Popular Posts!

Monday, August 4, 2014

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လာလာ မလာလာ ရန်ကုန်မြို့အိမ်ခြံမြေ ဈေးနှုန်းများကတော့ ဆက်လက် မြင့်တက်နေဆဲ!

 အင်း...အလွန်ကိုအန္တရယ်များ၊အတော်ကိုကြောက်စရာကောင်းတဲ့ အခြေနေထားကို ရောက်နေတဲ့ မြန်မာ့အိမ်ခြံမြေလောက အခြေတွေပါ....

နိုင်ငံတကာခရီးသွားတွေနှင့် နိုင်ငံခြားရင်နှီးမြှပ်နှံမှုတွေ တိုးတက်လာတော့ လိုအပ်နေသော ဟိုတယ်တွေနှင့် အဆင့်မြင့်ရုံးခန်းတွေ အပြိုင်အဆိုင် ဆောက်လုပ်နေတော့ ဒီမြေလောက တခုလောက်ကိုဘဲကွက်ပြီး ဈေးမတရားတက်နေတော့ ကျန်စီးပွားရေးတွေကလည်း တွက်ခြေ မကိုက်တော့ သလိုဖြစ်လာပြီး လုပ်ငန်းရပ်ပြီး  ဒီအိမ်ခြံမြေလောကထဲကို အကုန်စုပြုံဝင်ရောက်လာ ကျတာကိုက မကောင်းတဲ့ မြန်မာ့ စီးပွားရေး အခြေနေတွေပါ.....
လူနေမှုစားဝတ်နေရေးအတွက် အိမ်ခြံမြေဆိုတဲ့ အရေးကြီးဆုံးနေထိုင်ရေးဈေးတွေ မတရား ထိုးတက်နေပြီး ၀င်ငွေတွေက အမိလိုက်မတက်နိုင်တော့ ၀င်ငွေထွက်ငွေ အချိုးမညီမျှဘဲ အောက်ခြေဆင်းရဲသားတွေ ပိုပြီးပိုဆင်းရဲသွားတာကိုက လက်ရှိဖြစ်ရပ်မှန်အခြေနေတွေပါ...
အခုလက်ရှိအခြေနေမှာလဲ အမိမြေက ပြည်သူလူထုတွေအတွက် လိုအပ်ချက်တွေ တဖြေးဖြေးပိုများ လာပြီး လူနည်းစုချမ်းသာတဲ့သူတွေက ပိုချမ်းသာလာပြီး အများပြည်သူဖြစ်သောဆင်းရဲသူတွေက ပိုဆင်းလာ တာကို သင့်တို့ လက်တွေ တွေ့မြင်ရပါလိမ့်မယ်...

တကယ်တန်းလူနေမှုမဆောက်အဦဖြစ်သော အခြေခံအုတ်မြှစ် အသေးစားနှင့် အလတ်စား စီးပွားရေး တွေ ဘက်စုံဖွံဖြိုးတိုးတက်မှ လူနေမှုတိုးတက်လာတာပါ... တခုထဲကွက်ပြီး တိုးတက်လို့မရပါဘူး....

အထူးသဖြင့်အာစီယံနိုင်ငံလို နိုင်ငံတကာကိုယှဉ်ပြိုင်ဖို့ ဘာမှမယ်မယ်ရရ ထုတ်ကုန်တွေ ထုန်လုပ်နိုင်ခြင်း တင်ပို့နိုင်ခြင်းမရှိသေးတာကိုက လက်ရှိလူနေမှုဘ၀ကို ပြောင်းလဲမပေးနိုင်သေးပါဘူး..
နိုင်ငံတကာက လာရင်းနှီးမြှပ်နှံတာကလဲ လက်ဦးမှုရလိုမှုတခုထဲဘဲ ရှိတာပါ... ပြည်တွင်းမှာပေါများ တာက လုပ်အားခတခုထဲဘဲရှိတာပါ.....(စက်ရုံ အောက်ခြေ ၀န်ထမ်းလစာ ဒေါ်လာ၅၀ ကနေ ၁၀၀ထိ ဘဲရကျတာပါနော်)....
တခြား နိုင်ငံရေးမတည်ငြိမ်မှု၊ တရားဥပဒေနမစိုးမိုးမှု၊ အထူးသဖြင့် အစိုးရဌာနတွေမှာ လာပ်ပေး လာပ်ယူ များပြားနေမှု၊ လျှပ်စစ်နှင့်နည်းပညာ၊ကျွှမ်းကျင်ဝန်ထမ်းတွေရှားပါးနေတာကလဲ  နိုင်ငံတကာ ရင်းနှီးသူတွေအတွက် အတော်ကို အဟန့်အတားဖြစ်နေပြီး အတော်ကို ရင်လေးစရာပါဘဲ....

