Popular Posts!

Sunday, June 29, 2014

Contraceptive implant ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း


(၁) ဆရာခင်ဗျာ ကျွန်တော့်အမျိုးသမီးက လက်ထဲမှာ တားဆေးချောင်းထည့်ပြီးကတည်းက ရာသီလာတာ မရပ်တော့ဘူးဖြစ်နေတယ်။ အဲ့ဒါဘယ်လိုလုပ်ရမလည်းမသိဘူးဖြစ်နေလို့ပါ။ ကျတော်တို့ကလည်း အခုသူများနိုင်ငံမှာဆိုတော့ စကားကလည်း သိပ်မပြောတတ်နဲ့ဆိုတော့ ဒုက္ခရောက်နေလို့ပါ။ ကူညီပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်။


(၂) ကျွန်မ အသက် ၃၁ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ Implant ခေါ် လက်မောင်းအရေပြားအောက်တွင် ထည့်မည့် ကိုယ်ဝန်တားဆေးချောင်း ထည့်ချင်လို့ပါ။ သူ၏ ဆိုးကျိုး ကောင်းကျိုးများကိုသိချင်ပါသည်။ ထိုတားဆေးသည် ၅ နှစ်ခံလို့ ပြောပါသည်။ သောက်ဆေးများကဲ့သို့ ဆိုးကျိုးမရှိဘူးလို့ ပြောပါသည်။ ဟုတ်ပါသလား။ ကိုယ်မလိုချင်လို့ ပြန်ထုတ်လျှင် ချက်ချင်း ကလေးပြန်ရသည် လို့လည်း ပြောပါသည်။ ဟုတ်ပါသလား ဆရာ။
(၃) ဒေါက်တာရှင့် ကလေးက ၁၆ လရှိပါပြီ။ သားဦးပါ။ ကလေးမွေးပြီး ၂ လမှာ လက်မောင်းထဲကိုထည့်တဲ့ သားဆက်ခြား အချောင်းလေး ထည့်ထားပါတယ်။ ထည့်ပြီး ၁ နှစ်ကျော်လောက် ရာသီသွေးလုံးဝ မပေါ်ပါဘူးဆရာ။ ပြီးခဲ့တဲ့ တလကျော်က တခါလာလိုက်ပါတယ်။ သိပ်မများပါဘူး။ အခုလကတော့ ၆ ရက်နေ့ကစပြီး နည်းနည်းလာပါတယ်။ ကိုယ်တွေ လက်တွေ အရမ်းလည်း ကိုက်ပါတယ်။ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အတော်များပါတယ်။ ပြီးတော့ ၂ ရက်လောက် ခြားပြီး ဆက်လာနေတာ အခု ၂၂ ရက် နေ့အထိ လာနေလို့ပါ။ ရာသီသွေးလည်း များပါတယ်။ ရာသီသွေးပေါ်တဲ့ရက်က ကြာနေတော့ စိတ်ပူလိ့ပါ။ အရင်တုန်းကလည်း တခါမှ မဖြစ်ဘူးတော့ အခုလို အကြာကြီးလာနေတာ တခုခုများ မှားလို့လားလို့ စိုးရိမ်လို့ပါ။ လူကလည်း အားနည်းသလို ဖြစ်ပြီး မူးမူးနေပါတယ်။ အခုလို သားဆက်ခြားတဲ့နည်းသုံးရင် အဲ့လို ဖြစ်တတ်လား သိချင်လို့ပါ။ ရာသီသွေးက ပုံမှန်မပေါ်ဘူးဆိုတာ ဟုတ်ပါသလား။ အခုလို အားနည်းပြီး မူးနေတာကို ဆေးသောက်လို့ရလား သိချင်လို့ပါ။

ကိုယ်ဝန် တားနည်းတွေ အများကြီး ရှိတယ်။ အရေပြားအောက်မှာ ထည့်ထားရတဲ့နည်းကို အမျိုးသမီး အတော်များများ စိတ်ဝင်စားကြတယ်။ သားအိမ်ထဲလိုမျိုး အတွင်းကျကျမှာ လုပ်ရတာ မဟုတ်တော့ ရှက်စိတ် နည်းစေတယ်။ သူများလဲ မြင်တာ မဟုတ်ဘူး။ တနေ့တလုံး ဆေးသောက်ရတာမျိုးလဲ မဟုတ်။ သုံးလတခါ ဆေးထိုးနေဘို့လဲမလို အကြာကြီး ခံတယ်။ အခါတိုင်း အခါတိုင်း သုံးဘို့ (ကွန်ဒွမ်) တွေလဲ ဝယ်နေစရာ မလိုဘူး။ (ကွန်ဒွမ်) သုံးပါ ပြောလို့ အဖေါ်-ခင်ပွန်းက ငြင်းနေမှာလဲ မပူရဘူး။

Implants ဆိုတာ အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းလေးပါ။ ဆံညှပ်အရွယ်၊ ကွေးနိုင်ဆန့်နိုင်တဲ့ ပြွန်ချောင်းကလေးတခု ဖြစ်တယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေး-ပိုးသန့်ဆေးသုံးပြီး ထည့်ထားရတယ်။ သူကနေ Progestogen ဟော်မုန်းကို ၃ နှစ်ကြာအောင် ထုတ်ပေးနေမယ်။ လစဉ် မ-မျိုးဥအိမ်ကနေ မ-မျိုးဥမထွက်စေအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲကျိတဲ့ အရည်ကိုလဲ ပြစ်စေးလာစေလို့ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် ထားမယ်။ သားအိမ် အတွင်းသား နံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားဆီးပေးမယ်။

၉၉% မက ထိရောက်တယ်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့က စထည့်ထားရင် ချက်ချင်းထိရောက်တယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိမနေစရေဘူး။ ကလေးဖွါးပြီးစမှာလဲ ထည့်နိုင်တယ်။ သားပျက်ပြီးစလဲထည့်နိုင်တယ်။ ကလေးနို့တိုက်တာကိုလဲ သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီ လက္ခဏာတွေကိုလဲ သက်သာစေတယ်။

ဘာဘဲလုပ်လုပ် သတိကြီးစရာတွေတော့ ရှိပါတယ်။ မတော်တာ၊ မထင်တာ ဖြစ်လာတတ်တယ်။ ရာသီ မမှန်တာ၊ ထည့်ထားတဲ့နေရာ ပိုးဝင်တာ၊ နာကျင်တာ၊ ထည့်ပေးတာက နေရာမကျတာ၊ ထည့်ထားတဲ့ ပစ္စည်းက ဟိုရောက် ဒီရောက်သွားတာ စသဖြင့်။ ၁၉၉ဝ ကျော်မှာ စပေါ်တုံးက အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဝန်တားနည်းဖြစ်လာရာကနေ ၂ဝ၁၁ အစပိုင်းရောက်တော့ ကိုယ်ဝန် ရသွားသူပေါင်း ၆ဝဝ ရှိတယ်လို့ ဗြိတိန် တီဗွီတွေမှာ ပြောလာတယ်။ မကြာခင်မှာဘဲ အဲလိုပြောတာ မဟုတ်တဲ့အကြောင်း မီဒီယာက နားလည်မှုလွဲတာပါလို့ (ဂါးဒီးယန်း) သတင်းစာကနေ ပြန်ရေးတယ်။ ၁ဝ နှစ်အတွင် ကိုယ်ဝန်ရသူပေါင်း ၅၄၈ ယောက်ရှိတယ် ဆိုတာဟာ မအောင်မြင်မှုနှုန်း တနှစ်မှာ ဝ့ဝ၁၄% သာဖြစ်တယ်။ အောင်မြင်မှုနှုန်းက ၉၉့၉၈% ဖြစ်တယ်။

1. Nexplanon ဆိုတာ Organon ကုမ္ပဏီကထုတ်ပြီး Etonogestrel ပါတယ်။ ၃ နှစ်ခံတယ်။
2. Norplant ကနောက်မှပေါ်လာတာ။ ၁၉၈၃ ကတည်းက ဖင်လန်နိုင်ငံမှာ စသုံးခဲ့တယ်။ Levonorgestrel (Progestin) 36 mg ပါပြီး (2.4 mm × 34 mm) အရွယ်ရှိတဲ့ Silicone capsules (၆) ခု ဖြစ်တယ်။ ၅ နှစ် ခံတယ်။ ယပ်တောင် ပုံလေးလို လှလှပပလေး ထည့်ပေးတယ်။ အပေါ်ကနေ မြင်နေရတတ်တယ်။ သေခြာစမ်းရင် သိနိုင်တယ်။ အိန္ဒိယကထုတ်တဲ့ Norplant capsules ၆ တောင့်ထဲမှာ Aprogestin ပါတယ်။ ဝတဲ့သူတွေလဲ ရတယ်လို့ ပြောတယ်။ ၅ နှစ်ထားနိုင်တယ်။
3. Jadelle (Norplant II) နာမည်နဲ့ တခြားနိုင်ငံတွေမှာ ရှိတယ်။ (2.5 mm × 43 mm) အရွယ် (စီလီကွန်) (၂) ချောင်းထဲမှာ 75 mg Levonorgestrel ပါတယ်။ ၁၉၉၆ က စသုံးတယ်။ အစက ၃ နှစ် နောက်တော့ ၅ နှစ် အာမခံတယ်။ အစနှစ်မှာ တနေ့ကို 100 µg/day နောက်၊ 40 µg/day နဲ့ 30 µg/day နှုန်းနဲ့ ၅ နှစ်ကြာ ထုတ်ပေးနေမယ်။ လက်မောင်း အတွင်းဖက်၊ အရေပြားအောက်မှာ (ဗွီ) ပုံသဏ္ဌာန် ထည့်ပေးမယ်။ ထည့်နည်းကို http://www.rxlist.com/jadelle-drug.htm မှာ အတိအကျ ပြပေးထားတယ်။
4. Implanon (Etonogestrel) ကို ဗြိတိန်မှာ ၁၉၉၉၊ ကတည်းက စသုံးတယ်။ 4 cm x 2 mm အရွယ်ရှိတယ်။ တတောင်ဆစ် အောက်နား အရေပြားအောက်မှာ ထည့်လေ့ရှိတယ်။ အခု အဲဒါ Nexplanon နဲ့ အစားထိုးလိုက်ပြီ။ ခပ်ဆင်ဆင်ပါဘဲ။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်နိုင်တာ လုပ်ထားတယ်။ Applicator ပါလို့ ထည့်ရတာလဲ လွယ်တယ်။ အရင်ဟာကို ၃ နှစ် ကျော်ရင်တော့ အသစ်နဲ့ အစားထိုးတာ ကောင်းတယ်။ Implanon ကိုသာ USA မှာ ၂ဝဝ၆ ဇူလိုင်ကစပြီး လိုင်စင်ပေးထားတယ်။ Etonogestrel 68 mg ပါပြီး၊ ၃ နှစ်ခံ၊ (၁) ချောင်းထဲ ဖြစ်တယ်။ ထုံဆေးသုံးပြီး လူနာက ညာသန်ဆိုရင် ဘယ်လက်ဖျံမှာ တဒေါင်ဆဆစ် အထက် လက်မောင်း အတွင်းဘက် ၈-၁ဝ စင်တီမီတာ နေရာမယ် ထည့်ပေးတယ်။ ၅-၁၅ မိနစ်အလုပ်သာ ဖြစ်တယ်။ ၄% လောက်မှာ သွေးခြည်ဥတာ၊ ဖေါင်းတာ၊ နီရဲတာ၊ နာနေတာ ဖြစ်တတ်တယ်။

မထည့်ခင် ကိုယ်ဝန်ရှိမနေတာ သေခြာစေသင့်တယ်။ ဆီးစစ်ပါ။ ရာသီစလာတဲ့ရက်ကနေ ၅ ရက်အတွင်း လုပ်သင့်တယ်။ ကလေး ဖွါးပြီးစ၊ ကလေး ၃ ပါတ်အရမှာ လုပ်နိုင်တယ်။ ကလေးနို့တိုက်တာမှာ ပြဿနာမရှိစေဘူး။ နို့ထဲမှာ ဟော်မုန်း နဲနဲလေးတော့ ပါနေနိုင်တယ်။ ကိုယ်ဝန်ပျက်ပြီးသူက ချက်ချင်းထည့်နိုင်တယ်။ ထည့်ပြီး ၂၄ နာရီကစပြီး သက်ရောက်မှု ရှိမယ်။ ပြန်ထုတ်ပြီးရင် မကြာခင် ကိုယ်ဝန် ရနိုင်လာတယ်။

ရေရှည်မှာ ဘာဖြစ်သလဲ။ ကင်ဆာ မဖြစ်တာတော့ သိထားတယ်။ တခြားဆိုတာတွေ သိပ်မသိလှသေးပါ။ ဘေးထွက်-ဆိုးကျိုး မရှိတော့ မဟုတ်ပါ။ ဟော်မုန်း တန်ခိုးက ကြီးတယ်။ တခုကောင်းတာက တခုခုဖြစ်ရင် ထုတ်ပြစ်လိုက်ယုံဘဲ။ ဆေးထိုးတာသူတွေနဲ့ မတူဘူး။ ဆေးသတ္တိက ချက်ချင်း ရပ်သွားတာ။ မွေးလမ်းကြောင်းကနေ သွေးဆင်းနေချိန်၊ အသဲရောဂါရှိနေရင်၊ သွေးခဲပိတ်ရောဂါရှိနေရင် မသုံးရဘူး။ မျိုးဥအိမ် အကျိတ်ရှိသူတွေလဲ မသုံးသင့်ဘူး။ လူကောင် ဝလွန်းသူတွေအတွက်လဲ ကိုယ်ဝန်တားဘို့ မသေခြာလှဘူး။ ဥပမာ Body mass index ဆိုတာက 35kg/sq metre ကျော်နေရင်။ ကိုယ်ဝန် ရှိနေရင်၊ အသဲရောဂါ ရှိနေရင်၊ အခု ဒါမှမဟုတ် လွန်ခဲ့တဲ့ ၅ နှစ်က ရင်သား-ကင်ဆာရှိရင်၊ (မိုင်ဂရင်း) အမူးရောဂါ ရှိရင် မသုံးသင့်ဘူး။

ဘေးထွက်ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ခေါင်းမူး၊ သွေးနဲနဲစွန်းမယ်၊ ရာသီများမယ်၊ မဆင်းဘဲနေမယ်၊ ကိုယ်အလေးချိန်တိုး၊ ရင်သားနာ၊ စိတ်ကျ၊ စိတ်မူပြောင်း၊ ပျို့ချင်မယ်၊ ရာသီမလာတာ လူတိုင်းတော့ မဟုတ်ပါ။ ကိုယ်ရောင်သလိုဖြစ်မယ်၊ ဝက်ခြံပိုထွက်မယ်၊ လူကပိုဝလာ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ စိတ်မူပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ လိင်စိတ် ပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)။

