Popular Posts!

Wednesday, October 31, 2012

အမေရိကန်သို့ ဆန်ဒီမုန်တိုင်းဝင်ရောက်၊ နယူးယောက်နှင့် မြို့ကြီးအချို့တွင် ရေလွှမ်းပြီး ဓာတ်အားနှင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများပြတ်တောက်

Tuesday, 30 October 2012 16:47
အမေရိကန်သို့ ၀င်ရောက် တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခု ဖြစ်သည့် ဆန်ဒီမုန်တိုင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် နိုင်ငံ၏ အရှေ့ဘက်ကမ်းကို ၀င်ရောက်တိုက်ခတ် ခဲ့ပြီး နယူးယောက်မြို့လမ်းမများတွင် စံချိန်တင်ရေလွှမ်းမိုးမှုများဖြစ် စေခဲ့ကာ လူသန်းနှင့်ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး ပို့ဆောင် ဆက်သွယ်ရေးလမ်းကြောင်းများ လည်း ပြတ်တောက်စေခဲ့သည်။
sandy1
sandy2
အောက်တိုဘာလ ၂၉ ရက် နေ့က နယူးဂျာစီကမ်းရိုးတန်းသို့ မ၀င်မီ ဟာရီကိန်းမုန်တိုင်းအဖြစ်မှ လျော့ကျသွားခဲ့သော်လည်း အင်အားပြင်းထန်ဆဲဖြစ်ကာ မုန်တိုင်းကြောင့်သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိသွားပြီဖြစ်သည်။ မုန်တိုင်း မှာ အနောက်ဘက်သို့ဆက်လက် ဦးတည်တိုက်ခတ်လာသောကြောင့် ပြည်နယ် ၁၀ ခုကျော်မှ လူ တစ်သန်းကျော်ခန့်ကို အရေးပေါ် နေရာရွှေ့ပြောင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။
မုန်တိုင်းကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ် လာ ဘီလျံ ၂၀ ကျော်မျှ ရှိနိုင်ပြီး ထက်ဝက်ခန့်သာ အာမခံထားရှိထားသည်များဖြစ်သည်ဟု ဘေးအန္တရာယ် ဆုံးရှုံးမှုခန့်မှန်းရေး ကုမ္ပဏီ တစ်ခုကခန့်မှန်းထားသည်။
မုန်တိုင်းသည် သမ္မတရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးမဲဆွယ်မှုများကိုလည်း ရပ်တန့်စေခဲ့ပြီး စတော့ဈေးကွက်များ နှစ်ရက်ကြာ ပိတ်ထားရပြီး ဖြစ်သည်။
မုန်တိုင်းသည် အတ္တလန်တစ် စီးတီးသို့ ၂၉ ရက်နေ့ ညပိုင်းတွင် ၀င်လာခဲ့ပြီး ကုန်းမြေသို့ဝင်ချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၉၀ မှ မိုင် ၈၀ သို့ ကျသွားခဲ့သည်။ ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့ပြီး သစ်ပင်များကျိုးပြတ်ခဲ့ ကာ မြို့မြောက်ဘက်ရှိ ကမ်းခြေ လျှောက်လမ်းအပိုင်းလိုက် ပျက်စီးသွားခဲ့ကြောင်း အတ္တလန်တစ်စီးတီး မြို့တော်ဝန် လော်ရန်ဇိုလန်းဖို့ဒ်က ပြောကြားခဲ့သည်။
sandy3
sandy4
sandy5
နယူးယောက်တွင် မင်ဟတ် တန်အောက်ပိုင်းရှိ ဘက်ထရီပါ့ခ် တွင် ဒီရေ ၁၄ လက်မအထိတက်ခဲ့ ပြီး ၁၉၆၀ ပြည့်နှစ်က ဟာရီကိန်း ဒိုနာ ၀င်ရောက်ခဲ့စဉ်က ဒီရေတက်မှုထက် ၃ လက်မ ပိုခဲ့သည်။ နယူးယောက်တွင် ရထားနှင့်ဘတ်စ်ကား လိုင်းများရပ်ဆိုင်းထားရပြီး ကျောင်းများလည်းပိတ်ထားရသည် ဟုသိရသည်။ မန်ဟတ်တန်နှင့် အခြားမြေနိမ့်ပိုင်းဧရိယာများမှာ လူ ၄၀၀၀၀၀ ခန့်ကိုလည်း နေရာရွှေ့ ပြောင်းရန်စီစဉ်ပေးခဲ့ရသည်။