 လက်ရှိ ခေတ်ပြောင်း အစိုးရသစ် အုပ်စိုးနေသော ၂၀၁၀ခုနှစ်မှ ၂၀၁၄ခုနှစ်ထိ ၄နှစ်ကာလကို ကြည့်လိုက်ရင် ဘာတွေများ အများပြည်သူလုထုတွေအတွက် ထိထိရောက်ရောက်ပြောင်းလဲ သွားပါ သလဲ?

- ကားဈေး၊ဖုန်းဈေးကျလာပါတယ် လူလတ်တန်းစားတွေ ကားစီးလာနိုင် ကျပါတယ်၊ အများပြည်သူလူထုတွေ အင်တာနက်၊ဖေ့ဘုတ်သုံး တတ်လာပါတယ်၊ လူသားစွမ်းအား မြင့်တက်ရေးနှင့် ကျွှမ်းကျင်ဝန်ထမ်းများမွှေးထုတ်ပေးတဲ့ အကျိုးတော်ဆောင်ဆိုတဲ့ (အရပ်အခေါ် လူပွဲစားလောက) လူနေမှုစရိတ်တခု ပေါ်ထွန်းလာပါတယ်၊ 

- အိမ်ခြံမြေဈေးတွေ မတရားကိုဈေးတက်လာပြီး အများပြည်သူဆင်းရဲသားတွေ အိမ်ရာမဲ့ ဘ၀ ရောက်ရှိလာတာ ပိုများလာပြီး ပိုဆင်းရဲလာပါတော့တယ်၊ ခြံမြေဈေးတက်တော့ ကုန်ဈေးနှုန်းလဲ လိုက်တက်လာပါတယ်......

အခုလဲ စီမံကိန်းဆိုတဲ့ ကောလာဟာသ သတင်းဘဲ ကြားရသေးတယ် ...တက်လိုက်တဲ့ မြေဈေးတွေ ခေါ်ဈေးတင် အရောင်းအ၀ယ်ဖြစ်ကျတယ်လေ.....နောက်မသေချာတော့လဲ ဈေးနည်းနည်းလေးတော့ ပြန်ကျတတ်ပါတယ်၊ ဒါကေမဲ့ နဂိုမူရင်းဈေးကိုတော့ ပြန်မရောက်တော့ပါဘူး၊ ဗိုလ်ဘောမိနေသူတွေက
ဈေးကိုင်ထားတုန်းဗျ.....ငွေလိုတဲ့သူတွေလောက်ဘဲ ဈေးနည်းနည်းချရောင်းတာဘဲရှိတယ်....စီမံကိန်းရှိမဲ့ရန်ကုန်ပတ်လည်ဆင်ခြေဖုန်းနေရာတွေမှာလဲ လိုက်ဈေးတက်ကျတာပါ...

ဒီမှာ အိမ်ခြံမြေသတင်းလေးဖတ်ကြည့်လိုက်ပါအုံး ဈေးနှုန်းတွေ ကြည့်ပြီး ကြောက်မသွားနှင့်အုန်းနော်....

ရန်ကုန်မြို့၏ အိမ်ခြံမြေ အရောင်းနှင့် အငှားဈေးကွက် ကျဆင်း နေသော်လည်း ဈေးနှုန်းများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်