မသုံးသင့်သူတွေ = မွေးလမ်းကနေ ဘာမှန်းမသိဘဲ သွေးဆင်းနေသူ၊ အသဲရောဂါဆိုးရှိနေသူ၊ သွေးခဲပိတ်ရောဂါရှိနေသူ၊ မျိုးဥအိမ်-အကျိတ် ရှိနေသူတွေ၊ St John's wort (Hypericum perforatum, Tipton's Weed, Chase-devil, Klamath weed) ခေါ်တဲ့ စိတ်ကျရောဂါ အတွက် သုံးတဲ့ တိုင်းရင်းဆေး ပေးနေသူတွေ၊ Rifampicin, Rifabutin, Phenytoin, Carbamazepine, Phenobarbital နဲ့ Primidone ဆေးတွေ သောက်နေရသူတွေ HIV ဆေးပေးနေသူတွေမှာ သတိထားရမယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်တာ သမိုင်းကို ဆန်းစစ်တဲ့အခါ စိတ်မသက်သာစရာတွေ တွေ့လာရတယ်။ ၆-၁-၂ဝ၁၁ လန်ဒန်က လာတဲ့ သတင်းတပုဒ်မှာ ၃ နှစ်ခံ Implanon implant သုံးတဲ့ အမျိုးသမီး ၅ဝဝ မယ် ကိုယ်ဝန်ရခဲ့တယ်လို့ ဆိုတယ်။ (တီဗွီ-စတိုရီ) တွေလည်း ပြကြတယ်။ နောက်ထပ် ဒါပေမဲ့တခု ဆက်လာပါတယ် (မီဒီယာ) သမားတွေဟာ အခြေခံသင်္ချာကို နားလည်မှု လွဲနေတယ်တဲ့။ ပြောတဲ့သူက Medical statistician ဆေးပညာ-စာရင်းဇယား ပညာရှင်ပါ။ ၁ဝ နှစ်အတွင်း ကိုယ်ဝန် ၅၈၄ ဆိုတာဟာ Failure rate မအောင်မြင်နှုန်း ဝ့ဝ၁၄% သာဖြစ်ပါတယ်၊ Success rate အောင်ချက်က ၉၉့၉၈၆% ပါတဲ့။

UK မှာ ၁၉၉၉ တည်းက အမျိုးသမီးပေါင်း ၁့၎ သန်း Implanon ထည့်ထားကြတယ်။ ၁၆ဝ၇ က (ကွန်ပလိန့်) တက်တယ်။ ၉၉% ထိရောက်တယ်။ ညွှန်ကြားချက်လဲ ထုတ်ထားလိုက်တယ်။ လူနာတွေကို သတင်းအချက်အလက် အစုံ အသိပေးပါ။ အကျိုးနဲ့ အပြစ်တွေ၊ တခြားနည်းနာတွေ၊ ဘေးထွက်-ဆိုးကျိုးတွေ ပါစေရမယ်။ ပြဿနာပေါ်ရင် ရှင်းလင်းချက်၊ တောင်းပန်ချက်၊ ဘယ်လို ကိုင်တွယ်မလဲ၊ ထည့်ပေးထားသူတွေကို (ဖေါလိုအပ်) ခေါ်ယူစစ်ဆေးမှု စီစဉ်ပေးပါ၊ မထည့်ခင်က ကိုယ်ဝန်ဟာ သားအိမ်ထဲ၊ သားအိမ်ပြင်ပမှာ ရှိနေ-မနေ သေခြာစေပါ။

Dr. တင့်ဆွေ



Credit @ Ko Nge

ပြည်သူလူထုတွေ အော်နေပြီ! ရပ်တော်မူပါဦး ကုန်ဈေးနှုန်း....


ရပ်တော်မူပါဦး ကုန်ဈေးနှုန်းဧပြီလမှစ၍ ကုန်ဈေးနှုန်းများ သိသိ သာသာတက် လာသောကြောင့် ယခင်လို ဈေးဝယ်ရတာအဆင်မပြေတော့။

