြင့်မားလာသဖြင့်နောက်ပိုင်းတွင် အလုပ်သမားများ လျှော့ချရန်သာ ရှိတော့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
“ကုန်ကျစရိတ်ကလည်း မြင့်လာပြီ။ အော်ဒါကလည်း နည်းလာရင်တော့ အလုပ်သမား လျှော့ချဖို့ ပဲရှိတော့တယ်။ နောက်ဆုံးအဓိက ထိခိုက်တာကတော့ အလုပ်သမားတွေပဲ”ဟု ၄င်းကဆိုသည်။
ဖြိုးဝေလင်း
Ref:yoyalay

Sunday, May 20, 2012

SIN-YGN-SIN Jet Star Two to Go Promotion

Ko Sol May 7,12
Jet Star Asia မှ Special promotion အဖြစ် စင်္ကာပူ - ရန်ကုန် - စင်္ကာပူ ခရီးစဉ်ကို အောက်ပါ အသွား အပြန်ရက်များအတွက် ခရီးသည် (၂) ဦးအတွက် လေဆိပ်ခွန်အပြီးအစီး S$375  သာကျသင့် ပါသည်။ ခရီးသည် (၁) ဦးလျှင် ကီလို(၂၀)သယ်ယူခွင့်ရရှိပါမည်။ မေလ (၉) ရက် နေ့အထိသာ ရောင်းချမည် ဖြစ်ပါသည်။ အမြန်ဝယ်ထားနိုင်မှခုံအတွက် စိတ်ချရပါမည်။

စင်္ကာပူ မှ ရန်ကုန် သို့
စက်တင်ဘာ ၁၂၊ ၁၄၊ ၁၃၊ ၁၅၊ ၁၉၊ ၂၁၊ ၂၂၊ ၂၆၊ ၂၈၊ ၂၉
အောက်တိုဘာ ၃၊ ၅၊ ၆၊ ၁၂၊ ၁၇၊ ၁၉၊ ၂၄၊ ၂၆

ရန်ကုန် မှ စင်္ကာပူ သို
စက်တင်ဘာ ၂၁၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈၊ ၂၉၊
အောက်တိုဘာ ၁၊ ၃၊ ၅၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၃၊ ၁၅၊ ၁၇၊ ၁၉၊ ၂၀၊ ၂၂၊ ၂၄၊၂၆၊ ၃၁
နိုဝင်ဘာ ၂၊ ၃၊ ၅၊ ၇

Terms & Conditions
၁။ လေယာဉ်အချိန်နှင့် ရက်သည်လေကြောင်းလိုင်းပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။
၂။ ဝယ်ယူပြီး လက်မှတ်အတွက် လုံးဝ ငွေပြန်မအမ်းပါ။
၃။ Promotion အရောင်းအတွက် ထိုင်ခုံကြိုတင် ယူခွင့်မရှိပါ။
၎။ အသွားအပြန် (၂) ကြောင်းလုံး အတွက် ဝယ်ယူထားသော ခရီးသည် (၂) ဦး အတူခရီးသွားရမည်ဖြစ်သည်။
၅။ ဝယ်ယူပြီးလက်မှတ်အတွက် ခရီးစဉ် နှင့် ခရီးသည် အမည် အပြောင်းအလဲ လုံးဝ လုပ်ခွင့်မရှိပါ။
၆။ အခြားစည်းမျဉ်းစည်းကမ်း များ အကြုံးဝင်သည်။
      ဖော်ပြပါ Jetstar Pormotion အတွက် ခရီးသည်ကိုယ်တိုင် online မှ Credit/Debit Card များဖြင့်သော်လည်းကောင်း၊ (Jetstar သို့ ဝန်ဆောင်ခ ခရီးသည်တစ်ဦးလျှင်S$18 ပေးရသည်) offline payment ဖြစ်သည့် SAM Machine မှသော်လည်းကောင်း (ဝန်ဆောင်ခပေးရန်မလို) ကိုယ်တိုင် လက်မှတ်ဝယ်ယူနိုင်ပါသည်။
     ဖော်ပြပါ နည်းလမ်းများဖြင့် မဝယ်ယူလိုပါက မိမိခရီးသွားလိုသည့် ရက် SIN-YGN နှင့် YGN-SIN ရက်အတိအကျ၊ ခရီးသည်အမည်များ(inEnglish)၊ခရီးသည်၏ မွေးနေ့တို့ကိုပေးပို့ပြီးဘဏ်ငွေလွှဲစနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။
      လက်မှတ်ကို e-mail မှ (သို့မဟုတ်) စာတိုက်မှ (သို့မဟုတ်) ကိုယ်တိုင်ယူစနစ် ဖြင့် ယူဆောင်နိုင်ပါသည်။ ၂ဦးစာအသွားအပြန်လက်မှတ်အတွက် S$375 သာကျသင့်ပါသည်။မေးမြန်းလိုပါက   modern_sol15@live.com.sg သို့ e-mail ပို့နိုင်ပါသည်။