နယူးယောက်ရှိ အဓိက လေဆိပ်သုံးခုစလုံးကိုပိတ်ထားခဲ့ ရ သလို ရေမှာ မင်ဟတ်တန်အောက် ပိုင်းမြေအောက်ဘူတာရုံများအတွင်း ၀င်ရောက်ခဲ့ကာ မင်ဟက်တန် အောက်ပိုင်းနှင့် ဘရွတ်ကလင်းကို ဆက်ထားသော ဥမင်ကိုပါရေလွှမ်း ခဲ့သည်။လေတိုက်နှုန်းပြင်းသော ကြောင့် မင်ဟက်တန်ရှိတာဝါမြင့် ကြီးများရှိရာ အရပ်တွင် ဆောက်လက်စတာဝါတစ်ခုမှ ကရိန်းကြီး ပျက်ကျလာသောကြောင့် ပတ်ဝန်းကျင်မှ လူများကို အရေးပေါ်ကယ်ဆယ်ခဲ့ရသည်။
နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်ျက မင်ဟန်တန် အောက်ပိုင်းတွင် ရေအလွန်အမင်း များပြားနေပြီး လမ်းမများတွင် သစ်ပင်များဖြင့်ပိတ်နေကာ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများနှင့် ကြုံနေရကြောင်း သတင်းထောက်များ က ပြောကြားခဲ့သည်။
နိုင်ငံအရှေ့မြောက်ပိုင်းတွင် လူ ၂ ဒသမ ၈ သန်းမျှ လျှပ်စစ်ဓာတ် အားပြတ်တောက်နေပြီး အချို့နေရာများမှာ မြေအောက်ဓာတ်အားပေး ကိရိယာများကို ကာကွယ်ရန် ဓာတ်အားဖြတ်တောက် ပစ်ခဲ့ရခြင်းဖြစ်သည်။ နယူးယောက်ပြည်နယ်တွင် မုန်တိုင်းဆက်စပ် မတော်တဆမှုများကြောင့် အနည်းဆုံးလူ ငါးဦးသေ ဆုံးခဲ့ရပြီး ယင်းတို့အနက်မှ သုံး ဦးမှာနေအိမ်ပေါ် သစ်ပင်ပြိုကျပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။နယူးဂျာဆီ နှင့် ကွန်နက်တီကပ်တွင်လည်း သစ်ပင်ပိသောကြောင့် သေဆုံး သူများ ရှိခဲ့သည်။အနောက်ဗာဂျီးနီး ယားတွင်မူ ဒေးဗစ်မြို့ရှိ ငါးလက်မထူသောနှင်းထုမှာ မုန်တိုင်းကြောင့် ပြိုကျပြီး အမျိုးသမီးတစ်ဦးကား မတော်တဆဖြစ်ကာ သေဆုံးခဲ့သည်။
ကုန်းတွင်းပိုင်းသို့မ၀င်မီတွင် လည်း မြောက်ကာရိုလိုင်းနား ကမ်းလွန်မှ သမိုင်းဝင်ဗြိတိန်သင်္ဘောနှင့် ပုံစံတူတည်ဆောက်ထားသော HMS Bounty မှာပျက်စီးသွားခဲ့ပြီး သင်္ဘောသား ၁၆ ဦးကို ကယ်ဆယ်ခဲ့ရကာ ကက်ပတိန်မှာမူ ပျောက်ဆုံး နေဆဲဖြစ်သည်။
ကာရစ်ဘီယန်ဒေသတွင် လည်း ဆန်ဒီသည် ဟာရီကိန်းမုန်တိုင်းအဖြစ် ၀င်မွှေသွားခဲ့ပြီး လူ ၆၇ ဦးထက်မနည်း သေဆုံးခဲ့ရကာ ဟေတီနိုင်ငံမှာ အဆိုးရွားဆုံးခံခဲ့ရ ကာ ၅၁ ဦးသေဆုံးခဲ့သည်။
ဆန်ဒီမုန်တိုင်းမှာ လပြည့်နေ့ နှင့် တိုက်ဆိုင်သောကြောင့် ဒီရေပို တက်ခြင်းက အားဖြည့်ပေးခဲ့ပြီး ပိုမို အပျက်အစီးများခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းသည် အေးခဲနေသော အရှေ့ပိုင်းဒေသသို့ အရောက်တွင် စူပါမုန်တိုင်းအဖြစ် အသွင်ပြောင်းသွား ကာ ရေကြီးမှုနှင့်နှင်းမုန်တိုင်းများ ထပ်ဖြစ်လာစေနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။
လူဦးရေထူထပ်သည့် နိုင်ငံအရှေ့မြောက်ပိုင်းမှ အများပြည်သူ ပို့ဆောင်ရေး အများအပြားရပ်ဆိုင်း သွားခဲ့ပြီး အထိမ်းအမှတ်နေရာများ တွင် လူများခြောက်ကပ်နေပြီး ကျောင်းများ၊ ရုံးများပိတ်ထားရသည်။
မဟာဓာတ်အားလိုင်းအဖွဲ့ကလည်း မုန်တိုင်းကြောင့် လူ သန်း ၆၀ ခန့် ဓာတ်အားပြတ်တောက်မှု နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
Ref:elevenews