လက်ထဲတွင် ပါသော တစ်နေ့ စရိတ်နှင့် ဝယ်ခြမ်းရမည့် ဟင်းစားကို တော်တော် စဉ်းစားရသည်။ ယခင်နှစ်များကမူ သင်္ကြန် ကျော်ပါက ဈေးပြန်ကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဘယ်သို့ ဖြစ်သည် မသိ။ ဈေးက လုံးဝပြန်မ ကျေ တာ့သောကြောင့် တစ်ခါဈေးဝယ်လျှင် လက်ထဲမှာပါသည့် ငွေနှင့် ဟင်းစား လောက်ငအောင် တွက်ရသည့် အချိန်က ပိုလာသည်ဟု ရန်ကင်းမှ အိမ်ရှင် မတစ်ဦးဖြစ်သည့် မသီတာက ပြောသည်။
”ဈေးသွားရင် ငွေပိုယူ သွားရတယ်၊ အရင်ကလိုတစ်နေ့ ငါးထောင်နဲ့လောက်တယ်ဆိုပြီး ယူသွားလို့ ကတော့ အဲဒီငွေက အသားငါးဝယ်တာနဲ့တင်ကုန်ပြီ။ ဒါတောင် ဆန်၊ ဆီ၊ ဆားတွေ မပါသေးဘူး ” ဟု ၎င်းကစိတ်ပျက်စွာ ပြောသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်တစ်နေ့ လုပ်အားခဘတ် ၃ဝဝ သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ တစ်နေ့ လုပ်အားခ မသတ်မှတ်ရသေးပါ။ လုပ်ငန်း များအလိုက် ဝင်ငွေရရှိမူ မတူညီကြသော်လည်း ကုန်ဈေးနှုန်းမြင့်မားခြင်း ဒဏ်ကိုတော့ အယုတ်အလတ်အမြတ်မရွေး တူညီစွာခံစားကြရသည်။ ဆန်ဈေးမြင့်တက်
မြန်မာလူမျိုးတို့အတွက် မရှိမဖြစ်စားကုန်ဖြစ်သော ဆန်ဈေးနှုန်းများ မေလဆန်းမှစ၍ မြင့်တက်လာပြီး ဆန်ချောတစ်အိတ်လျှင် ကျပ်၂ဝဝဝ မှ ၃ဝဝဝ အထိ မြင့်တက်သွား သည်။အလား တူ ဆန်ကြမ်းဈေးလည်း မြင့်တက်လျက် ရှိပြီး တစ်အိတ်လျှင် ကျပ် ၇ဝဝ မှ ၈ဝဝ အထိ ဈေးတက်နေကြောင်း ဝါးတန်းရှိ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ယမန်နှစ်များကလည်း ဆန်ဈေးတက်လေ့ ရှိသည်။ သို့သော် ဆန်ချောတစ်အိတ်လျှင် ကျပ် ၁ဝဝဝ ဝန်းကျင်သာ တက်လေ့ရှိပြီး ယခုနှစ်တွင်မူ ဈေးပိုတက်လာသည်ဟု ၎င်း က ပြောသည်။ ထိုသို့ဈေးတက်ရခြင်းမှာ ကြိတ်ခွဲခ နှင့် သယ်ယူစရိတ်များကြောင့်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ ရွှေဘိုတို့မှ ဆန် များဝင်ရောက်လျက်ရှိပြီး လက်ရှိဈေး ထက် ထပ်မံမြင့်တက် ဖွယ်ရာရှိသည်ဟု အထက်ပါကုန်သည်ကဆိုသည်။ ”ထမင်းကောင်းတဲ့ဟာ (ဆန်ချော)ကနည်းနည်းရှားတယ်၊ ဒီနှစ်က ထပ်တက်ဖို့များတယ်” ဟု ၎င်းကဆိုသည်။ ဆန်ကြမ်းဈေး တက်မတက်မှာမူ တင်ပို့မှုအပေါ် မူတည်ကြောင်း၊ တင်ပို့ မှုများပါက ဆန်ကြမ်းဈေးလည်းတက် ဖွယ်ရာရှိကြောင်း ၎င်းကဆိုသည် ။
” Export ဝင်လာပြီဆိုရင် ငါးမတ်ဆန် (ဆန်ကွဲရော)က တန်းတက်သွားရော၊ ဒါပေမဲ့ သူက ဆန်ချောလောက်တော့ အတက်အကျ မကြမ်းပါဘူး”ဟု ၎င်းကပြောသည်။ 
ဆန်ဈေးမြင့်တက်ခြင်းကြောင့် ပုံမှန် ဆန်ချောစားသူများပင် ဆန်ကြမ်းနှင့် ရောနှောစားလာသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ် ဦးဖြစ်သည့် ဒေါ်မေမျိုးခိုင်က ယခင်က ၁၉ဝဝ တန် ဆန်တစ်ပြည်လျှင် ကျပ် ၂၂ဝဝ အထိ ဈေးတက်သွားကြောင်း၊ ဟင်းသီးဟင်းရွက်၊ သားငါး အပါအဝင် ဆိုပါက တစ်နေ့ လျှင် ကျပ်တစ်သောင်း အထက်ပါမှသာ အဆင်ပြေတော့ကြောင်း ပြောသည်။ ”ကလေးမုန့်ဖိုးကို မနှစ်က ငါးရာ၊ တစ်ထောင်ပေးလို့ ရတယ်။ အခုက ၁၅ဝဝ၊ ၂ဝဝဝ လောက်မှ။ အိမ်က သားဆိုရင် သူ့ကို တစ်နေ့တစ်ထောင် ပေးရင် ဘာပြောလဲ ဆိုတော့ မေမေတဲ့၊ အာလူးကြော်တစ်ထုပ်တောင် ၂ဝဝ ရှိ တယ်။ အအေးတစ်ဘူးက ၇ဝဝ ရှိတယ်၊ အဲ တစ်ထောင်နဲ့ဆိုရင် မုန့်နှစ်မျိုးတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူးတဲ့”ဟု ဒေါ်မေမျိုးခိုင်က အိမ်သုံးစရိတ်များ မြင့်တက်လာခြင်းကို ပြောပြသည်။
ဆီဈေးငြိမ် ဆန်ဈေး မြင့်တက်နေသော်လည်း ဆီဈေးမတက်ကြောင်း မြောက်ဒဂုံရှိ ကလေးနှစ်ဦးမိခင် ဒေါ်စိုးစိုးက ပြောသည်။ ဧပြီလအတွင်းက ထိုင်းမှဝင်သော ဆီပုံးများ ဈေးမြင့် ခဲ့သော်လည်း လက်ရှိ အချိန်တွင်မူ ပုံမှန်ပြန်ဖြစ်ပြီဟု ညောင်ပင် လေးဈေးမှ ဆီရောင်းသူတစ်ဦးကပြော သည်။ မကွေး၊ မြင်းခြံတို့မှ ဆီများကို အများဆုံးရောင်းချသော အဆိုပါ ဆီ ဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီဈေးများ အတက်အကျမရှိကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် လက်လီဈေးကွက်အတွင်း ပဲဆီ တစ်ပိဿာလျှင်ကျပ် ၄ဝဝဝ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။ ဆီဈေးနှုန်းသည် အလှူ အတန်းများသော ပွဲတော်ရက်များတွင် တက်လေ့ ရှိကြောင်း၊ ပြည် တွင်းထုတ် ပဲဆီများသာမက မလေးရှားမှပို့သော စားအုန်းဆီ၊ ထိုင်းမှဝင်သောပုစွန်နှစ်ကောင် ဆီတို့ကိုအသုံးများကြောင်း သိရသည်။
ကြက်သားဈေးမြင့်
ကြက်သား တစ်ပိဿာလျှင်ကျပ် တစ်ထောင်ကျော် ဈေးမြင့်လာကြောင်း အသားလက်လီ ရောင်းချသူများထံ မှသိရသည်။ ထိုသို့ဈေးမြင့်ရခြင်းမှာ ရာသီဥတုပူ၍ ကြက်ေ သနှုန်းများလာခြင်းကြောင့်ဖြစ်ကြောင်း အသားတိုး ကြက် ထုတ်လုပ်မွေးမြူရောင်းချသူများ အသင်းမှ ဦးခင်မောင်လွင်က ပြောသည်။ 
ထို့အပြင် အခြားသားငါးများ အဝင် နည်းနေသောကြောင့် ကြက်သားဈေး မြင့်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခြံဖမ်းဈေး တစ်ပိဿာလျှင် ကျပ် ၃၉ဝဝ ဈေးရှိပြီး လက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂ဝဝ ဈေးရှိ သည်။ သို့သော် ရပ်ကွက်ဈေးများတွင်မူ ကြက်သား တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ဈေး ရှိနေသည်ဟု အိမ်ရှင်မဒေါ်စိုးစိုးကပြောသည်။
”ဒိုင်မှာဈေးတက်လို့ ဒီမှာတက်တာ လို့ပြောတယ်”ဟု ၎င်းကပြောသောကြောင့် ၃၈ လမ်းဈေးရှိ ကြက်သားသည်တစ်ဦး ကိုမေးမြန်းကြည့်ရာ လက်လီဈေး တက်ေ သာကြောင့် ဈေးတက်ရောင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ကြက်သားဈေးသည် အိမ် နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံနှင့် နှိုင်း ယှဉ် ပါက မြင့်ေ နပြီး မွေးမြူသူများ အတွက်မူ တွက်ခြေကိုက်ကြောင်း၊ ဈေးထိုးကျသွားပါက စားသုံးသူများ အတွက် တွက်ခြေကိုက်သော်လည်း ရောင်းချသူများအရှုံးပေါ်ကြောင်း၊ ကြက်သားပို ထုတ်လုပ်နို င် ပါက မွေးမြူသူ နှင့် စားသုံးသူ နှစ်ဦးနှစ်ဖက် တွက်ခြေ ကိုက်သော အခြေအနေရရှိနိုင်ကြောင်း ၎င်းကပြောသည်။ ”ထိုင်းမှာကတစ်ခြံကို အနည်းဆုံး အကောင်ရေတစ်သိန်းလောက် မွေးတာ၊ ဒီမှာက ရာဂဏန်းပဲ မွေးနိုင်ကြတယ်။ အဲဒီလိုသာ ထုတ်လုပ်နိုင်မယ်ဆို နှစ်ဖက် စလုံး တွက်ခြေကိုက်မှာ”ဟု ၎င်းက ပြောသည်။ မင်္ဂလာတောင်ညွန့် ကြက်ဘဲဒိုင်မှ ကိုဇော်ဝင်းကမူ အပူရှိန်လျော့သွားပြီ ဖြစ်၍ ကြက်သားဈေး ကျဖို့သာရှိသည်ဟု သုံးသပ် သည်။ ”လက်ကားဈေးမှာ တစ်ပိဿာ ခြောက်ထောင်၊ ခုနစ်ထောင်ဖြစ်နေ တော့ စားသုံးသူတွေအတွက် တော်တော်ကြီးတဲ့ နှုန်းထားဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
ဧပြီလမှစ၍ ကြက်သားဈေးများ သိသာစွာ မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လက်ကားဈေးကျ ဆင်းခြင်းမရှိသေးကြောင်း သိရသည်။ အင်းစိန်မြို့နယ်မှ အသ က်ခြောက် ဆယ်ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက ”ကြက်သားတစ်ဆယ်သားကို ခုနစ်ရာ ဈေးရှိတယ်၊ အစိတ်သားလောက်ဝယ်မှ အိမ်ကမိသားစုနဲ့ လောက်ငအောင်စား ရ တယ်” ဟု တွက်ချက်ပြသည်။ 
ဝက်သား၊ အမဲသားဈေးတက် ကြက်သားကဲ့သို့ပင် ဝက်သားဈေးလည်းမြင့်တက်နေပြီး လက်ကားဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်နှစ်ထောင်အထိ ဈေးမြင့်လာသည်။ အလားတူ အမဲသားလည်း ဈေး တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိဈေးမြင့်လာကြောင်းသိရ သည်။ဝက်သား တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဈေးရှိနေပြီး အမဲသားတစ်ပိဿာလျှင် ကျပ် ၉ဝဝဝ ဈေး ရှိနေကြောင်း သိရ သည်။ 
ထိုသို့ဖြစ်ရခြင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ကျွဲ၊ နွား၊ ဆိတ် အရှင်များ တရားမဝင်လမ်းကြောင်းမှတင်ပို့နေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ ကျွဲ၊ နွား တင်ပို့ရောင်းချသူတစ်ဦးက ”အဲဒီလို တရားမဝင်သွားနေတာတွေကို ထိန်းချုပ်ပြီး တရားဝင်သတ်မှတ်ပေးမယ်ဆိုရင် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မယ်၊ အစိုးရက အဲဒါကိုကူညီပေးဖို့လိုတယ်”ဟု မှတ်ချက်ပြုသည်။ အင်းစိန်မြို့နယ်မှ အသက်လေးဆယ် ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက အမဲသား များ ဈေးတက်လာသောကြောင့် ယခင် ထက်လျှော့ဝယ်နေ ရကြောင်း ပြော သည်။”တစ် ခါ စားရင် ဟင်းသေးနှစ်တုံး ထည့်ပေးတာတောင် အိမ်က ကလေးက မဝလို့ သူ့ကိုထည့်ပေးတာ နည်းတယ် ဆိုပြီး ဂျီကျတယ်၊ အမဲသားတစ်ဆယ် သား ကိုး ရာဈေးဖြစ်ေ နတော့ အရင်လို အများကြီး မဝယ်နိုင်တော့ဘူး”ဟု ၎င်းက စိတ်ပျက်စွာ ပြောသည်။
ငါးဈေးမြင့် လက်ကားဈေးတွင် ငါးဈေးမြင့် တက်လျက်ရှိပြီး ငါးကြင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ယခင်ထက် ကျပ်တစ် ထောင်ကျော် မြင့်တက်လာသည်ဟု သိ ရသည်။ ငါးဒိုင်ဖြစ်သည့် ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးတွင် ဈေးမတက်သော် လည်း လက်ကားဈေးကွက်တွင် ဈေး တက်လျက်ရှိကြောင်း အဆိုပါဈေးရုံးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ 
ထိုသို့ ဈေးတက်ရခြင်းသည် သယ်ယူစရိတ်နှင့် ရေခဲဈေး မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အင်းစိန်ရှိငါးရောင်းသူတစ်ဦး ကပြောသည် ။ငါးမြစ်ချင်းတစ်ပိဿာလျှင် ဒိုင်မှ ကျပ် ၂၇ဝဝ ဈေးဝယ်ရသော်လည်း ပြန်ရောင်းသည့်အခါ ကျပ် ၃၅ဝဝ၊ ၄ဝဝဝ ဈေးရောင်းချကြောင်း၊ မီတာခများတက် ၍ရေခဲတစ်တုံးလျှင် ကျပ်ငါးရာဈေးတက်သောကြောင့် လက်ကားဈေးကွက်တွင် ငါးဈေးများမြင့်လာခြင်း ဖြစ်ကြောင်း ၎င်းကပြောသည် ။
 ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှ ဈေးသည်တစ်ဦးကမူ ”လက်ကားဈေး မှာက တစ်ခါလောက် ဈေးတက်သွားတာ နဲ့ တော်တန်ရုံဈေးပြန်မကျတော့ဘူး၊ သူ တို့ကိုမေးရင် လက်လီဈေးမှာကိုက ဈေး တက်နေတာလို့ပြောကြတယ်”ဟု ပြောသည်။ မိုးရာသီရောက်ပြီဖြစ်၍ ငါးဈေး များ အကျဘက်သာ ရှိလာနိုင်ကြောင်း၊ ကုန်အဝင်ပေါ်မူ တည် ၍ ဈေးအတက်အ ကျရှိကြောင်း၊ လက်ရှိတွင် ဗဟိုစံပြငါး ဈေးသို့ တစ်ရက်လျှင် ငါးပိဿာချိန် ပေါင်း နှစ်သိန်းဝန်းကျင် ဝင်ရောက်ပြီး နယ်များသို့ တစ်ရက်လျှင် ပိဿာချိန် နှစ်သောင်း ဝန်းကျင် တင်ပို့နေရကြောင်း သိရသည်။ 
ငါးကဲ့သို့ပင် ရေထွက်ကုန် ဖြစ်သော ပုစွန်လည်း ဈေးမြင့်လျက် ရှိပြီး တစ်ပိဿာလျှင် ကျပ်နှစ်ထောင်မှ သုံး ထောင် အထိ ဈေး တက်ေ နကြောင်း သိရသည်။ ”ဘာငါးပဲဖြစ်ဖြစ် ဈေးတက်နေတာ၊ ချဉ်ဟင်းချက်သောက်တဲ့ ငါးခေါင်းတောင် တစ်ထောင်ဖိုးဝယ်မှရောင်း တဲ့ေ ခတ် ဖြစ် နေပြီ” ဟု မြောက် ဂုံ မှ အသက်ငါးဆယ်ကျော် အိမ်ရှင်မတစ်ဦးက ပြောသည်။
ဟင်းသီးဟင်းရွက်ဈေးတက်
 မေလအတွင်း မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းဈေးများမြင့်တက်လျက်ရှိပြီး ကုန် အဝင်လည်း နည်းနေသည်ဟု တညင်း ကုန်းဈေးမှသိရသည်။ ဘူးသီးတစ်လုံး လျှင် ကျပ် ၃ဝဝ မှ ကျပ်၂ဝဝဝ ထိလည်း ကောင်း၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၃ဝဝ၊ ၄ဝဝ မှ ကျပ် ၁ဝဝဝ၊ ၁၂ဝဝ ထိလည်း ကောင်း ဈေးမြင့်တက်လျက်ရှိပြီး ကုန် အဝင်ပေါ်မူ တည်ပြီး ဈေးကစားကြ ကြောင်း အဆိုပါဈေးမှ ကုန်စိမ်းရောင်း ချသူ တစ်ဦးကပြောသည်။ ထို့အပြင် ယခင်က ဟိုင်းလတ်ကားများဖြင့် ကုန် တင်ပို့ကြပြီး ဧပြီလမှစ၍ ဟိုင်း လတ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အ တွင်း ဝင်ရောက်ခွင့်မရှိတော့၍ ဒိုင်နာ များဖြင့် ကုန်တင်ပို့ကြကြောင်း၊ တစ်နေ့ လျှင် ဟိုင်းလတ်အစီး နှစ်ဆယ်ခန့်ဝင်ရာမှ ဒိုင်နာ ၁၂ စီးခန့်သာ ဝင်တော့သော ကြောင့် ကုန်အဝင်နည်းပြီး ဈေးတက်လာ ခြင်းဖြစ်ကြောင်း တညင်းကုန်းဈေးဌာနခွဲ (၂)မှ ဦးသိန်းလွင်ကပြောသည်။ ထို့အပြင် ၎င်းက ”ဟိုင်းလတ်ကားနဲ့တုန်းက ကျပ် ၅ဝဝတန် ပစ္စည်းတစ်ထုပ်ကို ခုလိုက် ထရပ်ကားက ၁ဝဝဝ၊ ၁၅ဝဝ ကျပ် ယူတယ်။ လူကိုလည်းအဲဒီလိုပဲ။ တစ်ဆလောက်ကို တက် သွား တယ်”ဟုသုံးသပ်ပြောသည်။ ဟင်းသီး ဟင်းရွက်ဒိုင်များတွင် ဈေးတက်သည်ဟုဆိုကာ လက်ကားဈေး ရောင်းသူများကလည်း ဈေးတင်ရောင်း ကြသောကြောင့် ဟင်းသီးဟင်းရွက်ဈေး များ သိသာစွာ မြင့် တက်လာခြင်းဖြစ် ကြောင်း တညင်းကုန်းဈေးရှိ ကုန်စိမ်းသည် တစ်ဦးကပြောသည်။ ရန်ကင်းမြို့နယ်မှ အိမ်ရှင်မ မသီ တာကမူ ”ကန်စွန်းရွက်တစ်စည်း နှစ်ရာ ဖြစ်နေပြီ၊ အသားဟင်းတစ်မျိုး အရွက် ကြော်တစ်မျိုးတည်း ချက်စားဖို့တောင် မလွယ်တော့ပါဘူး”ဟု ညည်းတွား ပြောဆိုသည်။ ဈေးတွေ ဘာကြောင့်တက်
အစိုးရက လိုငွေပြ၍ ငွေစက္ကူရိုက်ထုတ်ခြင်းကြောင့်လည်းကောင်း၊ စီးပွား ရေးဖွံ့ဖြိုးလာ၍လည်းကောင်း ကုန်ဈေး နှုန်းတက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် လက် ရှိဖြစ်ပေါ်နေသောအခြေအနေမှာ စီးပွားရေးဖွံ့ဖြိုးမှုကြောင့်ဖြစ်ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။Tradingeconmics.com တွင် ဖော်ပြ ထားသော မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့မှ ယခုနှစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းသည် ၂ဝ၁ဝ မှ ၂ဝ၁၄ အတွင်း ပုံမှန်အားဖြင့် ၅ ဒသမ ဝ၂ သာရှိေ သ်ာလည်း ၂ဝ၁၄ ဖေဖော်ဝါရီတွင်မူ ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ဝ၃ ဖြစ်နေကြောင်း သိရသည်။
 ”စီးပွားရေးတက်လာလို့ ကုန်ဈေးနှုန်းတက်လာတယ်။ ဒါပေမဲ့ စီးပွားရေးတက်တာက လူတစ်စုထဲ အကျိုးခံစားခွင့် ရှိနေတယ်။ ပြည်သူတွေရဲ့ဝင်ငွေက တက်မလာဘူး” ဟု ဒေါက်တာဇော်ဦးက ပြောသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Mr.Matt Davies က ယခုနှစ် ဇန်နဝါရီတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာ့ငွေဖောင်း ပွမှုနှုန်းသည် ၂ဝ၁၅ မတ်လအထိ ၆ ရာခိုင်နှုန်းတက်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဈေးကွက်မှရရှိသော အချက်အ လက်များအရ သားငါးဟင်းသီး ဟင်းရွက် ဈေးတက်သည်ဆိုသော်လည်း လက်လီ ဒိုင်များတွင် ကုန်အဝင်ပေါ်မူတည်ပြီး သာ ဈေး တက်ခြင်းဖြစ်သည်။ သို့သော် လည်း လက်ကားဈေးများတွင်မူ ကုန် အဝင်မည်သို့ပင်ဖြစ်စေ၊ အချိန်ပြည့် ဈေး တက်နေသည်ကို တွေ့ရ သည်။ ထိုသို့ဖြစ် ရခြင်းမှာ ကားခ၊ ဆိုက်ကားခ၊ ထမ်းပိုးခစသည့်တစ်ဆင့်သယ်ယူစရိတ်များကြောင့် ဖြစ်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။ တညင်းကုန်းဈေးရှိ ခရမ်းသီးရောင်း ချ သည့် အသက်သုံးဆယ်အရွယ် အမျိုး သားဈေးသည်တစ်ဦးက ”ဒီမှာ ခရမ်းသီး အရှည်ကြီးတစ်လုံးမှ ကျပ် ၅ဝ ၊ ၇ဝ လောက်ရောင်းကြတာ။ ရပ်ကွက်မှာ အဲဒီတစ်လုံးကို ၁၅ဝ ကျပ် အထိရောင်းနေကြတာဗျ။ ရပ်ကွက်ကဈေးသည်တွေ တော် တော်လေး အမြတ်ကြီးစားကြတယ်” ဟု နှိုင်းယှဉ်ပြောသည်။ ဈေးမတက်အောင် ဘယ်လိုလုပ်မလဲ
ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်သူများ၏ ဝင်ငွေတက်လာအောင် အစိုးရကလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ စီးပွားရေး တိုးတက်သလို ပြည်သူတစ်ရပ်လုံး ဝင်ငွေတက်လာရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာဇော် ဦးက ပြောသည်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးသန်းလွင် (ငြိမ်း)ကမူ ထိုသို့ဖြစ်ရခြင်းမှာ အစိုးရက စစ် တမ်းကောက်ယူမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ပေါ်လစီတစ်ခုခု ပြောင်းတော့မည်ဆိုလျှင် ဖြစ် လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို စစ် တမ်းကောက်ယူကာ ကုန်သည်လုပ် ငန်းရှင်များ၊ ပြည်သူများသို့ ချပြလေ့ရှိ ကြောင်း ပြောသည်။ ထိုသို့စီစဉ်ခြင်းကြောင့် ကုန်သည်များသည် ဈေးကစားခြင်းကို မလုပ်ဝံ့ကြ တော့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ ထိုသို့ အစီအမံမရှိသောကြောင့် ဈေး ကစားမှုများ ဖြစ်ပေါ်ေ နခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ”အစိုးရက ကြိုမြင်ဖို့လိုတယ်။ ကြို မြင်ထားရင် ကာကွယ်လို့ရတယ်။ ဘတ် ဂျက်ဆွဲရင်လည်းကြိုမြင်ထားရမယ်၊ တက်တာကို ဘယ် လိုကာကွယ်မလဲ၊ အ ကျိုးယုတ်မှုအနည်းဆုံးဖြစ်အောင် ဘယ် လိုလုပ်မလဲ၊ လုပ်ပြီးပြီဆိုရင်လည်း ကျွန်တော်တို့တော့ ဒီလို လုပ်ထားပါတယ်ဆိုပြီး ကြေညာရမယ်” ဟု ဦး သန်းလွင်က အကြံ ပြုသည်။ ထို့ပြင် ကုန်ဈေးနှုန်းနှင့်ဆက်စပ်နေသော တိကျသည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမရှိခြင်း၊ စားသုံးသူ အကာကွယ်ပေးရေး အဖွဲ့အစည်း နည်း ပါးခြင်း သည် လည်း ပြဿနာတစ်ရပ်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ”နိုင်ငံခြားတွေမှာဆို ကုန်ဈေးနှုန်းတက်ပြီဆို မီဒီယာကို ပြောလိုက်တာနဲ့ရပ်သွားတာ၊ သူတို့ဆီမှာဥပဒေ အရပေါ် လာတဲ့ အဖွဲ့အစည်းများတယ်၊ ဒီမှာ အဲဒီလိုအဖွဲ့မရှိဘူး”ဟု ၎င်းက ထပ်လောင်း ပြောသည် ။
 မြန်မာ့နိုင်ငံရေးတွင် ကုန်ဈေးနှုန်း တက်ခြင်း၊ ငွေစက္ကူများသိမ်းခြင်းကြောင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် သာဓက များရှိ၍ အစိုးရသည် ကုန်ဈေးနှုန်း ပြဿနာကို လျစ် လျူမရှုသင့်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက ထောက်ပြသည်။ ”ကုန်ဈေးနှုန်းကိစ္စကိုအစိုးရက တာ ဝန်မယူဘူးဆိုရင်တော့ အ လား အလာ မကောင်းနိုင်ဘူး၊ ရှေ့မှာလည်း သာဓက တွေရှိခဲ့ပါတယ်”ဟု ၎င်းက မှတ်ချက်ပြု သည်။
အဝတ်အစား၊ အသုံးအဆောင်ကို ခြိုးခြံချွေတာ၍ ရနိုင်သော်လည်း အစားအသောက်မှာမူ အာဟာရစုံအောင် စားရန်လိုအပ်ပေသည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)၏ ထုတ် ပြန်ချက်အရ အရှေ့တောင်အာရှ၏ အာ ဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးနိုင်ငံ စာရင်း တွင် မြန်မာနိုင်ငံသည် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ အာဟာရ ချို့တဲ့မှု ပြဿနာသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်ကြုံတွေ့နေရသည့် အကြီး မားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သည်။ ယင်းကြောင့် မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေးသူငယ် စုစုပေါင်း ၏ သုံးပုံတစ်ပုံမှာ ပုညှက်နေပြီး ၎င်းတို့ ထဲမှ ရှစ်ရာခိုင်နှုန်းခန့်သည် အသက် အရွယ်နှင့် မလိုက်အောင် ဆိုးဆိုးရွားရွား စိုးရိမ်ဖွယ် ပိန်သေးနေကြောင်း ယူနီဆက်မှသိရသည်။ ”အရင်လို ဟင်းနှစ်မျိုး စားရဖို့ တောင်မလွယ်တော့ဘူး၊ တစ်ရက်ဟင်း ကောင်း စား ရင် နောက်တစ်ရက်ကိုဖြစ်သလိုစားပုံစံမျိုးနဲ့ပဲသွားနေရတယ်”ဟု ရန်ကင်းမှ မသီတာက ပြောသည်။ 
Popular News

ကလေးတို့ ဘာကြောင့် လိမ်ညာတတ်ရသလဲ !