နောက်ဆက်တွဲသတင်း-

Ko Sol-May10,12
Singapore - Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ
            စင်္ကာပူ နဲ့ ရန်ကုန်မြို့ကြား အသွားအလာများနေတာနဲ့ အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့် ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ် အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
           အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူး လို့ ထင်တာပါပဲ။ JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ စင်္ကာပူလာလာ၊ စင်္ကာပူ က နေရန်ကုန်ပဲ သွားသွား အနိုမ့်ဆုံးဈေး (၂) ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။ တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက် အလွန်သက်သာတယ်လို့ပြောရမှာပါပဲ။ 
        (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့အခါမှာတော့ JetStar က Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှဦးပဲသွားသွား ရန်ကုန်- စင်္ကာပူ၊ စင်္ကာပူ-ရန်ကုန် လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့ ထပ်ပြီး ဈေးချ လိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့ ရန်ကုန် -မန်းလေး လေပျံ လက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေ ထက်တောင်သက်သာ သွားပါတယ်။ သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။ သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာ လေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင် မျှဝေပေးလိုက်ပါတယ်။ ခရီးသွားရမယ့် ရက်ကတော့သြဂုတ်လ (၈) ရက်နေ့နဲ့ နိုဝင်ဘာလ (၇) ရက်ကြားဖြစ်ရမှာဖြစ်ပြီး Promotion ပြီးတဲ့ရက်ကတော့ မေလ ၁၄ ရက်နေ မနက် ၁၀ နာရီပါတဲ့။

         တစ်ခုလေး သတိထားရမှာက Online ပေါ်မှာ ထိုင်ခုံရွေးမလား မေးရင် မရွေးပို့နဲ့၊ တကယ်လို့များ credit/debit (Master/Visa/Diners) ကဒ်များနဲ့ပေးမယ်ဆိုရင် ခရီးသည်တစ်ဦးကို S$18 ထပ်ပေးရမှာပါ။ မပေးချင်ဘူးဆိုရင်တော့ Singpost ကပေးနိုင်မယ့် Function ကိုရွေးပြီး SAM Machine ကနေသွားပေးရင် ဝန်ဆောင်ခထပ်ပေးစရာမလိုပါဘူး။
Ref:Myanmarinsingapore

အွန်လိုင်းပေါ်က ၀င်ငွေရှာနည်းလမ်းများ အပိုင်း(၃)

သင်အိပ်မောကျချိန်ငွေဖြစ်တယ်!

“ဖေ့ဘွတ်ကိုအသုံးပြုတွေသူ တဖြေးဖြေးများလာပြီး ဘာတွေလုပ်ရမှန်းမသိကျဘူး? ၂၄ နာရီဝင်ငွေရှာလို့ရတယ်ဆိုတာကို သိတဲ့လူတွေနည်းပါတယ်၊ ချက်ကင်းလောက်ဘဲလုပ်နေကျတာတွေရလို့ ပညာပေးအနေနှင့်ရေးသားလိုက်ပါတယ်၊
 အကျိုးရှိစွာသုံးတတ်လိုက်မယ်ထင်တယ်၊ ဆက်လက်ပြီးတွေ့ရှိတာကို တောက်လျှောက်အပိုင်းခွဲပြီး ရေးသားသွားမှာပါ၊ ဆက်ပြီးဆောင့်မျှော်ပါ....