မြတ်ငြိမ်းအေး   |   Thursday, 17 July 2014
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း မြေယာဈေးကစားသူများ အရောင်းအ၀ယ်လုပ်လျက်ရှိသည့် လယ်ယာမြေကွက်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း မြေယာဈေးကစားသူများ အရောင်းအ၀ယ်လုပ်လျက်ရှိသည့် လယ်ယာမြေကွက်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေနှင့် ကွန်ဒိုတိုက်ခန်းများ အရောင်း အ၀ယ်ပြုလုပ်ခြင်းများမှာ ယခင်ကဲ့သို့ သွက်လက်မှုမရှိသော်လည်း အိမ်ခြံမြေ ဈေးနှုန်းများမှာ မြို့နယ်အလိုက် ဈေးများမြင့်တက်နေသေးကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ရန်ကုန်မြို့ရဲ့ အိမ်ဈေး၊ မြေဈေးကတော့ ကျသွားတယ်ဆိုတာ မရှိပါဘူး။ အရင်တုန်းက တစ်ရှိန်ထိုးမြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေက လည်း ကျမသွားတဲ့အပြင် အမြင့်ဈေးတွေကို ခေါ်နေတုန်းပဲ။တကယ်အရောင်းအ၀ယ် ဖြစ်နိုင်တဲ့ဈေးထက် အမြင့်ဈေးကို အရင်ပိုခေါ်ကြတယ်။ ဒီကအိမ်ဈေး၊မြေဈေးတွေက ကြာရင်ကြာသလို တန်ဖိုးကတက်နေတော့ မြေပိုင်ရှင် အိမ်ပိုင်ရှင်တွေကလည်းဈေးတွေ ကို အမြင့်မှာပဲထားတယ်။ ဈေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုတက်လာတယ်"ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အကြီးတန်းအကျိုးဆောင် ကိုမင်း မင်းစိုးကပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေရောင်းဝယ်ဖောက်ကားမှု များပြား ပြီး မြေရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ကြသည့် မြို့နယ်များ၏ အိမ်ခြံမြေဈေးနှုန်းများမှာ တစ်ဟုန်ထိုးမြင့်တက်ခဲ့ကြပြီး ယခုလက်ရှိဈေးနှုန်းများမှာလည်း ဈေးအမြင့်ကိုသာ ဦးတည်နေကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း အိမ်ခြံမြေဈေးနှုန်း များကောင်းမွန်ခဲ့သည့် ဒဂုံမြို့သစ် (မြောက် ပိုင်း)၊တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒလ အစရှိသည့် မြို့နယ်များတွင်လည်း လက်ရှိ မြေဈေးများကောင်းမွန်လျက်ရှိကာ စီးပွား ရေးနှင့် အခြေချနေထိုင်လိုသူများ၏ ၀ယ်လိုအားလည်း များပြားလျက်ရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြေဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် မြေကွက် သေးပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀ နှင့် ၁,၀၀၀ ကြားရှိပြီး မြေကွက်ကျယ် များမှာသိန်းထောင်ချီလျက်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်တွင်မူ ပျမ်းမျှ မြေဈေးမှာ ပေ ၄၀x၆၀မြေကွက် တစ်ကွက် ကို ကျပ်သိန်း ၄,၀၀၀ နှင့် ၅,၀၀၀ ကြား ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်မူ မြေကွက်အကျယ်အ၀န်းပေါ်မူတည်ကာ ကျပ် သိန်း ၅၀ မှ ၁၂၀ အထိရှိကြောင်းအကျိုးဆောင် များက ပြောသည်။
"ရန်ကုန်မြို့ရဲ့မြေဈေးတွေက တန်ဖိုးကျသွားတယ်ဆိုတာမျိုး မရှိဘူးဖြစ်နေတော့ မြေပိုင်ရှင်တွေက လည်း ၀ယ်မယ့်သူမရှိ လည်း ဈေးကိုမပြောင်းလဲဘူး။ တကယ် လည်း ရန်ကုန်မြို့ရဲ့မြေဈေးက တစ်နှစ်လောက် ကြာသွားတာနဲ့ ဈေးကနှစ်ဆလောက် မြင့် တက်သွားတယ်။ ပြီးခဲ့တဲ့နှစ်က သိန်း ၃,၀၀၀ ၀န်းကျင် မြေဈေးတွေက ဒီနှစ်လောက် မှာ သိန်း ၆,၀၀၀ လောက်ဖြစ်လာကြတယ်။ တကယ်လိုအပ်လို့ ၀ယ်တဲ့သူနဲ့တွေ့ရင် ဒီဈေးတွေက အကျိုးအမြတ်ဖြစ်လာတာဆိုတော့ ရန်ကုန်မြို့ကမြေဈေးတွေက ကျဦးမှာမဟုတ်သေးဘူး" ဟု အိမ်ခြံမြေ လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ မြေကွက်ဈေးနှုန်းများ ဆက် တိုက်မြင့်တက်နေမှုများကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ငန်းများမှာ နှေးကွေး လျက်ရှိရာ ယခုအခါတွင် ဈေးကွက်အတွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ ထက်ဝက်နီးပါးခန့် ကျဆင်းသွားပြီး အိမ် မြေ အရောင်းအ၀ယ် လုပ်ငန်းများအပြင် အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းများ ငှားရမ်းသည့် လုပ်ငန်းများပါ ကျဆင်းလာကြောင်း
ကိုမင်းမင်းစိုးက ပြောသည်။
"ကျွန်တော်တို့ဆီကို လုပ်ငန်းလာအပ်တဲ့သူတွေက တော်တော်နည်းသွားတယ်။ အကျိုးဆောင်လုပ်ငန်းတွေ များပြားလာတာလည်းပါသလို ၀ယ်မယ့်သူတွေကလည်း အရင်လိုမဟုတ်တော့ဘဲစဉ်းစားချင့်ချိန်ပြီးတော့ ၀ယ်လာကြတယ်။ ဈေးတွေကလည်း တစ်နေ့တစ်မျိုးပြောင်းလဲပြီး ဈေးအမြင့်ကိုပဲ ခေါ်နေကြတယ်။ ၀ယ်ရောင်းလုပ်ငန်းရော အငှားလုပ်ငန်းတွေပါ တော်တော်အေးသွားတယ်။ ဈေးကွက်ပြန့်သွားတာလည်း ဖြစ်နိုင်ပါ တယ်။ အကျိုးဆောင်လုပ်ငန်းတွေရဲ့ ဈေးကွက်ထဲမှာတော့ လုပ်ငန်းတွေ တော် တော်အေးသွားပါတယ်" ဟု ၎င်းက ပြောသည်။
ယခင်က ရန်ကုန်မြို့တွင် နိုင်ငံခြားသား များ၏ အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းငှားရမ်းမှုနှုန်းမှာ မြင့်မားလျက်ရှိရာ ယခုအခါတွင် ကွန်ဒိုတိုက်ခန်းငှားရမ်းမှုနှုန်း ကျဆင်းလာကြောင်း Phoniex အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ကိုထွန်းထွန်းက ပြောကြားသွား ခဲ့သည်။
"ကျွန်တော်တို့ဆီမှာ သင်္ကြန်ပြီးလောက် ကတည်းက လုပ်ငန်းကအရမ်းအေးနေခဲ့တာပါ။ အခုဝါ၀င်သွားတော့ ပိုပြီးအေးသွား ပါတယ်။ ကွန်ဒိုတိုက်ခန်း အငှားတွေလည်း ရှားသွားတယ်။ အရင်က နိုင်ငံခြားသား ဖောက်သည်တွေ တစ်လကို လေး၊ ငါး၊ ၁၀ ဦးလောက် ကွန်ဒိုတိုက်ခန်းတွေငှားကြ တယ်။ အခု အငှားဈေးကွက်က တော်တော်နည်းသွားတယ်။ နောက်ပြီး အိမ်ပိုင်ရှင်တွေကလည်း ငှားမယ်လို့ပြောလိုက်တာနဲ့ ဈေးပို ခေါ်ကြတယ်။ တချို့တွေကျတော့ ဈေးမြင့်တာတွေကြောင့် မငှားကြတာတွေ ရှိတယ်" ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ ကွန်ဒိုအရောင်းဈေးနှုန်းများမှာလည်း ကွန်ဒိုတည်ရှိရာနေရာနှင့် ၀န်ဆောင် မှုများ ပေါ်မူတည်ကာ တစ်ခန်းလျှင်ကျပ်သိန်း ၃၅၀ နှင့် ၄၀၀ ၀န်းကျင်၊ သိန်း ၈၀၀ နှင့် ၁,၀၀၀ မှ သိန်း၂,၀၀၀ ခန့် အထိ ပေါက်ဈေးရှိကြောင်း အကျိုးဆောင် များကပြောသည်။
"ကွန်ဒိုဈေးတွေကလည်းမြင့်တော့ အငှား ဈေးတွေကလည်း မြင့်တယ်။ ဈေးနှုန်းတွေက ကွန်ဒိုအမျိုးအစားပေါ်မူတည်ပေမယ့် ဒီက ကွန်ဒိုတော်တော်များများကတော့ ဓာတ်လှေကား ပါတာနဲ့ ကွန်ဒိုလို့ပြောပြီး ဈေးတွေတင်နေကြတာပါပဲ။ နိုင်ငံခြားသား တော်တော်များများကတော့ ကွန်ဒိုတွေမှာ ငှားနေကြတာများတယ်" ဟု ကိုထွန်းထွန်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား များ၏ နေထိုင်ခွင့်ကို ငါးနှစ်သက်တမ်းတိုးမြင့် ပေးသွားရန်စီစဉ်နေသည့်အတွက် သက်တမ်းပိုမိုရရှိပါက ယခုထက်ပို၍ ကွန်ဒို တိုက်ခန်း အငှားဈေးကွက်ကောင်းမွန်လာ နိုင်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်များက သုံးသပ်သည်။

Ref;myanmartime

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!