လောလောဆယ်ပြည်ပနိုင်ငံများနှင့် CB Bank ကနေအပြန်အလှန် Swift code စနစ်နှင့်ငွေလွှဲနိုင်!

၂၀၁၁နှင့်၂၀၁၂ နှစ်ထဲမှာ စကာင်္ပူ၊ကိုးရီယားနှင့်မြန်မာပြည်ကို တရားမ၀င်ငွေလွဲအုပ်စုတွေ သန်းပေါင်း
မြောက်များစွာ တာက် လျှောက်  လိမ်လည်မှုဖြစ်ပြီး လွဲငွေတွေအတွက် စိတ်မချမ်းမသာ စိတ်မအေး နိုင်ဖြစ်နေရတဲ့ လူတွေ အတွက် နိုင်ငံခြားမှာရှိတဲ့ မိမိရဲ့ ကိုယ်ပိုင် Current A/C တွေကနေ မြန်မာပြည်မှာရှိတဲ့ CB BANK ကနေ တဆင့် မိမိဘဏ် အကောင့်တွေထဲကို ကြိုက်တဲ့ဘယ်နေရာကမဆို Internet Online iBanking စနစ် ကနေ Bank Swift code စနစ်ဖြင့် ယုံကြည့်စိတ်ချစွာ တရားဝင်ငွေလွဲလို့ရနေပါပြီ!....

နိုဝင်ဘာတွင် အမေရိကန်၊ ဗြိတိန်အပါအ၀င် ပြည်ပနိုင်ငံများနှင့် အပြန်အလှန် ငွေလွှဲနိုင်မည်

Western Union Money Transfer

နိုင်ငံတကာနှင့် ငွေလွှဲပို့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော Western Union Money Transfer အဖွဲ့နှင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်၍ လာမည့်နိုဝင်ဘာလမှ စတင်ကာ နိုင်ငံတကာနှင့် အပြန်အလှန် ငွေလွှဲနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်များမှ သတင်းရရှိသည်။
“Western Union Money Transfer လုပ်နေတဲ့ ဘဏ်လုပ်ငန်းဖြစ်လို့ သူနဲ့ချိတ်ဆက်ပြီးရင်တော့ နိုင်ငံတကာကို အလွယ်တကူ ငွေလွှဲပို့တာ လုပ်လို့ရသွားမယ်။ တစ်နိုင်ငံချင်းဆီမှာ ရှိတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်စရာမလိုဘဲ နိုင်ငံတကာငွေလွှဲပို့တာကို ဆောင်ရွက်သွားနိုင်မယ်”ဟု စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Western Union အဖွဲ့သည် မြန်မာနိုင်ငံနှင့် အဓိကငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေသော စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများအပြင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အီးယူနိုင်ငံများ အပါအ၀င် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ ခန့်ဖြင့် ချိတ်ဆက်ကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
“Western Union နဲ့ ချိတ်ဆက်ပြီးသွားရင် အဝေးရောက်နေတဲ့ နိုင်ငံသားတွေ ငွေလွှဲပို့တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ နေ့ချင်းရောက် ငွေလွှဲပို့နိုင်မယ့် အားသာချက်တွေ ရှိလာမယ်”ဟု MOB ဘဏ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးသန်းဝင်းကပြောသည်။
လက်ရှိတွင် Western Union နှင့် ချိတ်ဆက်လုပ်နိုင်ရန် ဆောင်ရွက်နေသော MOB နှင့် စီဘီဘဏ်များကို ထိုအဖွဲ့မှ လုပ်ငန်းကျွမ်းကျင်သည့် ၀န်ထမ်းများ လာရောက်၍ သင်တန်းများ ပေးပို့နေကြောင်း သိရသည်။
လတ်တလောတွင် ငွေလွှဲပို့လုပ်ငန်းများကို ဆောက်ရွက်နိုင်ရန် စီဘီဘဏ်အနေဖြင့် မလေးရှားနိုင်ငံရှိ Maybank, IME Money Express တို့နှင့်လည်းကောင်း၊ စင်ကာပူနိုင်ငံရှိ BKK Forex Pte Ltd ငွေလွှဲလုပ်ငန်း၊ Singapore Post ငွေလွှဲလုပ်ငန်းများဖြင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ထိုင်းနိုင်ငံရှိ Bangkok Bank တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ထိုကြောင့် နိုင်ငံတကာမှ ငွေလွှဲပို့သူများအနေဖြင့် Western Union နှင့် ချိတ်ဆက်ထားသောဘဏ်များ (သို့မဟုတ်) ထိုအဖွဲ့အစည်းဆိုင်းဘုတ်ချိတ်ကာ လုပ်ဆောင်နေသော နေရာများတွင် မိမိပို့လိုသောနိုင်ငံကိုပြော၍ ပေးပို့နိုင်မည်ဖြစ်သည်။
 