“နားလည်သလိုဘာသာပြန်ထားတာဖြစ်လို့တချို့သောစာသားတွေ အဆင်ပြေချင်မှပြေပါလိမ့်မယ်၊သီးခံပြီး ဖတ်ပေးပါ၊ သင့်ကို ၀င်ငွေရှာပေးမဲ့ပညာပေးလေးဖြစ်လို့ပါ” ....
အဲ! လာကြည်သူများ ကြိုက်လို့ရှိရင် လွှတ်လပ်စွာကူးယူနိုင်ပြီး၊ ဘယ်ကနေ( ဥပမာ-asnkonge blog's)ကူးယူတာကိုတော့ ကျေးဇူးပြုဖော်ပြပေးပါလို့အနူးညွှန့်တောင်းဆိုပါတယ်(ဘာဖြစ်လို့လဲဆိုတော့ နေ့၊ညအချိန်တွေ   အများကြီးပေးပြီးရေးသားထားကြောင့်ပါ.....

ဖေ့ဘွတ်ထဲက ၀င်ငွေရှာနည်း (၁၂)မျိုး 

How to Make Money on Facebookဖေ့ဘွတ်မှာသင်ဘယ်လိုငွေရှာကျမလဲ?

“အကယ်၍ ဖေ့ဘွတ်အသင်းဝင်များ  သို့မဟုတ် အခြားချိတ်ဆက်ထားသော  ၀ိဝ်ဆိုဒ်က အသင်းဝင်များလဲ အဆင် ပြေစွာဝင်ငွေရှာလို့ရတဲ့နေရာ ကာင်း လေးတခုဟာ ဖေ့ဘွတ်ဖြစ်ပါ
ကြောင်း?”
   ကဲ! ဖေ့ဘွတ်မှာ ဘယ်လိုနည်းလမ်း တွေနှင့်ဝင်ငွေရှာ ကျ သလဲ?  တခြားသောဝိ၀်ဆိုဒ်ကနေ ဘာလိုနည်းလမ်းတွေနှင့်ဝင်ငွေ ကိုရှာလို့ရမလဲ? တခြားချိတ်ဆက်ထားသော     ၀ိဝ်ဆိုဒ်က ဘာလိုများအကူညီ များစွာပေးနေကျသလဲ?....ကောင်းပြီး! ဒီနေ့ကျေးဇူးတင်ဖို့ကောင်းတာက လက်ရှိဝင်ငွေရှာနေသော အသုံးပြုနေသူအချို့ရဲ့အချက်အလက်တွေထဲက....

ဖေ့ဘွတ်ကဖရီးပေးထားသော အချက်(၁၂)ချက်ကို သင်အသုံးပြုပြီး ၀င်ငွေရှာနည်းလေးတွေပါ ...