အဓိက အမိမြန်မာပြည်မှာ ဒီလို အကျင့်တွေမဖျောက်နိုင် တာကြောင့်
နိုင်ငံလူကြီးတွေလဲဒီလိုအကျင့်ပါနေတာဖြစ်မယ်နော်...... အမြဲတန်းလူထုတွေကိုအမှန်ပြောတာတခါမှမရှိသေးဘူးလေ... အခုထိလိမ်ပြောနေတုန်းဘဲဗျ...


အဓိက အမိမြန်မာပြည်မှာ ဒီလိုလိမ်တတ်၊ညာတတ် တာ ကို နောက်မျိုးဆက်ပေါင်းများစွာလောက်ကို ပြင်နိုင်မှ တော်ရန်ကျပါလမ့်မယ်ထင်တယ်.....

လိမ်တယ်၊ ညာတယ် ဆိုတာဟာ မကောင်းတဲ့ အကျင့်စရိုက် တခုပါ။ ဘယ်မိဘ မဆို ကိုယ့်ရဲ့ သားသမီးကို မလိမ်တတ်၊ မညာ တတ် တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကလေးမျိုး ဖြစ်စေချင် ကြပါတယ်။ ဒါပေမယ့် ကလေး တော်တော် များများဟာ အကြောင်း အမျိုးမျိုးကြောင့် မိဘများ၊ ဆရာများကို လိမ်ပြောတတ်ကြ ပါတယ်။

လိမ်တယ် ညာတယ် ဆိုတာဟာ တကယ်တော့ ကလေးတယောက်ချင်း အတွက်ရော၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက်ပါ မကောင်းတဲ့ အကျင့်ဆိုးကြီးပါ။ လိမ်တတ်ညာတတ်တဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက ကျမတို့ မပြုပြင်၊ မထိန်းကျောင်းခဲ့ဘူး ဆိုရင် အနာဂတ်မှာ လိမ်တတ်၊ ညာတတ်တဲ့ လူကြီးတွေ များပြားတဲ့ လူ့အဖွဲ့စည်းကြီး တရပ် ဖြစ်လာမှာပါပဲ။

ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကလေးတို့ရဲ့ လိမ်ညာတဲ့ကိစ္စကို ကျောင်းတွေမှာ တော်တော်လေးကိုပဲ ဂရုတစိုက်နဲ့ ထိန်းကျောင်း ပဲ့ပြင် ပေးကြ ပါတယ်။ ကျမတို့ ဆီမှာတော့ ကလေးတွေ လိမ်တာတွေ့ရင် မှတ်လောက်အောင်ဆိုပြီးတော့ ရိုက်နှက် ဆုံးမတာမျိုး၊ အရှက် ခွဲပြီးတော့ ဆုံးမတာမျိုးတွေ လုပ်တတ်ကြ ပါတယ်။

အမှန်တော့ ဒီလိုဆုံးမတာမျိုးဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို နာကျင်ထိခိုက် သွားရုံကလွဲလို့ ကလေးတို့ မလိမ် မညာအောင် လို့ မတားမြစ်နိုင်ပါဘူး။ ပိုပြီးတော့ လိမ်တတ်ညာတတ်အောင် လုပ်လိုက်သလိုတောင်မှ ဖြစ်သွားစေ ပါတယ်။ ကလေးတို့ လိမ်ကြ တယ်၊ ညာကြတယ် ဆိုတဲ့နေရာမှာ ဘာကြောင့် လိမ်သလဲ၊ ဘာဖြစ်လို့ လိမ်သလဲဆိုတဲ့ လိမ်ရ ညာရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ကလေးတို့ ရင်ထဲက အဲဒီ အကြောင်းရင်းကို သိအောင်လို့ အရင် လုပ်ကြရမှာပါ။ အကြောင်းရင်းကို သိပါမှ ကလေး တို့ မလိမ်ညာကြဖို့ အတွက် ကျမတို့က ပြုပြင်ပေးလို့ ရမှာပါ။

လိမ်ညာခြင်းနဲ့ ပတ်သက်ပြီး ကလေးစိတ်ပညာရှင် များကတော့ ကလေးတို့ လိမ်ရညာရတဲ့အကြောင်းရင်းကို အကြမ်းအားဖြင့် သုံး မျိုး ခွဲပြထားပါတယ်။

ပြဿနာကို ဖြေရှင်းဖို့ အတွက် လိမ်ညာခြင်း

ဒီလိမ်ညာခြင်း ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် ကလေးတို့ အများဆုံး သုံးကြတဲ့ ညာနည်းပါပဲ။ ပန်းကန် ကွဲသွားတာမျိုး၊ လူကြီးရဲ့ပစ္စည်းကို ယူကိုင်ကြည့် မိရင်း ပျက်စီးသွားတဲ့ အခါမျိုးတို့မှာ ကလေးတို့ဟာ အဆူခံ၊ အရိုက်ခံရမှာ စိုးလို့လိမ်ပြော တတ်ကြ ပါတယ်။ မောင်နှမ အချင်းချင်း ရန်ဖြစ်တဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်း စကားများရန်ဖြစ်တာမျိုးပဲ ဖြစ်ဖြစ် ကိုယ့်အပြစ် လွတ်အောင်လို့ လိမ်ညာပြောတတ်ကြ ပါတယ်။ အထူးသဖြင့် အကြောက်တရားနဲ့ အုပ်ချုပ်တတ်တဲ့ ကျောင်းမျိုး၊ အိမ် မျိုးမှာ နေရတဲ့ ကျောင်းသားမျိုး၊ ကလေးမျိုးတွေဟာ ပိုပြီးတော့ လိမ်ညာ တတ်ကြ ပါတယ်။ ကြောက်ရွံ့ခြင်း ကြောင့် လိမ်ညာရ တာ ပါ။

တချို့ မိဘများ ကတော့ ကလေးတို့ ကို မလိမ်မညာအောင်လို့ ပြဿနာ တခုခု ဖြစ်လာတိုင်းမှာ “မင်း အမှန်တိုင်း ပြောစမ်း၊ မလိမ် နဲ့။ မလိမ်ဘဲနဲ့ အမှန်တိုင်းပြောရင် သက်သာမယ်။ အေး..လိမ်တာကို မိရင်တော့ မလွယ်ဘူး” ဆိုပြီးတော့ ပြောတတ်ကြ ပါတယ်။ အဲဒီလို ပြောနေပေမယ့်လည်း ကလေးတို့ဟာ အမှန်ကို ဝန်မခံကြပါဘူး။ ဆက်ပြီးတော့ လိမ်ကြမြဲပါ။

ဘာကြောင့် ဒီလိုလိမ်သလဲ ဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်မယ် ဆိုရင်ဖြင့် လူကြီး တော်တော်များများဟာ ကလေးတွေ အပြစ် တခုခု လုပ်မိလို့ အမှန်ကို ဝန်ခံတိုင်းမှာ မလိမ်တဲ့အတွက် မရိုက်ကြ၊ မနှက်ကြပေမယ့်လည်း မပြီးနိုင် မစီးနိုင်အောင် ဆူပူနေ တာမျိုး၊ ကလေးစိတ်ထဲမှာ ရှက်သွားအောင်၊ ထိခိုက်နာကျင်သွားအောင်လို့ ပြောဆို ဆုံးမ တာမျိုးတွေ လုပ်တတ်ကြလို့ ပါပဲ။ ဒါကြောင့်မို့လို့ ကလေးများဟာ သူတို့ အပြစ်လုပ်မိတဲ့ အခါမျိုးတိုင်းမှာ ဝန်ခံလိုက်တာထက် စာရင် ဗြောင်လိမ်လိုက်တာက ပိုပြီးတော့ နားအေး စိတ်သက်သာရာ ရစေတယ်လို့ တွေးမိတတ်ကြ ပါတယ်။

နောက်တခု ကတော့ ပြဿနာကို ဖြေရှင်းဖို့ အတွက် လိမ်တဲ့နည်းကို မိဘတွေက ကလေးရှေ့မှာ သုံးတတ်ကြလို့ ပါပဲ။ ဥပမာ ရုံးမသွားချင်လို့ ဒီနေ့ နေမကောင်းဘူး ဆိုပြီးတော့ ရုံးကို ခွင့်တိုင်တာမျိုး၊ ကိုယ် မကိုင်ချင်တဲ့ ဖုန်းတွေ လာတဲ့ အခါမျိုးမှာ သားရေ မေမေအိမ်မှာ မရှိဘူးလို့ ပြောလိုက် ဆိုပြီးတော့ ကလေးကို လွယ်လွယ် အပြောခိုင်းတာမျိုးတွေ ပါ။

ဒီလိုမျိုး ကလေးရှေ့မှာ လွယ်လွယ်လိမ်လိုက်တာမျိုး၊ ကလေးကို လိမ်ပြောခိုင်းတာမျိုးတွေကို ကျမတို့ လူမှုဝန်းကျင်မှာ လူကြီးမိဘ တွေ တော်တော်လုပ် တတ်ကြပါတယ်။ အဲဒီလိုမျိုး ကလေးရှေ့မှာပြဿနာကို လွယ်လွယ် ဖြေရှင်းတဲ့နည်းနဲ့ မိဘက လိမ်ပြထား တာမို့ ကလေးဟာလည်း မိဘတွေ လိမ်တဲ့ပုံစံအတိုင်း လိုက်လိမ်တော့တာ ပါပဲ။ ညဘက် ဂိမ်းတွေ ကစားနေလို့ အိမ်စာ မပြီးတာ ကို “သား ညက ဗိုက်အောင့် နေလို့ အိမ်စာတွေ မလုပ်ခဲ့တာပါ”လို့ ဆရာမကို လိမ်ပြောတာမျိုးတွေပါပဲ။

ကိုယ့်ရဲ့အတ္တနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု အတွက် လိမ်ပြောခြင်း

ဒီ လိမ်ပြောနည်းကလည်း ကလေးတော်တော် များများ ပြောလေ့ရှိတဲ့ လိမ်ပြောနည်း တမျိုးပါ။ ကိုယ့်ရဲ့ အတန်းထဲက သူငယ်ချင်း က ဂါဝန်လှလှလေး ဝတ်လာတာမျိုး တွေ့တဲ့အခါမှာ “ငါ့မှာလည်း ဒီလို ဂါဝန်မျိုး ရှိတယ်” ဆိုပြီးတော့ လိမ်ပြောတာမျိုး ပါပဲ။ သူငယ်ချင်းက ကမ်းခြေကို အပန်းဖြေသွားတဲ့အကြောင်း ပြောပြတဲ့အခါမျိုးမှာလည်း ငါတို့လည်း ဒီကျောင်းပိတ်ရက်မျိုးကျရင် ကမ်း ခြေသွားမှာလို့ မခံချင်စိတ်နဲ့ ကလေးတို့ ပြောတတ်ကြပါတယ်။ ဒီလိုမျိုး မခံချင်စိတ်နဲ့ လိမ်ညာပြောတာကို မိဘများတွေ့တဲ့ အခါမျိုးမှာ ကလေးရဲ့ လိုအပ်မှုတွေကို ကိုယ့်ရဲ့ ဝင်ငွေက လိုက်ပြီးတော့ မဖြည့်ဆည်း ပေးနိုင်လို့ ကလေး ဒီလိုပြောတာပဲ ဆိုပြီးတော့ အမှုမဲ့ အမှတ်မဲ့ မနေရပါဘူး။

“သမီးရေ ၊ သမီးကို မေမေတို့က ချောင်းသာတော့ လိုက်မပို့နိုင်ဘူး။ ဒါပေမယ့် မေမေက သမီးကို ကစားကွင်း လိုက်ပို့ပေးမယ်။ နောက်တခါ သူငယ်ချင်းတွေကို အဲဒီလိုမျိုး ညာမပြောရဘူး” ဆိုတာမျိုးနဲ့ ကလေး နားလည်အောင် ပြောပြရပါမယ်။

အတို့အထောင် သဘောမျိုးဆန်တဲ့ လိမ်ပြောနည်း

ဒီလိမ်ပြောနည်းကို ကလေးကျွမ်းကျင်သူ စိတ်ပညာရှင်များက လိမ်နည်း တနည်းရယ်လို့ သတ်မှတ် ထားပေမယ့် ကျမတို့ ဆီမှာတော့ ဒါကို လိမ်တယ်လို့ တောင်မှ မထင်တတ်ကြပါဘူး။ ဥပမာအနေနဲ့ ပြောရရင် မီးမီးက ပထမအစမ်း စာမေးပွဲမှာ အတန်းထဲမှာ ပထမရလာ ပါတယ်။ မီးမီးက စာတော်တဲ့သူမို့ အမြဲတမ်း ပထမ ရနေကျပါ။

မီးမီးအစ်ကို ကတော့ အဆင့် ၉ ရလာ ပါတယ်။ မီးမီးအစ်ကိုက စာညံ့သူမို့ မီးမီးအစ်ကို အဆင့် ၉ ရလာတာကို အားလုံးက ဝိုင်းချီးကျူးကြပါတယ်။ မီးမီးကိုတော့ ဘယ်သူကမှ ပထမရလို့ မချီးကျူး ပါဘူး။

အဲဒီ အခါမှာ မီးမီးက “ဘွားဘွားသိလား။ ဘွားဘွားကိုလေ ကိုကိုက ပြောတယ်။ ဗျစ်တောက်ဗျစ်တောက်နဲ့ တချိန်လုံး ဆူနေတဲ့ အဘွားကြီးလို့ ပြောတယ်” ဆိုပြီးတော့ ဝင်ပြောတော့ တာပါပဲ။ အတို့အထောင် ဝင်လုပ်တာပေါ့။

စာမေးပွဲ အကြောင်း ပြောနေတဲ့အချိန်မှာ ကိုကို အဆူခံရ အောင်လို့ မီးမီးက အတို့အထောင် ဝင်လုပ်တာပါ။ ကိုကို တကယ် ပြော တာက ဘွားဘွားက သိပ်ဆူတာပဲ၊ စိတ်ညစ်တယ် ဆိုတာလောက်ပဲ ပြောတာကို မီးမီးက ကိုကို ပြောတာထက် ပိုပြီးတော့ အပို လေးတွေပါ ထည့်ပြီးတော့ ပြောလိုက်တာမျိုးကို ပြောတာပါ။

ဒီလို အကျင့်စရိုက်မျိုးကို လက်မခံရပါဘူး။ ချက်ချင်း အရေးယူရ ပါမယ်။ မီးမီးကို ဒီလိုပြောတာ မကောင်းဘူး ဆိုတဲ့ အကြောင်း၊ ကိုကို့ အတွက်ရော၊ ဘွားဘွား အတွက်ရော ဘယ်သူ့ အတွက်မှ မကောင်းတဲ့ ဒီစကားမျိုးကို သယ်ဆောင် မလာသင့်ဘူး ဆိုတဲ့ အကြောင်း၊ ကိုကိုမပြောတဲ့ အပိုတွေကိုပါ ထည့်ပြော တာမျိုးကတော့ ပိုပြီးတော့ မကောင်းဘူး ဆိုတဲ့ အကြောင်းကို တခါတည်း သင်ကြားရပါမယ်။