 Ref:သိမ့်သိမ့်စိုး -7daynewsjournal မှကူးယူးဖော်ပြလိုက်ပါတယ်၊
 
နောက်ဆက်တွဲလေး.............
အခုလို ၀မ်းသာစရာသတင်းလေးကြားရလို့ အားရ၀မ်းသာပြီး Western Union Money Transfer Bank  website လေးမှာ ၀င်ကြည့်လိုက်တော့ သူရဲ့လုပ်ငန်းစဉ်လေးတွေကို တွေ့ရတာတွေပါ၊ Memmber
ဝင်ပြီးတော့ Online, Phone တွေနှင့်လဲ ငွေလွဲလို့ရတာကိုတွေ့ရတော့ တော်တော်ကိုအဆင်ပြေစေတာ ကိုတွေ့ရပါတယ်၊
ဒါပေမဲ့အခုထိတော့ Myanmar ဆိုတဲ့စာရင်းကိုဆိုတာကို မတွေ့ရသေးပါဘူး?  Online ကနေငွေလွဲလို့မရသေးဘူးပေါ့နော်!
စောင့်ကြည့်လိုက်ပါအုံး နိုဝင်ဘာလထိ!
 

Western Union Home
 

 
 


Western Union has been operating for over 150 years. Today with just over 437,000 Agent locations worldwide in over 200 countries and territories, millions of people trust Western Union to send and receive money worldwide.





Learn more about money transfer
How to send money




Find an Agent




Check Transfer Status
Sender First Name:

Sender Last Name:

Money Transfer Control Number (MTCN):





Send Now
Send money online using a Visa® or MasterCard® credit or debit card if you live in one of the following countries:

It is simple to send money in person. Just go to any of our convenient Agent locations worldwide - we’re probably right around the corner.

Agent locations may be in banks, travel agencies, post offices, airports, currency exchange offices, supermarkets, grocery stores, and check cashers.

Find an Agent Location
STEP 1: Complete the Form
Fill out the required form. Then, simply show the Agent clerk your identification card.
STEP 2: Present Payment
Give the Agent clerk the form, cash and sign the receipt.
STEP 3: Get the Receipt
Your receipt will have the MTCN (Money Transfer Control Number) that will allow you to track the status of your money transfer online.

Services in Singapore!...

Welcome to Western Union Singapore

At Western Union, we understand you are sending more than just money. That is why we help you stay connected to loved ones and business partners around the world. And with more than 135 years of experience in the money transfer business and a strong Agent network with more than 801 locations in Singapore, we will continue to bring you closer to them.
 

CHECK THIS OUT

News, Offers, Important Dates...
 


Check your Money Transfer Status Online
QUESTIONS? Please Contact Us!
6336 2000 (for calls within Singapore) or
+65 6336 2000 (for calls from overseas)


နောက်ဆက်တွဲလေး............

လောလောဆယ် ပြည်ပနိုင်ငံများနှင့်  CB Bank အပြန်အလှန် Swift code စနစ်နှင့်ငွေလွှဲနိုင်!

မိမိရဲ့  Bank A/C ရှိတဲ့ Online Bank တွေကနေ Swift code စနစ်နှင့် CB Bank ကိုငွေလွဲလို့ရပြီ ဆိုတာမသိသေးတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်....