       တော်တော်များများလူတွေမှာ ဖေ့ဘွတ်ရှိပြီးအသုံးပြုနေသူတွေဖြစ်မှာပါ၊ အဲဒီကနေ ငွေကိုဘာလိုရှာလို့မလဲ? ဘာမှမခက်ပါဘူးလွယ်လွယ်လေးနှင့် သင်လုပ်လို့ရပါတယ်၊ သင်ကြိုက်နှစ်သက်မဲ့ ထင်သောနည်း တွေလမ်းတွေထဲကငွေရှာနည်းလမ်းတွေပေးသော ငွေအနည်းငယ်ပေး ရတဲ့ အထူးအွန်လိုင်းတွေကနေ သေချာစွာကြိုးစားပြီး လေ့လာသင်ယူရင် အမြန်ဆုံးနည်းတွေနှင့် ဖေ့ဘွတ် မှာငွေရှာနည်းတွေ ရမှာပါ?  ဒါပေမဲ့ သေချာစွာစီမံကိန်းနှင့်လုပ်ရင် အောင်မြင်မှု့နှင့် ကျဆုံးမှု တွေကိုနှိုင်းယှဉ် ကြည့်လိုက်ရင် သိရမှာပါ၊ဒီမှာက ဖေ့ဘွတ်မှာတချို့သောငွေရှာနည်းတွေနှင့် သင်အသုံးပြုလို့ ရတဲု့ငွေရှာနည်းတွေဘဲ?
1. Radical Buy ဒီဟာက အများကြိုက်တဲ့ ဖေ့ဘွတ်က ebay ပါ၊ သင်ရောင်းချင်တဲ့ ပစ္စည်းတွေကို ဖေ့ဘွတ်ရဲ့စာမျက်နှာကိုအသုံးပြုရတဲ့နည်းပါ၊  ဒါက ရောင်းမဲ့ပစ္စည်းစာရင်းတွေကို အဆင်သင့် ဖေ့ဘွတ်အသုံးပြုသူတွေ ၀င်လေ့လာကြည့်ရှုလို့ရတဲ့ နည်းလေးပါ၊ အခု!သင်အတွက်အလွယ်ဆုံးနည်းက သင်ကကော်မရှင်တွေပေးပြီး  သင်ရဲ့ပစ္စည်းတွေကိုဈေးရောင်းချင်လို့ အခြားသောဖေ့ဘွတ်ရဲ့စာမျက်နှာတွေမှာ ခွင့်ပြုပြီး ၀ယ်သူတွေကိုဆွဲဆောင်တဲ့နည်းတွေဘဲ၊ ဘာကိုဆိုလိုတာ လဲဆို တော့ သင်မှာရောင်းမဲ့ပစ္စည်းရှိစရာမလိုဘဲ သင်ရဲ့စာမျက်နှာမှာ အခြားလူတွေမြင်အောင် သူရဲ့ရောင်းမဲ့ပစ္စည်းတွေကို ပြသပြီး ကော်မရှင်ယူတဲ့ငွေရှာနည်းလေးပါ။
Update: ၀မ်းနည်းစရာကောင်းတာက Radical Buy  မူရင်းအထူးဈေးလျော့ရောင်းတတ်တဲ့ဆိုဒ်တွေက အလုပ် မလုပ်ကျရင် သင်ကြိုးစားပြီး အခြားသောကောင်းတဲ့ဆိုဒ်ကိုရှာပြီး သင်ရဲ့ဖေ့ဘွတ်စာရင်းကနေ အကူညီတွေ တောင်းယူပြီး သင်ငွေရှာလို့ရပါတယ်၊

2. My Merch Store အကယ်၍ သင်ဟယ ကျွှတ်တော်တို့ရဲ့ 9 Website To Make Money With By Designing & Selling … article, ကိုဖတ်ပြီး Zazzleကိုသင်သိနေရင်တော့ အကောင်းဆုံးဘဲ အခု Zazzleက ဒီဇိုင်းသစ်တွေနှင့် သင်ကိုခွင့်ပြုရင် သူရဲ့ထုတ်ကုန်တွေနှင့် အခြားသောထုတ်ကုန်ပါသောသူ့ရဲ့ဆိုဒ်(အလကားပေးထားသော) သင်ရဲ့ဖေ့ဘွတ် စာမျက်နှာတွေမှာရောင်းလို့ရပါတယ်၊ ဘာတွေဆိုတော့ သင့်ရဲ့ဖေ့ဘွတ်တချို့သော သူငယ်ချင်းတွေများဝယ်တတ်တဲ့ အထူးဒီဇိုင်းဖြစ်သော t-shirts and hats and etc တွေကိုယူရောင်းပေးပြီး တခြားအထူးပြုလုပ်ထားတာတွေကို ပွဲခယူပြီးရောင်းလို့ရပါတယ်၊ ဒါလိုမှမဟုတ် သင်ဘာမှမလုပ်ရဲရင် သင်က Zazzle ကိုလက်ရှောင်တာပိုကောင်းမယ်တင်တယ်။ 