ကျမတို့ဆီမှာတော့ အဖေနဲ့ အမေ မတည့်ရင်၊ အမေနဲ့ အဒေါ်တွေ အဘွားတွေနဲ့ မတည့်ရင် သားသမီးများ ကို စကား အပို့အယူ လုပ်ခိုင်းတတ်ကြ ပါတယ်။ အဲဒီလို အပို့အယူ လုပ်တာကိုပဲ မိဘကလည်း လက်သင့်ခံပြီးတော့ နားထောင် တတ်ကြ ပါတယ်။ တကယ်တော့ ဒီလို စကား အသယ်အပို့၊ အပို့အယူ လုပ်တဲ့အကျင့်မျိုးဟာ လူ့လောက အသိုင်းအဝိုင်း အတွက် အင်မတန်မှ အန္တရာယ်များတဲ့ အကျင့်စရိုက်ဆိုးမျိုး ပါပဲ။ ဒီလို အကျင့်ဆိုးမျိုးကို ကြီးတဲ့အထိ မသယ်ဆောင်လာစေဖို့ အတွက် ကလေးတို့ကို ငယ်ငယ် ကတည်းက သင်ကြားထားပေးရမှာပါ။

နောက်တခုက ကလေးလိမ်တာကို မိလို့ ကလေး ကိုဆုံးမတဲ့ အခါမျိုးမှာလည်း မင်းက လူလိမ်ပဲ ဆိုတဲ့ အသုံးမျိုးကို ဘယ်တော့မှ မသုံးရပါဘူး။ ကလေးရဲ့ လိမ်တဲ့အပြုမူကိုပဲ မကြိုက်တဲ့အကြောင်း ပြောရပါမယ်။ အခု လိမ်လိုက်တဲ့ အတွက် သူဟာ တသက်လုံး လိမ်တော့မယ့် လူလိမ်ကြီးလုံးလုံး ဖြစ်သွားပြီလို့ ကလေးတို့စိတ်ထဲမှာ ထင်မြင် ဝမ်းနည်း သွားလောက်အောင်အထိ မပြောဆိုရ ပါဘူး။

ကလေးတို့ လိမ်တယ် ညာတယ်ဆိုတာဟာ တကယ်တော့ ပတ်ဝန်းကျင်နဲ့ အများဆုံး သက်ဆိုင်ပါတယ်။ လိမ်တတ်၊ ညာတတ်တဲ့ ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ ကလေးတယောက်ဟာ ရိုးသား ဖြောင့်မတ်ဖို့နဲ့ မလိမ်တတ် မညာတတ်တဲ့ ကလေး တယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ ကလေးများဟာ ရေမြှုပ်နဲ့ တူပါတယ်။ သူတို့ပတ်ဝန်းကျင်က မြင်သမျှ၊ တွေ့သမျှအားလုံးကို အတု ခိုး လိုက်လုပ်တတ်ကြ တာမျိုးပါပဲ။ ကလေးတို့ကို မလိမ်ညာတတ်စေဖို့၊ ရိုးသား ဖြောင့်မတ်စေဖို့ အတွက် အကောင်းဆုံးကတော့ ကျမတို့ လူကြီးတွေအနေနဲ့ ကလေးရှေ့မှာ မလိမ်ညာမိ စေဖို့နဲ့၊ ကလေးတို့ကို အကြောက်တရားနဲ့ မအုပ်ချုပ်မိစေဖို့ ပါပဲ။
ဒါဆိုရင်ဖြင့် လိမ်ပြောရမှာကို ရှက်တတ်တဲ့၊ ရိုးသားဖြောင့်မတ်စွာ ပြောဆို နေထိုင်တတ်တဲ့ လူ့အဖွဲ့ အစည်းကြီးတရပ် အနာဂတ်မှာ ပေါ်လာနိုင်မှာပါ။ ။

Ref:irrwaddy.org


Credit @ Ko Nge

အိပ်ရင်ဟောက်တတ်တာကို ပျောက်စေတဲ့ Snore ring!


Snore ring!

သင်အိပ်ရင်ဟောက်တတ်တာကို စိတ်ညှစ်မနေပါနှင့် သင့်ရဲ့ချစ်ချစ်လေးတွေကို စိတ်ချမ်းသာစေချင်ရင် ဒီလက်စွပ်လေးကိုဆောင်ထားလိုက်ပါနော်....
Using drug free acupressure for the relief of snoring, sinus, restless sleep and insomnia.This is the original 'Anti Snore Ring'
Over 250,000 have now been sold worldwide & is recognised as the top selling anti snore product. Using the principles of acupressure, the AntiSnor Therapeutic Ring stimulates a major acupressure points on the small finger of the left hand using small balls crafted into the ring.
The ring comes in various sizes and is also adjustable to ensure the correct amount of pressure is applied.
The ring is made of quality sterling silver.
The ring is placed on the small index finger half an hour prior to sleeping and should not be worn for more than 12 hours. 


  • Stop Snoring Today!
  • Comes in three sizes:  Small, Medium, and Large
  • How the Anti Snore Ring Works

Finger Sizing Chart

snore ring sizing chart
Use the sizing information below to determine the appropriate size for your new anti snore ring by Snorenomore! By following these three easy steps, you are on your way to a better nights sleep.
snore ring sizing guide
  1. Cut a strip of ribbon, paper, or string to use for measurement.
  2. Wrap the paper or string around the base of your pinkie finger and mark where the circle is completed.
  3. Measure the length of the ribbon with a ruler or tape measure.







.........

http://www.snorenomore.net/good-night-anti-snoring-ring-1/

GOOD NIGHT ANTI-SNORING RING

stop snoring product rating
$39.95

 Product Description

The Good Night Anti-Snoring Ring applies light pressure on not one, but two specific points on your little finger.  With a 100% money back guarantee, you can try it out for yourself with absolutely no risk!
This is the most natural, non invasive way to stop/reduce snoring and to get a great nights sleep for you and your partner. It ensures you awake fresh, invigorated and ready to face the challenges of the next day.
The Good Night Anti-Snoring Ring is adjustable to comfortably fit your finger.  Use the sizing chart below to find your appropriate size.

 Product Reviews

Shipping:
$4.95 (Fixed shipping cost)
  •  
  •  
1
  • PayPal
  • Visa
  • American Express
  • Master Card
  • Discover



Credit @ Ko Nge

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ လက်စွဲစာစောင်





ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်ကျေးရွာ မြောက်ဘက်ရှိ ကွင်းအမှတ်(၁၁၃၁ Bက၊ ၁၁၃၁ Bခ) မြေဧရိယာ(၂၂၆)ဧကနှင့် ပတ်သက်၍ အသိပေးကြေညာချက်
27 June 2014 : 10:10:00


News Image
၁။        အထက်ဖော်ပြပါကွင်းအမှတ်များရှိ မြေဧရိယာ(၂၂၆)ဧကသည် ၂၅-၈-၂ဝဝ၈ ရက်စွဲပါစာဖြင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဤကော်မတီသို့ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် လွှဲပြောင်း ပေးခဲ့ပြီးဖြစ်၍ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများဖြစ်ပါသည်။

၂။         အဆိုပါမြေများတွင် ကော်မတီက မြို့တော်အတွင်းမှ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ အနှောင့်အယှက်ဖြစ်စေသည့် အနံ့လုပ်ငန်းများအား ပြောင်းရွှေ့နေရာချထားရန် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့်မည်သူမျှယင်းစီမံကိန်းဇုန်မြေများနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကိစ္စရပ်များအား         လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိကြောင်းနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးကြေညာအပ်ပါသည်-
            (က)     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော စီမံကိန်း ဇုန်မြေများအတွင်း ကျူးကျော်ဝင်ရောက်၍ လယ်ထွန်ယက်ခြင်း၊ လယ်စိုက်ပျိုးခြင်း၊ ကျူးကျော်အဆောက်အဦများ ဆောက်လုပ်ခြင်း။
            (ခ )      စီမံကိန်းဇုန်မြေများအားလုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်း ကောင်း ဝယ်ယူခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း။
            (ဂ )      စီမံကိန်းဇုန်မြေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေါင်နှံခြင်းအတွက် သက်သေ အဖြစ် ဆောင်ရွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ ပါဝင်ဆွေးနွေးခြင်း။

၃။        မည်သူမဆို အထက်ဖော်ပြပါ ကိစ္စရပ်များအား  ကျူးလွန်ချိုးဖောက်လုပ်ကိုင်ဆောင်ရွက်ပါက စည်ပင်ဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်။                                                                                                                   
                                                                                                                                                                            အခွန်ဌာန
                                                                                                                                                  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ

လက်စွဲစာစောင်

ဥယျောဇဉ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်ရှိ ဌာနပေါင်း(၂၀)အနက် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ပြည်သူလူထုနှင့် အများဆုံးထိတွေ့ဆက်ဆံရပြီး လုပ်ငန်းတာ၀န်မှာလည်း ရှုပ်ထွေးများပြားလှသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးရှိ မြေတန်ဖိုးများ တစ်စစမြင့်တက်လာသည်နှင့်အမျှ မြေနှင့်စပ်လျဉ်း၍ ပြဿနာပေါင်းမြောက်မြားစွာ ကြုံတွေ့လာ ရသည်။ ထိုကဲ့သို့ ပြဿနာများပြားလှသော “မြေ”နှင့် ပတ်သက်သည့် ကိစ္စအ၀၀ကို ပြည်သူလူထုများ စိတ်ကျေနပ်မှုရှိစေရေးအတွက် အမှားအယွင်းအတိမ်းအစောင်းမရှိဘဲ တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဤဌာနရှိ အဆင့်အတန်းအားလုံးသည် မြေနှင့်ပတ်သက်သည့် အခြေခံ ကျသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာနားလည် သဘောပေါက်ထားရန် လိုအပ်သည်ဟု ယူဆသည်။သို့ဖြစ်၍ ခြေခံကျပြီး လက်တွေ့ဆောင်ရွက်နိုင်သော မြေနှင့်စပ်လျဉ်းသည့် နည်းဥပဒေများ၊ လုပ်ထုံး၊ လုပ်နည်းများကို လက်လှမ်းတမီစုဆောင်း၍ လက်စွဲစာအုပ်အဖြစ် ပြုစုထုတ်ဝေလိုက်ခြင်းဖြစ်သည်။အဆိုပါ လက်စွဲစာအုပ်ငယ်ကို ဤဌာနရှိ၀န်ထမ်းအဆင့်ဆင့်မှ စနစ်တကျလေ့လာပြီး လက်တွေ့ နယ်ပယ် တွင် အသုံးချပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အမှားအယွင်းနည်းပြီး အတိုင်းအတာတစ်ခုအထိ အဆင်ပြေ ချော မွေ့စေလိမ့်မည်ဟု မျှော်လင့်ပါသည်။မြေကိစ္စသည် တစ်ချိန်ချိန်တွင် လူတိုင်းနှင့်ပတ်သက်မှုရှိလာနိုင်သဖြင့် ပြင်ပပုဂ္ဂိုလ်များသည်ပင်လျှင် ဤအိတ်ဆောင်စာအုပ်ငယ်ကို ဗဟုသုတအဖြစ် လေ့လာပါက အထိုက်အလျောက်အကျိုး ဖြစ်ထွန်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။အိပ်ဆောင်စာအုပ်သဖွယ် လွယ်လွယ် ကူကူယူဆောင်သွားလာနိုင်ရန် ပေါ့ပေါ့ပါးပါး စီစဉ်ထားခြင်းကြောင့်အချက်အလက်ပိုင်းတွင် ပြည့်စုံမှု အားနည်းကောင်း နည်းနေပေလိမ့်မည်။ လိုအပ်ချက်များ ဖြည့်သွင်းပြုပြင်မွမ်းမံခြင်းဖြင့် တဖြည်းဖြည်း ပြည့်စုံလာမည်ဟု ယူဆပါသည်။ ၀န်ထမ်းများသည် မြေနှင့်ပတ်သက်သော ကိစ္စအ၀၀ကို ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ နည်းဥပဒေများကို ကြေညက်စွာ နားလည်သဘောပေါက်ခြင်းဖြင့် မိဘပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ပြီး မိမိကိုယ်တိုင်မှလည်း အမှားအယွင်းများကျူးလွန်မိခြင်းမှ ကင်းဝေးစေနိုင်မည်ဖြစ်ပေသည်။
“ဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”
အောင်ဇင်၊ဌာနမှူး
 မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
ရက်စွဲ။ ၂၁-၁၁-၂၀၁၁။

 ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာ

အမှတ်၊ ၃/၂၀၀၁

ရန်ကုန်မြို့၊ ၁၃၆၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်(၂၀၀၁ ခုနှစ်၊ မေလ ၇ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစိမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ထို့ပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) မြို့တော်နယ်နိမိတ်ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ကို ဆိုသည်။
(ခ) မြေခွန် မြေခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှား ရမ်းခ တို့ကိုဆိုသည်။
(ဂ) မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တိုနှစ်ရှည် ကာလသတ်မှတ်၍ အငှားချထားသည့် စာချုပ်ကိုဆိုသည်။
(ဃ) လိုင်စင် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အ ညီ မြေကို ယာယီအသုံးပြုခွင့်ပေးခြင်းကို ဆိုသည်။
(င) ပါမစ် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့်စည်းကမ်းချက်များ နှင့် အညီ လူနေအိမ် သို့မဟုတ်အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုသည်။
(စ) ဌာနမှူး ဆိုသည်မှာ ကော်မတီလက်အောက်ရှိ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနကို ကြီးကြပ် ကွပ်ကဲရသောအရာရှိကို ဆိုသည်။
အခန်း(၂)
မြေများကို စီမံခန့်ခွဲခြင်း
၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိအောက်ပါမြေများမှအပ ကော်မတီပိုင် မြေများ ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ ကော်မတီက တည်ဆဲဥပဒေ နှင့်အညီလဲွှပြောင်းရယူ ထားသော မြေများ၊ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ် ဖြင့်ဖြစ်စေ၊လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိက အားနေထိုင် အသုံးပြုခွင့် ပေးထားသော မြေများကို မြို့ပြစီမံကိန်းနှင့်အညီ စီမံခန့်ခွဲပိုင် ခွင့်ရှိသည်
(က) နိုင်ငံတော်ပိုင်မြေ
(ခ) အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ၊
(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊
(ဃ) အခွန်လွတ် သာသနာ့မြေနှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေ၊
(င) လယ်ယာမြေ နှင့် မြေလွတ်မြေရိုင်း
၄။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို အောက်ပါအတိုင်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည်-
(က) မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းနှင့် စပ်လျဉ်း၍ စီမံချက် ချမှတ်ဆောင်ရွက်ခြင်း၊
(ခ) မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီမြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်ခြင်း၊ မြို့မြေစာရင်း များ၊ မြို့နယ်၊ ရပ်ကွက်၊မြို့ကွက်မြေပုံများ ပြုစုထိန်းသိမ်းခြင်း၊
(ဂ) မြေငှားစာချုပ်များ၊လိုင်စင်များနှင့်ပါမစ်များ ထုတ်ပေးခြင်းနှင့် နေထိုင်အသုံးပြုခွင့်ပေးခြင်း။
(ဃ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို သက်တမ်းသတ်မှတ်ခြင်း၊သက်တမ်း တိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း၊
(င) မြေများကိုလဲလှယ်ခြင်း၊မြေပိုင်ဆိုင်ခွင့်အမည် လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ် ခွင့်ပြုခြင်း၊သက်သေခံမြေပုံမြေရာဇဝင် ထုတ်ပေးခြင်း၊ မြေတန်းဖိုးဖြတ်ခြင်းနှင့် အခြား နည်းဖြင့် စီမံခန့်ခွဲခြင်း။
(စ) မြေခွန်မြေခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ကြွေးကျန်ကောက်ခံခြင်း၊မြေခွန်မြေခ ကင်း လွတ်ခွင့်ပြု ခြင်း၊ သက်သာခွင့်ပြုခြင်း၊ပြန်လည်သတ်မှတ် စည်းကြပ်ခြင်း၊ စာရင်းမှ ပယ် ဖျက်ခြင်းနှင့် အခွန်ပိုငွေ ပြန်အမ်းခြင်း။
 (ဆ) တရားမဝင် ကျူးကျော်ခြင်း၊မပြုနိုင်ရန်တားမြစ်ခြင်းနှင့် တရားမဝင်ကျူးကျော်သည့် အဆောက် အအုံများ၊ တရားမ၀င်ကျူးကျော်သူများကိုဖယ်ရှားခြင်း၊တရားစွဲဆိုခြင်း၊
(ဇ) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃(ခ)ပါ ပြဌာန်းချက် အရ ‘လယ်ယာမြေ’ဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်
(စျ) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက်အအုံကို ဖယ်ရှားခြင်း၊
(ည) သက်ဆိုင်ရာ ဝန်ကြီးဌာနက မြိုပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသောမြို့သစ်များ၊စီမံ ကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး ဤနည်းဥပဒေ များနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဋ) လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိ အဆောက်အအုံများ၊ စက်ရုံ အလုပ်ရုံများ၊ ဌာန ဆိုင်ရာ အဆောက်အအုံများ မီးလောင် ပျက်စီးသွားပါက ယင်းမီးလောင်မြေများကို မြို့ပြဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေမှုရှိစေရန် စနစ်တကျစီမံခန့်ခွဲခြင်း၊ ယင်းကဲ့သို့ စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
(ဌ) မြစ်ချောင်းကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်းစသည့် သဘာဝဘေးအန္တရာယ် တစ်ခုခု ကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသော မြေများကို စီမံခန့်ခွဲခြင်းနှင့် စနစ်တကျ နေရာချထားရန် ဆောင်ရွက်ခြင်း၊
(ဍ) အသုံးပြုခွင့်မရှိသော ပိတ်သိမ်းပြီးဖြစ်သည့် သုဿန်မြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း နှင့်အညီ စီမံခန့်ခွဲခြင်း၊
၅။ ကော်မတီသည်-
(က) နည်းဥပဒေ ၃၅ နှင့်အညီ အများပြည်သူအကျိုးအတွက် သိမ်းယူထားသော သို့မဟုတ် ဝယ်ယူထား သော မြေနှင့်အဆောက်အအုံများကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ လိုအပ် သလို စီမံခန့်ခွဲနိုင်သည်။
(ခ) နည်းဥပဒေ ၃၆၊ ၃၇၊ ၃၈ နှင့် ၃၉ တို့နှင့်အညီ လွှဲပြောင်းရယူထားသောမြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် အညီ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။ ၆။ ကော်မတီသည် နည်းဥပဒေ ၄ နှင့် ၅ တို့အရ ကော်မတီ၏မြေများ စီမံခန့်ခွဲပိုင်ခွင့်ကို သတ်မှတ် ချက်များနှင့် အညီဆောင်ရွက်ရန် ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အား လွှဲအပ်တာဝန်ပေးနိုင်သည်။ ၇။ ကော်မတီသည် ဤနည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုနှင့် မြေခွန်မြေခ အရပ်ရပ် ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကော်လိတ္တော်အရာရှိ၊ မြေခွန် တော်အရာရှိ၊ မြေအရာရှိ နှင့် နယ်နိမိတ်သတ်မှတ်ရေး အရာရှိများအဖြစ် သင့်လျော်သည့်ဝန်ထမ်းအား တာဝန်ပေးအပ်၍ ဆောင်ရွက်စေ နိုင်သည်။
အခန်း(၃)
မြို့ပြစီမံကိန်းများရေးဆွဲခြင်း
၈။ ကော်မတီသည် မြို့တော်နယ်နိမိတ် အတွက်ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ် သည့်နယ်မြေအတွက်ဖြစ်စေ ရေးဆွဲထားသော မြို့ပြစီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဉက္ကဌ ထံသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။
၉။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတစ်ရပ်ကို အသေးစိတ်ရေးဆွဲ အကောင်အထည် ဖော်ခြင်း၊ ပြန်လည်သုံးသပ်၍ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။
၁၀။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်နိုင်သည်။
၁၁။ ကော်မတီသည် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်ခြင်းမရှိသည့် နေရာများကို စနစ်တကျ မြို့ကွက်ရိုက်ခြင်း၊ ပြန်လည်နေရာချ ထားခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၂။ ကော်မတီသည် ကျူးကျော်ရပ်ကွက်များအား ရှင်းလင်းဖယ်ရှားပြီး စနစ်တကျပြန်လည်နေရာ ချထားခြင်း၊ ပြောင်းရွှေ့ နေရာချထားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၁၃။ ကော်မတီသည် မြို့ပြပြန်လည်တည်ဆောက်ရေး၊ မြို့ပြပြန်လည်သစ်လွင်ရေးနှင့် မြို့ပြဒီဇိုင်းပုံ ရေးဆွဲခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။
၁၄။ ကော်မတီသည် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့အတွက် ပြည် တွင်း ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။
အခန်း(၄)
မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်း
၁၅။ ကော်မတီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီ ချက်ဖြင့် မြေယာ မူဝါဒများ ရေးဆွဲခြင်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၆။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက မြေအသုံးချမှုများကို သတ်မှတ်ခြင်းနှင့် ပြုပြင်ပြောင်းလဲ ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက သော်လည်း ကောင်း၊ ပုဂ္ဂလိကအဖွဲ့ အစည်းတစ်ခုခုကသော်လည်းကောင်း၊ မြို့ပြဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီက ရေးဆွဲထားသည့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် လိုက်လျော ညီထွေမှု ရှိ မရှိ စီစစ်ရမည်။
၁၈။ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းသည် မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချလိုပါက ကော်မတီနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရမည်။
၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စီမံကိန်းဇုန်များကို မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ ရေးဆွဲသတ်မှတ်နိုင်သည်။
၂၀။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ ဖော်ထုတ်ပြီးသော အိမ်ရာမြေကွက်များကို အသေးစိတ် တိုင်းတာ၍ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်းနှင့် ကွန်ပျူတာမှတ်တမ်းတို့တွင် မှတ်တမ်းတင်ထားရမည်။
၂၁။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆုံး အဖြတ်ပေးနိုင်သည်။
အခန်း(၅)
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် ဖျက်သိမ်းခြင်း
၂၂။ ကော်မတီသည် လူနေထိုင်ရန်အတွက် အဆောက်အအုံများဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန် သို့မဟုတ် အခြားလုပ်ငန်းများဆောင်ရွက်ရန် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးနိုင်သည်။
၂၃။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို ထုတ်ပေးရာတွင် မြေယာမူဝါဒ နှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ အထူးကိစ္စရပ်များ၌ လို အပ်သော အချက်အလက်များ ပြည့်စုံမှုမရှိသော်လည်း လျှော့ပေါ့သတ်မှတ်၍ ထုတ်ပေးနိုင်သည်။
၂၄။ ကော်မတီသည် အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် မြေငှားအသစ်ချထား၍ မြေငှားရမ်းခွင့်ရရှိ သည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးနိုင်သည်-
(က) တစ်ဦးချင်းစနစ်
(ခ) တင်ဒါစနစ်
(ဂ) လေလံစနစ်
၂၅။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ၏ သက်တမ်းကိုသတ်မှတ်ခြင်း၊ ပြင်ဆင် ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
၂၆။ (က) ကော်မတီသည် မြေငှားစာချုပ် စည်းကမ်းများ၊ လိုင်စင်စည်းကမ်းများနှင့် ပါမစ် စည်း ကမ်းများကိုသတ်မှတ်နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ကို ဖျက်သိမ်း၍ လိုအပ်သလို စီမံခန့်ခွဲနိုင် သည်။ ယင်းသို့ ဖျက်သိမ်းခြင်းခံရပါက ပေးသွင်းထားသောငွေကို ပြန်လည်တောင်း ခံပိုင်ခွင့် မရှိစေရ။
၂၇။ ကော်မတီသည် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်လွတ် သာသနာ့မြေဂရန်နှင့် အခွန်လွတ် ဗဒ္ဓသိမ်မြေဂရန်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ထုတ်ပေးနိုင်သည်။
၂၈။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးနိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၂၉။ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလ အတွင်း မြေငှား စာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ် ရရှိသည့် ပုဂ္ဂိုလ်က ငွေပေးသွင်းရန် ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ် ချထားခြင်းကို ဖျက်သိမ်းနိုင်သည်။
အခန်း(၆)
မြေခွန် မြေခ စည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း
၃၀။ ကော်မတီသည် နည်းဥပဒေ ၃ အရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်မြေခများကို တည်ဆဲဥပဒေများ နှင့်အညီ စည်းကြပ်ကောက်ခံရမည်။
၃၁။ ကော်မတီသည် စည်းကြပ်ကောက်ခံမည့် မြေခွန် မြေခ အမျိုးအစားနှင့်နှုန်းထားများကို အခါ အားလျော် စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
 ၃၂။ ကော်မတီသည် ရရန်ရှိသော မြေခွန်မြေခကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရ တောင်းခံနိုင်သည်။
၃၃။ မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်းဖိုးအပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနထံမှ တောင်းခံရယူရမည်။
၃၄။ ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်အတွက် ရရန်ရှိသည့် မြေခွန်မြေခများ ကို ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။
အခန်း(၇)
မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း
၃၅။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိက ပိုင်မြေ နှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း သို့မဟုတ် သင့်လျော်သောတန်းဖိုးပေး၍ဝယ်ယူခြင်း ပြုနိုင်သည်။
၃၆။ ကော်မတီသည် မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကပိုင်မြေကို အများ ပြည်သူအကျိုး အတွက် လွှဲပြောင်းရယူရန်လိုအပ်ပါက မြေသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းခံရသော သက်ဆိုင်ရာဝန်ကြီးဌာနက တည်ဆဲဥပဒေများနှင့်အညီ မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသော မြေကိုလွှဲပြောင်းရယူရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။
၃၇။ ကော်မတီသည် သက်ဆိုင်ရာ၀န်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသော မြို့သစ်များ၊စီမံကိန်းဇုန်များ၊အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်း ရယူပြီး ဤနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲနိုင်သည်။
၃၈။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်း ပိုင်မြေကိုလွှဲ ပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွှဲပြောင်း ရယူနိုင်သည်။
၃၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတည်ရှိသော စားကျက်မြေများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွဲပြောင်းရယူနိုင်သည်။
အခန်း(၈)
မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီမံခန့်ခွဲခြင်း
၄၀။ ကော်မတီသည် ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့် ဖြစ်စေ၊လိုင်စင်ဖြင့်ဖြစ်စေ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသောမြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်း နိုင်သော ပစ္စည်းများမှအပ မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း လဲလှယ်ခြင်းအ ခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်နိုင်သည်။
၄၁။ ကော်မတီသည် ဤနည်းဥပဒေများ၏ အခန်း(၇)ပါ ပြဌာန်းချက်များနှင့်အညီ သိမ်းယူထား သော မြေများ၊ ဝယ်ယူထားသောမြေများနှင့် လွှဲပြောင်းရယူထားသော မြေများကို ဤနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။
အခန်း(၉)
မှတ်တမ်းများ၊ ပုံစံများ သတ်မှတ်ခြင်း ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း
၄၂။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများ မြေစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍-
(က) ကွန်ပျူတာမှတ်တမ်းများ ထားရှိရမည်။
(ခ) လိုအပ်သည့်မှတ်တမ်းများ၊စာအုပ်စာတမ်းများ၊စာရင်းဇယားများ၊ပုံစံများကို သတ်မှတ်ထား ရှိရ မည်။
 (ဂ) ကွန်ပျူတာမှတ်တမ်းများ၊အခြားလိုအပ်သည့်မှတ်တမ်းများ၊စာအုပ်စာတမ်းများနှင့် စာရင်းဇယားများ ကို စနစ်တကျထိန်းသိမ်းထားရှိရမည်။
၄၃။ ကော်မတီသည် မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူအား ကြည့်ရှုခွင့် ပေးခြင်း၊မိတ္တူကူးယူခွင့်ပြုခြင်း၊မိတ္တူကူးခ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
အခန်း(၁၀)
မြေတိုင်းတာခြင်း
၄၄။ ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး ၏လျှောက် ထားချက်အရဖြစ်စေ မြေတိုင်းတာပြီး အတည်ပြုမြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်။
၄၅။ ကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သောမြေတိုင်းတာရေးအဖွဲ့သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေနှင့် ကော်မတီက မြေငှားစာချုပ်၊လိုင်စင်၊ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့ သတ်မှတ်ချက်များ နှင့်အညီ ဝင်ရောက် တိုင်းတာခွင့်ရှိသည်။
 ၄၆။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြေတိုင်းတာရေးဆောင်ရွက်သည့် မြေတိုင်းတာရေး အဖွဲ့၀င် တစ်ဦးဦးအား ဟန့်တားနှောင့်ယှက်ခြင်း မပြုရ။
အခန်း(၁၁)
တရားမ၀င် ကျူးကျော်သည့် အဆောက်အအုံများနှင့် ကျူးကျော်သူများအား ဖယ်ရှားခြင်း
၄၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေများပေါ်တွင် တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်း၊ တရားမဝင် ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သူများအား ဖယ်ရှားခြင်း တို့ကိုပြုလုပ်နိုင်သည်။
၄၈။ ကော်မတီသည် မြို့ပြစီမံကိန်းဆောင်ရွက်ရန်လွှဲပြောင်းရယူထားသော မြေများပေါ်ရှိ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် တရားမဝင်ကျူးကျော်သူများအား ဖယ်ရှားနိုင်သည်။ အခန်း(၁၂) အယူခံခြင်း
၄၉။ ဤနည်းဥပဒေများအရ ချမှတ်သော အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အောက်ပါအတိုင်း အယူခံဝင် နိုင်သည်-
(က) ဌာနမှူးက ချမှတ်သောအမိန့်ကို ရုံးအကြီးအကဲထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း။
(ခ) ရုံးအကြီးအကဲက ချမှတ်သော အမိန့်ကို ကော်မတီထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြား စာ ရရှိသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း။
 ၅၀။ ကော်မတီက ချမှတ်သောအမိန့်သည် အပြီးအပြတ် ဖြစ်စေရမည်။
အခန်း(၁၃)
အထွေထွေ
၅၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်တင့်လျောက်ပတ်စွာ အခြေချနေထိုင်သင့်သည့် လူဦးရေကို သတ်မှတ်ပြီး လိုအပ်သော အစီအစဉ်များချမှတ် ဆောင်ရွက်နိုင်သည်။
၅၂။ ကော်မတီသည် မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် မြို့တော်နယ်နိမိတ်ကို အခါအားလျော်စွာပြင်ဆင်တိုးချဲ့သတ်မှတ်နိုင်သည်။
၅၃။ဤနည်းဥပဒေများပါပြဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လိုအပ်သည့်အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများထံ တောင်းခံနိုင်သည်။
၅၄။ ကော်မတီသည် ဤနည်းဥပဒေများအရဆောင်ရွက်ရန်ရှိသော လုပ်ပိုင်ခွင့်နှင့်လုပ်ငန်း တာဝန် များကို ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အားဖြစ်စေ၊မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအားဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
၅၅။ ရုံးအကြီးအကဲနှင့် ဌာနမှူးတို့သည် ဤနည်းဥပဒေများအရ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်း တာဝန်များကို သင့်လျော်သည့်ဝန်ထမ်းများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။
၅၆။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြား ချက်များကို ထုတ်ပြန်နိုင်သည်။
အမိန့်အရ
(ပုံ)ကိုလေး ဉက္ကဌ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ

၁။ မြေငှားစာချုပ်(ဂရန်)အသစ်ထုတ်ပေးခြင်း
(က) လိုင်စင်မြေ၊ ပါမစ်မြေနှင့် စကွာတာမြေများအား မြေငှားဂရန်မြေအဆင့်တိုးမြှင့် သတ်မှတ်ပေးရန် လျှောက်ထားနိုင်ပါသည်။
(ခ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပါမစ်မူရင်း၊ လိုင်စင်မူရင်းနှင့် စကွာတာမြေဖြစ်က မှတ်ပုံတင်စာချုပ်စာတမ်း၊ နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာမူရင်းများ တင်ပြလျှောက်ထားရပါမည်။
(ဂ) ဌာနမှအထောက်အထား မိတ္တူများအား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေး ပါသည်။
(ဃ) လျှောက်ထားသူ၏ တင်ပြသော အထောက်အထားနှင့်မြေစာရင်းရှိ အထောက်အထား တူညီမှန်ကန် မှုရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာခြင်း၊ အမည် ပေါက်မဟုတ်ပါက သတင်းစာတွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပါသည်။
(င) ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်း ပေးသွင်းစေ၍ ဌာနမှူးနှင့် လျှောက်ထားသူတို့နှစ်ဦးနှင့် နှစ်ဖက်သက်သေ(၁)ဦးစီဖြင့် နှစ်(၆၀)မြေငှားစာချုပ် (ဂရန်)များပေါ်တွင် လက်မှတ်ရေးထိုး၍ ပါမစ် (သို့မဟုတ်) လိုင်စင်မူရင်း ပြန်လည်အပ်နှံစေပြီး နှစ်(၆၀) မြေငှားစာချုပ်(ဂရန်)ထုတ်ပေးပါသည်။
(စ) လျှောက်ထားသူမှ ယင်းမြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်း ခွန် အက်ဥပဒေအရ သတ်မှတ်ထားသည့် နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွား ရောက်ကပ်ရမည်ဖြစ်ပါသည်။
(ဆ) မြေငှားစာချုပ်(ဂရန်)ထုတ်ပေးခံရသူအမည်ဖြင့် သတ်မှတ်ထားသည့်နှုန်းထားဖြင့် (၃)လ (၁)ကြိမ်၊ (၁)နှစ်လျှင် (၄)ကြိမ် မြေငှားရမ်းခ စည်းကြပ်သွားမည်ဖြစ်ပါသည်။
၂။ မြေငှားစာချုပ်(ဂရန်)မိတ္တူမှန်ထုတ်ပေးခြင်း
(က) မြေငှားစာချုပ်(ဂရန်)မူရင်း ပျောက်ဆုံး၍ သော်လည်းကောင်း၊ ပျက်စီး၍သော်လည်း ကောင်း မြေငှားစာချုပ်(ဂရန်)မိတ္တူ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင် မြေငှားစာချုပ်(ဂရန်)မိတ္တူမှန် ထုတ်ပေးပါသည်။
(ခ) လျှောက်ထားလိုသူသည် ဤဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေငှားစာချုပ်(ဂရန်)အမှန်တကယ်ပျောက်ဆုံး/ပျက်စီးကြောင်း တရားရုံးကျမ်း ကျိန်လွှာ၊ ပျောက်ဆုံးခြင်း ဖြစ်ပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း သို့မဟုတ် တရားရုံးစီရင်ချက်နှင့် ဒီကရီအရလျှောက်ထား ခြင်းဖြစ်လျှင် ယင်းအထောက်အထား၊ နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ များ တင်ပြလျှောက်ထားရပါမည်။
(ဂ) ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး မှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း၊ သတင်းစာတွင် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း သီးခြား ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည်။
(ဃ) ဌာနမှ ဂရန်သစ်လျှောက်ထားစဉ်က ကဲ့သို့ပင် စိစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားစာချုပ်(ဂရန်)မိတ္တူမှန်ထုတ်ပေးပါမည်။ ယင်းမိတ္တူ မှန်တွင် တံဆိပ်ခေါင်းကပ်ရန်မလိုပါ။
၃။ မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း
(က) မြေငှားစာချုပ်(ဂရန်)တွင် သတ်မှတ်ထားသော သက်တမ်းကာလကုန်ဆုံးသောအခါ မြေငှားစာချုပ် (ဂရန်)အား သက်တမ်းတိုးပေးရန် လျှောက်ထားရပါမည်။
(ခ) လက်ရှိအမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ်အဆင့်ဆင့်ဖြင့် နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင် မှုနှင့် ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် ဒီကရီရရှိထားသူကသာ လျှောက်ထား နိုင်ပါသည်။
(ဂ) လျှောက်ထားသူသည် ဌာနမှသတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သက် တမ်းကုန်ဆုံးနေသော မြေငှားစာချုပ်(ဂရန်)၊အမည်ပေါက်သူ မဟုတ်ပါက ပိုင်ဆိုင်မှု အထောက်အထား စာချုပ်စာတမ်း သို့မဟုတ် တရားရုံးစီရင်ချက်၊ ဒီကရီနှင့် နောက်ဆုံး ထမ်းဆောင်ထားသော မြေခွန်ပြေစာမူရင်းများ တင်ပြလျှောက်ထား ရပါမည်။
(ဃ) ဌာနမှ ဂရန်သစ်လျှောက်ထားစဉ်က ကဲ့သို့ပင် စိစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေ၍ ဂရန်အသစ်ထုတ်ပေး စဉ်ကကဲ့သို့ပင် ဆောင် ရွက်ပေး ပါသည်။
(င) သက်တမ်းကုန်ဆုံးသော မြေငှားစာချုပ်(ဂရမ်)အား ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက် ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေပါ ပေးဆောင်ရမည် ဖြစ်ပါသည်။
၄။ မြေအမည်ပေါက် ပြောင်းလဲပေးခြင်း
(က) မြေပိုင်မြေ၊မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကိုသာ မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
(ခ) လျှောက်ထားလိုသူသည် ဌာနမှသတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊မြေ ပိုင်မြေဖြစ်က အမည်ပေါက်စာချုပ်၊ဂရန်မြေဖြစ်က မြေငှားဂရန်နှင့် နောက်ဆုံးထမ်း ဆောင်ထားသော မြေခွန်ပြေစာ၊ စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့် ပတ်သက်၍တရားရုံးက ချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီ မူရင်းများတင်ပြ လျှောက်ထား ရပါသည်။
(ဂ) ဌာနမှ ဂရမ်သစ်လျှောက်ထားစဉ်က ကဲ့သို့ပင် စိစစ်၍ ကန့်ကွက်သူမရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေအမည်ပေါက်ပြောင်းလဲမှတ်သားပေးနိုင်ရန် လျှောက် ထားသူမှ မှတ်ပုံတင် စာချုပ်မူရင်း သို့မဟုတ် မြေငှားစာချုပ်(ဂရမ်)မူရင်း တင်ပြရမည် ဖြစ်ပြီး ဌာနမှ အမည်ပြောင်းလဲခြင်းမှတ်တမ်းတွင် ရေးဖြည့်ပြီး ပြန်လည်ထုတ်ပေး ပါသည်။ (ဃ) ဂရန်မြေဖြစ်ပါက အမည်ပြောင်းသူအမည်ဖြင့် မြေခွန်ပြောင်းလဲ စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။
၅။ မှန်ကန်ကြောင်းသက်သေခံသည့် မြေပုံမြေရာဇဝင်ရေးကူးပေးခြင်း
(က) ရွာမြေ၊ဥယျာဉ်ခြံမြေ၊စိုက်ပျိုးမြေမှအပကျန်မြေအမျိုးအစားများအတွက် မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံ၏ ရာဇဝင်ရေးကူးပေးပါသည်။
(ခ) လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဦဆောက်လုပ်ရန်၊အကြီးစားပြင်ဆင်ရန်၊ခြံ စည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံထုတ်ပေးပါသည်။
(ဂ) အဆောက်အဦဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် သက်သေခံမြေပုံနှင့် မြေရာဇဝင်ကို အမည်ပေါက်များကသာ လျှောက် ထားရမည် ဖြစ်ပါသည်။
(ဃ) စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင် ပါသည်။
(င) အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံ တင်စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်းဆောင်ရွက်ပေးပါသည်-
(၁) လျှောက်ထားလိုသူသည် ဌာနမှသတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေ ဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်)နှင့်နောက်ဆုံး ထမ်းဆောင် ထားသော မြေခွန်ပြေစာ၊ အမည်ပေါက်သူက လျှောက်ထားခြင်း မဟုတ်လျှင်ပိုင်ဆိုင်မှု အထောက် အထား သို့မဟုတ် ပိုင်ဆိုင်မှု နှင့်သက်ဆိုင်သည့်တရားရုံးစီရင်ချက်နှင့် ဒီကရီ မူရင်းများတင်ပြ လျှောက်ထားရသည်။
(၂) ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍လက်ခံ ပေးပါသည်။
(၃) တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိအထောက်အထားမှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း၊ လိုအပ်ပါက သတင်းစာတွင်(၁၄)ရက် ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည်။ ကန့်ကွက်သူမရှိပါက သတ်မှတ်၀န်ဆောင်ခ ပေးသွင်း စေပြီး မြေပုံနှင့် မြေရာဇ၀င်ထုတ်ပေးပါသည်။
(စ) အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇ၀င်ကိုအောက်ပါ အတိုင်း ဆောင်ရွက် ပေးပါသည်-
 (၁) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ အထက်ပါအထောက် အထား များအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သေစာရင်း၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ပြီးဖြစ်၍ လျောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာ ဖော်ပြရေးသား ထား သည့် လျှောက်ထားသူကိုယ်တိုင် တရားရုံးတွင်ပြလုပ်သည့် ကျမ်းကျိန် လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ တစ်မြို့တည်းတွင်နေထိုင်သူ (၂)ဦးက လျှောက် ထားသူအား သိရှိကြောင်းနှင့် မှန်ကန်ကြောင်းထောက်ခံသည့် တရား ရုံးကျမ်းကျိန်လွာသို့မဟုတ် ကတိသစ္စာပြုလွှာ(၂)စောင်၏ မူရင်း များပါတင်ပြ လျှောက်ထားရပါမည်။
 (၂) ဌာနမှအထောက်အထားမိတ္တူများအား မူရင်းနှင့်တိုက်ဆိုင် စစ်ဆေး ၍ လက်ခံပေးပါသည်။
(၃) တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါအထောက်အထားများ ကိုက်ညီ မှုရှိပါက ကွင်းဆင်းစစ်ဆေးခြင်း၊ လျှောက်ထားသည့်မြေကွက်နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြ၍ သတင်းစာ တွင် သီးခြားကြော်ငြာခြင်းများ ဆောင်ရွက်ပါသည်။
(၄) သတင်းစာကြော်ငြာပြီး(၁၄)ရက်ပြည့်သည်အထိ ကန့်ကွက်မှု တစ်စုံတစ်ရာမ ပေါ်ပေါက်ပါက သတ်မှတ်၀န်ဆောင်ခပေးသွင်းစေ၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆို၍ မြေပုံနှင့် မြေရာဇ၀င် ထုတ်ပေးပါသည်။
 (ဆ) ကျူးလွန်ခြင်းပြ မှန်ကန်ကြောင်းသက်သေခံသည့် မြေပုံနှင့် မြေရာဇ၀င်ကို မြေတိုင်း မြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့် ရှိပါသည်။
 (ဇ) မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံမြေပုံနှင့် မြေရာဇ၀င်ကို မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ (မစိုက်ပျိုး) ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေဖြစ် မှသာ လျှောက်ထားခွင့်ရှိပါသည်။ (စျ) သက်တမ်းကုန်ဆုံးသည့် မြေငှားဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာ စာချုပ်ချုပ်ဆိုရန် သက်သေခံသည့် မြေပုံနှင့် မြေရာဇ၀င်တစ်မျိုးတည်းသာ လျှောက် ထားခွင့်ရှိပါသည်။ ၆။ မြေတိုင်းတာခြင်း (က) ရွာမြေ၊ ဥယျာဉ်ခြံမြေနှင့် ဘိုးဘွားပိုင်မြေ(စိုက်ပျိုး)မှအပ ကျန်မြေများကို မြေတိုင်းတာခြင်း ဆောင်ရွက်ပေး ပါသည်။
(ခ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေ ဖြစ်က မှတ်ပုံတင်စာချုပ်စာတမ်း ဂရန်မြေဖြစ်က မြေငှားစာချုပ် (ဂရန်) နှင့် နောက်ဆုံးထမ်းဆောင် ထားသော မြေခွန်ပြေစာ၊ အမည်ပေါက် မဟုတ်က ပိုင် ဆိုင်မှု အထောက်အထား စာချုပ်စာတမ်းသို့မ ဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင် သည့် တရား ရုံးစီရင်မှုနှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရပါမည်။ (ဂ) ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေး ပါသည်။
(ဃ) လျှောက်ထားသူတင်ပြသော အထာက်အထားနှင့် မြေစာရင်းရှိ အထာက်အထား ကိုက်ညီ မှန်ကန် မှုရှိပါက လျှောက်ထားသည့် မြေကွက်နှင့် ထိစပ်နေသည့် ပတ်၀န်းကျင်မြေကွက်များမှ မြေတိုင်းတာမည်ဖြစ်ကြောင်း ကြော်ငြာစာတွင် သိရှိကြောင်း လက်မှတ်ရေးထိုးပေးရပြီး ကန့်ကွက်မှုမရှိပါက သတ်မှတ်၀န်ဆောင်ခ ပေးသွင်းစေ၍ မြေတိုင်းတာပေးပြီး မြေတိုင်းမြေပုံထုတ်ပေးပါသည်။
(င) မြေတိုင်းတာရာတွင် ကျူးလွန်ကြောင်းတွေ့ရှိပါက ကျူးလွန်ခြင်းပြသည့် သက်သေခံ မြေပုံ မြေရာဇ၀င်လျှောက်ထားရန် လျှောက်ထားသူအား အသိပေးပြီး မြေကျူးလွန်မှုအား မှတ်တမ်း အဖြစ်မြေပုံရေးဆွဲ၍ သက်ဆိုင်ရာအမှုတွဲတွင် မှတ်တမ်းထားရှိပါသည်။ ပုဂ္ဂလိက အချင်းချင်း ကျူးလွန်မှုကို သက်ဆိုင်ရာ တရားရုံးများတွင်သာ ဖြေရှင်းရန်ဖြစ်ပါသည်။