Swift code ဆိုတာ ဘာလဲဆိုတာ? မသိကျသေးတာတော်တော်ကိုများပါသေးတယ်၊
What is a SWIFT Code / BIC Code?The Bank Identifier Code is a unique address which, in telecommunication messages,
identifies precisely the financial institutions involved in financial transactions.
ဒါက Singapore Baks တွေရဲ့ Swift Codeတွေကိုဒီမှာကြည့်ပါ၊

လောလောဆက် CB Bank က May Bank နှင့် Malaysia မှတရားဝင်ငွေလွဲလို့ရနေပါပြီ.CB BANK Money Transfer!

လောလောဆယ်ထိတော့ CB Bank က IME money ExchangeE နှင့် တော့သူရဲ့ website မှာ Myamar ဆိုတာ ရှာလို့မတွေ့သေးပါဘူး-IME Internation Money Express


ဒါက ကျွှန်တော် CB Bankကို ဖေ့ဘွတ်ကနေ မေးလိုက်တာကို အကြောင်းပြန်ပေးတဲ့စာလေးပါ!

Q: Singapore က ငွေလွဲလို့ရတဲ့ လိပ်စာ လေးရှာလို့မ တွေ့ဘူး Allbest exchange ဘဲတွေ့ရတယ် Sinagapore May bank ကနေကော ငွေလွဲလို့ရလား? 

Ans: Dear Ko Nge,
Singapore To Yangon ကို Singapore မှ UOB Bank နှင့် DBS Bank တို့ကိုအသုံးပြုပြီး CB Bank Swift Code ကိုအသုံးပြုပြီးငွေလွှဲလို့ရပါသည်။
ထို့အတွက် CB Bank ရုံးချုပ်တွင် Currency (4) မျိုးဖြစ်သော (USD/FEC/EUR/SGD) တို့နှင့် Foreign Currency Account ဖွင့်ပြီး
ထို Account ထဲသို့ငွေလွှဲနိုင်ပါသည်။ မိမိလွှဲလိုသော Currency ၏ Account ရှိရန်လိုအပ်ပါသည်။
CB Bank SWIFT BIC Code: CPOBMMMY
........................
စင်ကာပူ DBS , UOB bank account တွေကနေ ရန်ကုန် foreign currency CB Bank account ကို ငွေလွှဲမယ်ဆိုရင် DBS, UOB ဘဏ်တို့မှလွှဲပို့ငွေပေါ်လွှဲပို့ခ
Service Fee မှာ လွှဲပို့ငွေပမာဏ၏ 0.125% ကောက်ခံပြီး (Minimum) အနည်းဆုံး SGD 10ကောက်ခံပါသည်။
CB Bank ဘက်မှ ရောက်ရှိလာတဲ့လွှဲပို့ငွေကို Customer Account ထဲသို့ထည့်ပေးပြီး Service Fee အဖြစ် မြန်မာကျပ်ငွေ 10000/- နှင့် ညီမျှသည့် USD / FEC ယူပါသည်။
..............................
Money Agent မှတဆင့်လွှဲချင်ရင်တော့...
Singapore To Yangon ကို Golden Mile Tower, BKK Forex Pte Ltd (Money Transfer) နှင့်ငွေလွှဲနိုင်ပါသည်။ ငွေလွှဲလျှင် account မလိုပါ။
မြန်မာပြည်ဘက်မှလာထုတ်မည့်သူ၏အမည်နှင့် မှတ်ပုံတင် သာလိုပါသည်။ လာထုတ်မည့်သူသည် မှတ်ပုံတင်ယူလာပြီးထုတ်ယူမည့်ငွေ Amount နှင့် လွှဲလိုက်သောသူ၏ အမည်ပြောပြီးထုတ် ယူနိုင်ပါသည်။
We collect 5 SGD for the remittance amount of 1 SGD to 3,000 SGD during our (3) month promotion period.
ကျေးဇူးတင်ပါတယ်ရှင့်။
Plz Check More Information >>


No.334/336 Corner of 23 Street and Strand Road, Latha Township, Yangon, Myanmar.

Tel: (95-1) 371848, 372646, 372655,
373425, 373426

Fax: (95-1) 371851, 377027, 389594

E-mail: contact@cbbankmm.com

SWIFT BIC Code: CPOBMMMY


စကာင်္ပူကနေတော့ ငွေလွဲချင်ရင်တော့လောလောဆယ်မှာ cbbank international banking servicesကနေ ... http://www.cbbankmm.com/servicedetail.php?l=m&id=14






Credit@


 

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!