3. Cafe Press ဒါက Zazzle အတူတူဘဲ၊ ဒါပေမဲ့ ပိုကောင်းတာပိုကြီးတဲ့ဆိုင်ဆိုဒ်ဖြစ်ပြီးလူပိုသိပါတယ်၊ Cafepress ကပိုလွယ်တာက တခြားထုတ်ကုန်တွေနှင့် မတူတာက anti Obama Shirts to pro Obama Shirts တွေကိုဖေ့ဘွတ်မှာရောင်းတဲ့ဆိုဒ်ဖြစ်လို့ သင့်အတွက်ကိုပို ၀င်ငွေရှာရတာပိုအဆင်ပြေစေမှာပါ။ 

4. Ether ဆိုဒ်ကတော့ သင်အတွက် သင့်ဝင်ငွေများများရှာပေးမဲ့ Phone and Chatting ဆိုတဲ့ ဖုံးနှင့်ချက်ကင်းတွေလုပ်တဲ့ဆိုဒ်ပါ၊  ဒါပေမဲ့သင်က သူရဲ့အသစ် application တွေကိုအသုံးပြုပြီး ဖုံးနှင့် ဖွေဘွတ်မှာငွေရှာရမှာပါ၊အကယ်၍သင်အတွက်အကောင်းဆုံးအကြံပေးချက်က သင်မှာ တချို့သောငွေပိုငွေလျှံရှိရင် ဖေ့ဘွတ်မှာ မိမိလိုချင်တဲ့ မိမိရဲ့ဘာသာစကားနှင့်လုပ်ထားသော application တွေ ဆိုရင် ပိုလွယ်ကူစွာ ငွေရှာလို့ရတာကိုတွေ့ ရပါမယ်၊ သင်လိုချင်တဲ့ ဈေးနှုံးတွေနှင့်ကိုယ်ပိုင်နံပါတ်တွေနှင့် အတူခေါ်ဆိုလို့ရပါတယ်၊ ဒါက မိမိရဲ့နံပါတ်တွေကို ခေါ်ဆိုလို့ရပါတယ်။

5. Music Blaster ဟာ သင်ရဲ့သီချင်းတွေကို သင်ဖေ့ဘွတ်ရဲ့သေးငယ်တဲ့ သီချင်းဆိုဒ်တွေမှာ သိမ်းဆည်းပေးထားပြီး သီချင်းတွေရောင်းတဲ့ BlastMyMusic.com ဆိုဒ်လေးပါ၊ သဆိုဒ်မှာ သီချင်းရောင်းရရင် သင်ကို ၅% ပွဲခပေးပါတယ်၊  အလွယ်တကူပြုလုပ်လို့ရတဲ့ App ဖြစ်လို့ သင်ရဲ့အကြိုက်ဆုံးသီချင်းတွေ၊ အုပ်စုတွေနှင့် အဆိုတော်တွေကို ရွှေးပြီးရောင်းရတဲ့ဆိုဒ်ဖြစ်တဲ့အတွက် ငွေရှာရလွယ်ကူတဲ့ ဘယ်သူကိုမှမှီခို၊ကူညီသူတွေမလိုတဲ့ဆိုဒ်ဖြစ်ပါတယ်။