(စ) မြေတိုင်းတာရာတွင် ကန့်ကွက်မှုများ၊ အငြင်းပွားမှုများရှိပါက ရပ်ကွက်၊ မြို့နယ်အာဏာပိုင်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများမှ ကိုယ်စားလှယ်များပါ ပါ၀င်သော အဖွဲ့ဖြင့် တိုင်းတာပေးပါသည်။
၇။ မြေကွက်ခွဲစိတ်ခြင်း
(က) မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ(မစိုက်ပျိုး) ဂရန်ရှိမြေပိုင်မြေနှင့် မြေငှားဂရန်မြေများကို မြို့ကွက်မြေ ပုံနှင့် မြို့မြေစာရင်းတို့တွင် ခွဲစိတ်ပေးပါသည်။
(ခ) ခွဲစိတ်ရန်လျှောက်ထားသည့် မြေကွက်အတိုင်းအတာသည် မျက်နှာစာဖက်တွင် အနည်းဆုံး ပေ(၂၀) ရှိရမည်ဖြစ်ပြီး မြေတစ်ကွက်လုံး၏ စုစုပေါင်းဧရိယာသည် အနည်းဆုံး (၁၂၀၀)စတုရန်းပေရှိ ရပါမည်။
(ဂ) ခွဲစိတ်ရန်လျှောက်ထားသော မြေကွက်များသို့ ၀င်ထွက်သွားလာရန်လုံလောက်သော လမ်းပါရှိရပါ မည်။ ကော်မတီပိုင်လမ်း မရှိပါက ကိုယ်ပိုင်လမ်းလျာထားပေးရပါမည်။
(ဃ) မြေကွက်ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိဆောက်အအုံတို့ ကင်းလွတ်မှုရှိရပါမည်။
(င) လျှောက်ထားလိုသူသည် ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ မြေတိုင်း လျှောက်ထားစဉ်က တင်ပြခဲ့သော အထောက်အထားများအပြင် တစ်နှစ်အတွင်း သက် တမ်းရှိသည့်ဌာနမှ ထုတ်ပေးထားသော မြေကွက်ခွဲစိတ်ရန် မှန်ကန်ကြောင်းသက်သေခံ သည့် မြေပုံနှင့်မြေရာဇဝင်မူရင်း၊အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ၊ကော်မတီကအသိအမှတ်ပြုလိုင်စင်ရအင်ဂျင်နီယာရေးဆွဲထားသည့် မြေကွက်ခွဲစိတ်ရန် အဆိုပြုမြေပုံ (၃)စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံ (၃)စုံမူရင်းများ ရှိရပါမည်။
(စ) လျှောက်ထားသူတင်ပြသော အထောက်အထားများပြည့်စုံမှန်ကန်ပါက ဌာနမှကွင်းဆင်း တိုင်းတာစစ်ဆေး ပါသည်။
(ဆ) ဌာနမှသတ်မှတ်ချက်များနှင့် ကိုက်ညီမှန်ကန်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်ခွဲ အတည်ပြုပုံစံနှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့်မြေပုံများထုတ်ပေးပါသည်။
(ဇ) ဌာနရှိ မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်လည်း ဦးပိုင်အသစ်များခွဲစိတ်မှတ်သား ပါသည်။
(စျ) ခွဲစိတ်သည့်မြေကွက်သည် ဂရန်မြေဖြစ်ပါက ဂရန်ခွဲဆက်လက်ဆောင်ရွက်ရန်နှင့် မြေပိုင်မြေဖြစ်ပါက အမှားပြင်စာချုပ်ချုပ်ဆိုရန်လိုအပ်ပါသည်။
၈။ မြေငှားစာချုပ်(ဂရန်)ခွဲစိတ်ပေးခြင်း
(က) သက်တမ်းရှိသော မြေငှားစာချုပ်(ဂရန်)ကို ခွဲစိတ်ပြီးဂရန်ခွဲအဖြစ် ထုတ်ပေးနိုင်ပါသည်။
(ခ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှု အထောက်အထားများနှင့်အတူ ဌာနမှခွင့်ပြုထုတ်ပေးထားသည့် မြေကွက်ခွဲအ တည်ပြုပုံစံနှင့် မြေကွက် ခွဲစိတ်တိုင်းတာသည့် မြေပုံများပါတင်ပြလျှောက်ထားရပါမည်။
(ဂ) မြေငှားစာချုပ်(ဂရန်)တွင် အမည်ပေါက်သူကိုယ်တိုင်မှ လျှောက်ထားခြင်းဖြစ်လျှင် သတင်းစာ ကြော်ငြာခြင်းမပြုလုပ်ဘဲ၊ အမည်ပေါက်သူမှ လျှောက်ထားခြင်းမဟုတ်ပါက သတင်းစာတွင် (၁၄)ရက် အချိန်ပေး၍ ကြော်ငြာပါသည်။
 (ဃ) ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ် (ဂရန်)အား ပြန်လည်သိမ်းယူပါသည်။
(င) မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထိုသို့ဂရန် ခွဲထုတ်ကြောင်းကို မူလ မြေငှားစာချုပ်(ဂရန်)ပေါ်တွင် ရေးမှတ်ပေးပါသည်။
(စ) ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေးဆောင်ရွက်ပါသည်။
၉။ အခွန်လွတ်သာသနာ့မြေလျှောက်ထားခြင်း
(က) လျှောက်ထားသောမြေသည် မြေပိုင်မြေဖြစ်ပါက မြေပိုင်ဆိုင်သူက နိုင်ငံတော်သို့ မြေပိုင် ဆိုင်မှုအား စွန့်လွတ်ကြောင်း မှတ်ပုံတင်စာချုပ်ဖြင့် စွန့်လွတ်ရပါမည်။
(ခ) လျှောက်ထားသောမြေသည် မြေငှားဂရန်မြေဖြစ်ပါက မြေငှားစာချုပ်(ဂရန်)မူရင်းအား လည်းကောင်း၊ အစိုးရမှချထားပေးခြင်းဖြစ်ပါက ချထားပေးသည့် အထောက်အထား မူရင်းအားလည်းကောင်း ဌာနသို့ ပြန်လည်အပ်နှံရပါမည်။
(ဂ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ လျှောက်ထားသူ ဆရာတော်၏ သာသနာဝင်မှတ်တမ်း၊မှတ်ပုံတင်စာချုပ်စာတမ်းများ၊မြေငှားဂရန်မြေဖြစ်ပါက မြေငှား စာချုပ်(ဂရန်)၊ ဌာနသို့အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်သူကအပ်နှံ သည့်စာ၊မြေပိုင်မြေဖြစ်ပါက နိုင်ငံတော်သို့ အာလယပြတ်စွန့်လွှတ်ကြောင်း မှတ်ပုံတင် စာချုပ်၊ရပ်ကွက်၊မြို့နယ်၊ ခရိုင် အာဏာပိုင် အဖွဲ့အစည်း၏ ထောက်ခံချက်၊ရပ်ကွက်၊ မြို့နယ်၊တိုင်းသံဃာ့နာယကအဖွဲ့ထောက်ခံချက်၊ သာသနာ ရေးဦးစီးဌာနထောက်ခံချက် များ တင်ပြရပါမည်။
(ဃ) တင်ပြလာသော အထောက်အထားများ ပြည့်စုံမှန်ကန်ပါက ဌာနမှ ကွင်းဆင်းစစ်ဆေးပါ သည်။
(င) အထက်ပါ အထောက်အထားများအပြင်ဌာနဆိုင်ရာတင်ပြရန် မြေပုံမြေရာဇဝင်(၂)စုံနှင့်အတူ အမှုတွဲ ပေးပို့၍ တိုင်းအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အစည်း၏ သဘောထားမှတ်ချက်ရ ယူရပါသည်။
(စ) ယင်းအထောက်အထားများ ပြည့်စုံပါကအမှုတွဲကို ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ပေးပို့ပါသည်။
(ဆ) ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုမိန့်ရရှိပါက အခွန်လွတ် သာသနာ့ ဂရန်အား လျှောက်ထားသူဆရာတော်သို့ ထုတ်ပေးပါသည်။
၁၀။ အခွန်လွတ်ဗုဒ္ဓသိမ်မြေဂရန်လျှောက်ထားခြင်း
(က) သာသနာ့မြေအတွင်းရှိ မြေကိုသာ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန် လျှောက်ထားခွင့်ရှိသည်။
(ခ) သိမ်ဒါယိကာ၊ဒါယိကာမအဖြစ် ခန့်အပ်ခြင်းခံရသူ လူပုဂ္ဂိုလ်ကသာ အခွန်လွတ်ဗဒ္ဓသိမ် မြေဂရန် လျှောက်ထားနိုင်ပါသည်။
(ဂ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကျောင်းထိုင် ဆရာတော်မှ သိမ် ဒါယိကာ၊ ဒါယိကာမအဖြစ် ခန့်အပ်သည့်စာ၊လိုင်စင်ရ အင်ဂျင်နီ ယာရေးဆွဲထားသည့် သိမ်၏လေးဘက်မြင်အဆောက်အအုံပုံစံ၊လျှောက်ထားသည့် မြေကို နိုင်ငံတော်သို့ အာလယပြတ် စွန့်လွှတ်သည့် မှတ်ပုံတင်စာချုပ်၊ မရွေ့လျားနိုင်သော ချုပ်ကြိုးပါသည့် မြေပုံနှင့် အလားအလာများပါသည့် သိမ်တည်နေရာ၏ မြေတိုင်းမြေပုံ၊ အခွန်လွတ်သာသနာ့ဂရန် လျှောက်ထားရာတွင်တင်ပြသည့် သံဃာ့နာယကအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်၏ထောက်ခံချက်များ တင်ပြရပါမည်။
(ဃ) ဌာနမှ ကွင်းဆင်းတိုင်းတာပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသို့အမှုတွဲပေး ပို့ရပါသည်။
(င) ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုမိန့်ရရှိပါက အခွန်လွတ်ဗုဒ္ဓသိမ်မြေ ဂရန် ထုတ်ပေးပါသည်။
၁၁။ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ် ၃(ခ) ထုတ်ပေးခြင်း
 (က) ဥယျာဉ်ခြံမြေ၊ ရွာမြေ၊ ဘိုးဘွားပိုင်မြေ(စိုက်ပျိုး) အမျိုးအစားများကို လယ်ယာမြေဟူ သောစကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ်(အိမ်ရာမြေ) အဖြစ် ထုတ်ပေးနိုင်ပါသည်။
(ခ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေနှင့် သက်ဆိုင်သည့် အထောက်အထား၊ မှတ်ပုံတင်စာချုပ်စာတမ်း၊ မြေအမည်ပေါက် သို့မဟုတ် အမွေဆက်ခံခွင့်ရရှိသူများ ကွယ်လွန်ပါက ကွယ်လွန်သူတို့၏ သေစာရင်း၊ ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ရှိကြောင်းလျှောက်ထားသူကိုယ်တိုင် တရားရုံးကျမ်း ကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ယင်းမြို့နယ်တွင် အတူနေသူ ပုဂ္ဂိုလ်(၂)ဦး၏ ထောက်ခံကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ (၂)စောင်တင်ပြလျှောက်ထား ရပါမည်။
(ဂ) ဌာနမှ မြေအသုံးချမှုအား ကွင်းဆင်းစစ်ဆေး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် သတင်းစာတို့တွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည်။
(ဃ) ကန့်ကွက်သူမရှိပါက ကော်မတီ၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တင်ပြပါသည်
(င) ကော်မတီ၀င်များ အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက သတ်မှတ်၀န်ဆောင်ခပေးသွင်း စေ၍(၁၉၅၃)ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃(ခ)အရ လယ်ယာ မြေတွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ်ထုတ်ပေးပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေကို ၁၉၈၇ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင်ပြဌာန်းခဲ့သည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုသည်မှာ မြေ၊ မြေမှဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ မြေ၌ ဆောက်လုပ်ထားသော (သို့မဟုတ်) တည်ရှိသောအဆောက်အအုံနှင့် အရာ၀တ္ထုများ၊ ယင်းအဆောက်အအုံ၌ တပ်ဆင်ထားသော အရာ၀တ္ထုများဖြစ်သည်။
မြေအမည်ပြောင်းခြင်း၊ မြေပုံမြေရာဇ၀င်ရေးကူးခြင်း၊ မြေတိုင်းတာခြင်းစသည့်ကိစ္စရပ်များတွင် တရား၀င်မှတ်ပုံတင်ထားသည့် စွန့်လွတ်စာချုပ်၊တရားဝင်အရောင်းအ၀ယ်စာချုပ်၊ တရားရုံး (သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်ရပ်၏ လေလံပစ်ခွင့် အပေါ် (သို့မဟုတ်) တရားရုံး၏ စီရင် ချက်အမိန့် ဒီကရီအရ လျှောက်ထားလွှာတို့ နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက် ပေးလျှက်ရှိသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းဆောက်ရွက်မှု၃၀.၁၂.၄၇ နေ့ မတိုင်မီ ၃၀.၁၂.၄၇ နေ့မှ ၁၆.၃.၈၇ နေ့အထိ၁၆.၃.၈၇ နေ့နောက်ပိုင်း
(က) နိုင်ငံသားမှ နိုင်ငံသား ခွင့်ပြု ခွင့်ပြုခွင့်ပြု
(ခ) နိုင်ငံသားမှ နိုင်ငံခြားသား ခွင့်ပြုခွင့်မပြုခွင့်မပြု
(ဂ) နိုင်ငံခြားသားမှ နိုင်ငံသားခွင့်ပြုခွင့်ပြုခွင့်မပြု 
(ဃ) နိုင်ငံခြားသားမှ နိုင်ငံခြားသားခွင့်ပြုခွင့်မပြု ခွင့်မပြု
  • သက်ဆိုင်သူတို့က လျှောက်ထားတင်ပြရာတွင် အထောက်အထားခိုင်လုံရမည်ဖြစ်သည်။နိုင်ငံ သားဖြစ်ခဲ့လျှင် အမျိုးသားမှတ်ပုံတင် (သို့မဟုတ်)နိုင်ငံသားပြုလက်မှတ် (UCC- Union of Burma holding Citizenship Certificate) တင်ပြရန်လိုအပ်ပါသည်။
  • ယင်းလက်မှတ်များ ထုတ်မပေးမီကာလက မြေအမည်ပေါက်သည် နိုင်ငံခြားသားအမည်ဖြင့်ရှိပြီး နိုင်ငံသား(သို့မဟုတ်)နိုင်ငံခြားသားဟူ၍ အတည်မပြုနိုင်သူဖြစ်လျှင် နိုင်ငံသားအဖြစ် မမှတ်ယူ နိုင်ပေ။ထိုသူသည် နိုင်ငံသားအခွင့်အရေးဆုံးရှုံးဖွယ်ရာရှိပေသည်။ ထို့ကြောင့် ခိုင်လုံသော အထောက်အထားများကိုသာ သက်ဆိုင်ရာကာယကံရှင်များက မပျက်မကွက် တင်ပြကြရန်လို အပ်ပါသည်။
(The Islamic law)အစ္စလာမ်တရားဥပဒေပါ ဝါကပ်ဖ်ဆိုင်ရာဥပဒေ
  • ဝါကပ်ဖ်ဆိုသည်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦးက အစ္စလာမ်တရားဥပဒေ အရအသိအမှတ်ပြုထားသည့် ဘာသာရေး၊ကုသိုလ်ရေး(သို့မဟုတ်)ပေးကမ်းစွန့်ကြဲရေးဆိုင်ရာ ရည်ရွယ်ချက် တစ်ရပ်အတွက် ပစ္စည်းတစ်စုံ တစ်ရာကို အမြဲထာဝရ ပေးကမ်းလှူဒါန်းခြင်းကို ဆိုလိုသည်ဟု ၁၉၁၃ ခုနှစ် မွတ်စလင်ဝါကပ်ဖ် အတည်ပြုရေးအက်ဥပဒေပုမ်မ ၂(၁)တွင် ဖွင့်ဆို ထားပါသည်။
  • ဝါကပ်ဖ်ဆိုသည်မှာ လှူဒါန်းသော ပစ္စည်းအပေါ်တွင်မူလပိုင်ရှင်၏ ပိုင်ဆိုင်မှု လုံးဝပျောက်ကွယ်သွားပြီး ပစ္စည်းကို ထာဝရဘုရား သခင်က ပိုင်ဆိုင်သွားကာပစ္စည်းမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ ကိုဖန်ဆင်းခံများက ခံစား အသုံးပြုစေနိုင်သော လှူဒါန်းမှုမျိုးကို ဆိုလိုသည်။
  • ထို့ကြောင့် ပစ္စည်းတစ်စုံတရာကို ဝါကပ်ဖ်ပြုလုပ်ခြင်းမှာ အပြီးအပြတ်သဘောကိုဆောင်ပြီး နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခြင်း မပြုနိုင်သကဲ့သို့ဝါကပ်ဖ်ပစ္စည်းကို ပေးကမ်းခြင်း၊ရောင်း ချခြင်းစသည့်ဖြင့် လွှဲပြောင်းခြင်းမပြုနိုင်တော့သည် သာမက အမွေဆက်ခံခွင့်လည်း မရှိတော့ပေ။ ဝါကပ်ဖ်၏ ပစ္စည်းကို ပိုင်ဆိုင်သူမှာ ဘုရားသခင်သာဖြစ်သည်။

Credit @ Ko Nge

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!