6. Garage Sale ဒီနံမည်က အားလုံးအတွက်လို့ပြောတယ်၊ ဟောင်းလေကောင်းလေဆိုတဲ့ အဟောင်းအရောင်း Garage ဆိုဒ်ပါ၊ သို့သော် “Facebooky” Garage Sale ကရိုးရိုးလေး နှင့်သင်စာမျက်နှာရဲ့ကြိုက်နှစ်သက်နေရာတွေမှာရောင်းလို့ရပါတယ်၊ ဘယ်သူမဆို ဘာဘဲဖြစ်ဖြစ် အချိန်မရွှေးဝယ်လို့ရပြီး အကြွေးဝယ်ကဒ်ကနေ ၀ယ်တဲ့စာရင်းတွေကို သူဟာသူအလိုအလျှောက် ငွေတွေ ကိုဖြတ်ယူပြီး သင့်ရဲ့ပစ္စည်းတွေကိုပို့ပေးပါတယ်၊ နောက်ပြီးသင်ရဲ့စဘော်ငွေရှိတဲ့ တိုက်ရိုက် Pay Pal pစာရင်းနှင့်ချက်ပေးချင်ရင်တော့သင်ခွင့်တောင်းရမှာပါ၊ ဘယ်လိုဘဲဖြစ်ဖြစ် သူက ရောင်းရတဲ့ ၅%နှုံး ပွဲခပေးထားပါတယ်၊ ထို့ကြောင့်သင့်လျှော်ပြီးဘာမှာအပိုကြေးတွေမရှိလို့လူတော်တော်များကြိုက်ကျပါ တယ်။

7. Shopit ကတော့ အလကားပေးထားပြီးအားလုံးနှင့်ချိတ်ဆက်ထားတာကြောင့် အရောင်းအ၀ယ် တော်တော်များတဲ့ ၀ယ်ရောင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု့ပေးသောဆိုဒ်ပါ၊ ရိုးရိုးလေးနှင့်လုပ်လိုရတဲ့ဈေး ဆိုင်လေးဖြစ်လို့  သင်ရဲ့ဖေ့ဘွတ်မှာစိတ်ကြိုက်ဘာမဆိုတင်ရောင်းလို့ရပြီး  တခြားလွယ်ကူစွာ ငွေရှာလို့ကောင်းတဲ့ဆိုဒ်ဖြစ်ပါကြောင်း။


8. FlameTunes FT ဟာစတင်တည်ထောင်တာသူက ၂၀၀၇ အီရန်-အမေရိကန်ဆပ်သော  Nima Khakpour ပါ၊ ဒီဆိုဒ်က အများအားဖြင့် သူရဲ့တေးစာသားတွေရဲ့သီချင်းတွေရောင်းတာပါ၊ ဘာလဲဆိုတော့ ဒီFlameTunes နှင့်ချိတ်ဆက်ပြီး သင်ဟာ တေးစာသားတွေနှင့်သီချင်းတွေကို သင်ရဲ့ဖေဘွတ်တွေမှာ ယူ ရောင်းလိုရပါတယ်၊ MYSPACE မှာ သင်ဝင်ပြီးယူရောင်းလို့ရပါတယ်။

9. Lemonade သင်သိရမှာက ပထမဦးဆုံး ဒီ lemonade stand  ဘယ်အချိန်မှာဆက်သွယ်  ချိတ်ဆက်ရမလဲ? ကောင်းပြီ! ဒီ Lemonade app ကချိတ်ဆက်ခွင့်ပြုထားတာကတော့ သင်အသုံးပြုနေ သော တူညီမျှသောအယူအဆတူ အသင်းအဖွဲ့အစည်းတွေနှင့်ပေါင်းစီးထားသော  ဖေ့ဘွတ်အိမ်နှီးချင်း တွေပါ၊အခြေခံက သင်ဖေ့ဘွတ်မှာ  Lemonade ဆီကသင်လိုလိုချင်တာတွေကိုယူပြီးရောင်း လို့ရပါတယ်၊ အလကားပေးထားပြီးလွယ်ကူပါတယ်။

10. eBay ဘယ်သူတွေ ဘယ်လိုနည်းနှင့်သိမလဲ? ဟုတ်တယ်!သင်လမ်းညွှန်ပေးလိမ့်ပါ၊ အခု သင်ဖေ့ဘွတ်မှာ ebay ရှိနေစေချင်တယ်၊    ဒီမှာက သင်ရဲ့ကိုယ်ပိုင် ebay လေလံစာရင်းကို ခွင့်ပြုချက်ရယူပြီး သင့်ရဲ့ဖေ့ဘွတ်သူငယ်ချင်းတွေကို နေ့စဉ်အရောင်းစာမျက်နှာတွေမှာ လက်မှုလက်ရာမြှောက်တဲ့လက်ဝတ် လက်စားတွေကိုဈေးရောင်းတဲ့လို့ရတဲ့ App ဖြစ်ပါတယ်၊ undies and dinner dates ဆိုတဲ့ ညနေစာအချိန်းအချက်တွေကို သင်ရဲ့ebayမှာရောင်းရတာပါ၊ သင်လဲစိတ်ဝင်စားရင် သင်ရဲ့ကိုယ်ပိုင် စာမျက်နှာတွေမှာတင်လို့ရတဲ့ ထောက်ပံ့ကူညီတဲ့အသင်းတွေရဲ့ရန်ပုံငွေရှာသော လေလံတွေကို ကူညီ နိုင်တဲ့နေရာပါ၊ ကျွှန်တော်ထင်တယ် ဒီ ebay ဟာ ဖေ့ဘွတ်အသုံးပြုသူအာလုံးအတွက် အကောင်းဆုံး ဖြစ်ပြီး ebay အသင်းဝင်ဖြစ်ဘို့ မလိုပါဘူး!

11. Lending Club ဒါကစီပွားရေးလုပ်သူတွေ တော်တော်များကြိုက်ကျတဲ့နေရာပါ၊ ဘယ်လိုနေရာတွေမှာ သင်ဘယ်လို ငွေချေးငှားရမလဲနှင့် အတိုးတွေဘယ်လိုပေးရလဲ ဆိုတာတွေကို lending club က အသေးစိတ်ရှင်းပြထားပြီး စိတ်ပူစရာမလိုတဲ့ လုံခြုံစိတ်ချရပါတယ်လို့ အများကလဲ မှန်ကန်ဖြောင့်မတ်တယ် လို့ ပြောကျတဲ့ Lending club ဖြစ်ပါကြောင်း၊ သင်ရဲ့ဖေဘွတ်မှာ င်ငွေရှာသင့်ပါတယ်။

12. e3buy Auction ဘာမဆိုအရောင်းအ၀ယ်လုပ်တဲ့ အသင်းအဖွဲ့ပါ၊ လေလံတွေမှာ လူသစ်တွေအတွက် ဆိုင်ဖွင့်ခွင့်ပေးထားပြီး သင့်ရဲ့အမှတ်တံဆိပ်တွေနှင့် စတင်ရောင်းရပါသောebay ကို မကြိုက်ကျသူတွေ အတွက်ဖြစ်ပါတယ်၊ ဘာမှပွဲခတွေနှင့် တခြားဘာမှပေးစရာမလိုပါဘူး၊ လုံးဝအလကားပေးထားပါတယ်၊ နောက်ပြီး PayPal နှင့်လုံးဝချိတ်ထားပြီးသောကြောင့် သင်အရင်ငွေလွဲခတော့ပေးရပါတယ်။

အကယ်၍သင တော်တော်များ
သိပြီဆိုရင် ကြိုးစားပြီး၁၂မျိုးထဲကတခုခုတော့သင်ရဲ့ဖေ့ဘွတ်မှာပြုလုပ်စေချင်လို့ ကျွှန်တော်အပန်းခံရကျိုးနပ်ပါပြီ!”
ကဲ! စပြီးဖေ့ဘွတ်မှာငွေရှာကျရအောင်......

 BY-ကိုငယ်(ASNGROUP)

12 Ways to Make Mon
You May Also Like:

Ref: blogstash


ဒါကမူရင်းဆိုဒ်ကပါ-

About Facebook Advertising

Facebook makes money by showing you relevant ads. Here’s an example to show you how it works

A business creates an ad

Let’s say a gym opens in your neighborhood. The owner creates an ad to get people to come in for a free workout.

Facebook gets paid to deliver the ad

The owner sends the ad to Facebook and describes who should see it: people who live nearby and like running.

The right people see the ad

Facebook only shows you the ad if you live in town and like to run. That’s how advertisers reach you without knowing who you are.

Ads help keep Facebook free

From the beginning, the people who built Facebook wanted it to be free for everyone. It now costs over a billion dollars a year to run Facebook, and delivering ads is how Facebook pays for this.

You can impact the ads you see

Unlike ads on television, you can influence which ads you see on Facebook. Spot something that doesn’t interest you? Click the X and it’s gone.

Facebook makes money by showing you relevant ads. Here’s an example to show you how it works>>>Link: About Facebook Advertising!

Top Questions

You’ve probably heard some theories about how Facebook makes money. Here are the facts:

Is it true that Facebook sells my name and contact info to make money?


No. Facebook does not sell your personal information. Instead, Facebook makes its money from showing you ads.
Selling your information would actually be bad for Facebook. Here’s why: Facebook was created to help you share and connect with the people in your life. If you don’t feel like you’re in control of who sees what you share, you probably won’t use Facebook as much, and you’ll share less with your friends. Not only is that bad for Facebook, it’s also bad for you. That’s why only the people you choose to share with see your stuff.

What’s the difference between ads and sponsored stories?


Ads and sponsored stories are types of sponsored content on Facebook:

1. Ads

A business creates an ad and pays Facebook to deliver it to the people who are most likely to find it useful. For example, you might see an ad for a local gym if you live nearby, are a certain age and like running. Learn more about ads.

2. Sponsored Stories

A sponsored story is different from an ad because it’s a story you can already see about activity from people you’re connected to, Pages you like or apps you use. A business pays to sponsor these regular stories to increase the chances that you’ll notice it. Learn more about sponsored stories.

I never click on ads, so why do businesses pay Facebook to show them?


Businesses want to get their message in front of the right people. They pay Facebook to deliver ads to people who might be interested – whether or not those people click on the ads. To see how businesses purchase ads, check out the ad creation tool.

Does Facebook use my name or photo in ads?


Posts or activity that include your profile photo or name – like a story about you liking Starbucks – may be paired with an ad or highlighted in a sponsored story. Your name and photo will only appear to people you shared the original story with.
Learn more about ads and privacy.

I don’t want to see ads on Facebook. Can I shut them off?


No, but you can influence the ads you see (see below).

How do I influence the ads I see?


Ads are designed to be useful, and not disrupt your experience on Facebook. There are a few ways to impact the Facebook ads you see:
  • See more of your favorites. Click or like your favorite ads to see more ads like those. You can also add more of your interests to your timeline (profile) to see ads that better reflect what you’re into.
  • See less of what you don’t like. Spot an ad you’re not interested in? Click the X and it’s gone. Facebook will try not to show you similar ads again. You can also report any ad that offends you.
Check out your Ads Board to see the types of Facebook ads you personally might see.

Ref: Facebook

Saturday, May 19, 2012

ဘာမှမသိသေးတဲ့ ခလေးကို ကြည့်လိုက်ကျပါအုံး ရိုက်နှက်နေတာ?

ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ?

Shocking video shows woman hitting, pinching and kicking baby repeatedly


STOMPers Yusliena and BlackBird sent in this shocking video showing a woman repeatedly hitting, pinching and kicking a crying baby. Two other children can be seen looking on as she abuses the child. Warning: This video has disturbing content. Viewer discretion is advised.

Yusliena wrote:
"I'm sending you this video I came across on facebook.

"It is very disturbing and I hope circulating it will save the child.

"Thank you."

BlackBird added:

"I came across this video via my facebook site. It was shared by a friend. Origin of the video is unknown.

"I am utterly disgusted by the video.
"The women should be brought to justice. I think the camera women shouldn't just sit around and do nothing.

"I hope the relevant authorities will investigate this matter."

It is unclear if the video took place in Singapore or overseas.

                              အပိုင်း ၃-Part 3

ကြည့်လို့မရရင် ဒီမှာကလစ်နှိပ်ပြီး မူရင်း STOMP မှာကြည့်လိုက်ပါ>>>
Click on thumbnails for larger imag

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!