Popular Posts!

Thursday, March 30, 2017

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုျကည္ နိုင္ငံေတာ္အစိုးရတာဝန္ယူမႈ တစ္နွစ္ျပည့္အထိမ္းအမွတ္ ေျပာျကားသည့္ မိန့္ခြန္း

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုျကည္ နိုင္ငံေတာ္အစိုးရတာဝန္ယူမႈ တစ္နွစ္ျပည့္အထိမ္းအမွတ္ ေျပာျကားသည့္ မိန့္ခြန္း (အပိုင္း-၁)
===========================================
မတႅ ၃၀ ၊ ၂၀၁၇
ျပည္ေထာင္စုနိုင္ငံသူ နိုင္ငံသားမ်ားအေပါင္းရွင္။ ကြ်န္မတို့ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္က ၂၀၁၅ နိုဝင္ဘာလက က်င္းပတဲ့ ေရြးေကာက္ပြဲရဲ့ ရလဒ္အရ ၂၀၁၆ ခုနွစ္ ၃၀ ရက္ေန့ မတ္လမွာ နိုင္ငံ့ရဲ့ အစိုးရတာဝန္ေတြကို စတင္ျပီးေတာ့ ထမ္းေဆာင္ခဲ့ပါတယ္။ ဒီကိစၥေတြနဲ့ ပတ္သက္လို့ ကြ်န္မတို့မွာ ျပည္သူလူထုကို အစီရင္ခံရမယ့္ တာဝန္ရွိပါတယ္။ ကြ်န္မတို့ရဲ့ ျပည္ေထာင္စုဝန္ျကီးဌာနအသီးသီးနဲ့ တိုင္း/ ျပည္နယ္ အစိုးရမ်ားအသီးသီးဟာ မိမိတို့ရဲ့ ေဆာင္ရြက္ခ်က္ေတြ၊ မိမိတို့ရင္ဆိုင္ခဲ့ရတဲ့ စိန္ေခၚမႈ ေတြနဲ့ မိမိတို့ရဲ့ အနာဂတ္အတြက္ ရည္မွန္းခ်က္ေတြကို တင္ျပျပီးျဖစ္ပါတယ္။

အဲ့ေတာ့ ကြ်န္မအေနနဲ့ေတာ့ ကိစၥျကီးသံုးရပ္ကို အဓိကထားျပီးေတာ့ တင္ျပသြားခ်င္ပါတယ္။ ကြ်န္မတို့ ကိစၥျကီးသံုးရပ္ဆိုတာ ပထမဦးဆံုးအေနနဲ့ ကြ်န္မတို့ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ဟာ ေရြးေကာက္ပြဲ မတိုင္ခင္က ျပည္သူလူထုကို ေျပာင္းလဲခ်ိန္တန္ျပီဆိုျပီးေတာ့ ကြ်န္မတို့ စည္းရံုးခဲ့ပါတယ္။ ဒီေတာ့ အခုေျပာင္းလဲခ်ိန္တန္ျပီဆိုတဲ့ ကိစၥနဲ့ပတ္သက္လို့ ကြ်န္မတို့ ဘယ္ေလာက္ခရီးေရာက္သလဲ ဆိုတာကို စမ္းသပ္ဖို့ လိုပါတယ္။ ေျပာင္းလဲတယ္ဆိုတာ အဓိကအားျဖင့္ စနစ္ကိုေျပာင္းလဲျခင္းနဲ့ စိတ္ဓါတ္ကို ေျပာင္းလဲျခင္း နွစ္ခုျဖစ္ပါတယ္။ ဒီနွစ္ခုစလံုးမွာ ျပည္သူေရာ၊ အစိုးရေရာ ပါဝင္ရပါတယ္။ ျပည္သူခ်ည္းပဲလည္း လုပ္လို့မရပါဘူး။ အစိုးရခ်ည္းပဲလည္း လုပ္လို့မရပါဘူး။ ဒါေပမယ့္ စနစ္နဲ့ ပတ္သက္လို့ကေတာ့ အစိုးရကေနျပီးေတာ့ ဦးေဆာင္သြားရမွာျဖစ္ပါတယ္။
ဒီေတာ့ ကြ်န္မတို့ဟာ စနစ္ကိုေျပာင္းလဲဖို့ဆိုတာဟာ အနွစ္ငါးဆယ္ေက်ာ္ ကေနျပီးေတာ့ အျမစ္တြယ္ခဲ့တဲ့ စနစ္တစ္ခုကို ေျပာင္းလဲရတာျဖစ္ပါတယ္။ ဒီလို ေျပာင္းလဲတဲ့ေနရာမွာ ကြ်န္မတို့ အဓိက ရည္ရြယ္ခ်က္ဟာ အစိုးရဆိုတာဟာ ျပည္သူလူထုေတြအတြက္ ျဖစ္ရမယ္ဆိုတာကို ထင္ရွားေအာင္လို့ လုပ္ဖို့ပါပဲ။ ဒီေတာ့ အစိုးရဟာ ျပည္သူ့အတြက္လား၊ ျပည္သူဟာ အစိုးရသံုးဖို့အတြက္ လား ဆိုတာကို ဘာကထင္ရွားေစလဲဆိုေတာ့ ျပည္သူေတြအေနနဲ့ အစိုးရအေပၚမွာ အျမင္ျဖစ္ပါတယ္။ ပထမဦးဆံုး အားျဖင့္ ကြ်န္မယံုျကည္တာကေတာ့ အခုနွစ္အတြင္းမွာ ျပည္သူေတြဟာ အစိုးရကို ေျကာက္ဖို့ မလိုဘူး ဆိုတာ အမ်ားကသိလာတယ္လို့ ကြ်န္မထင္ပါတယ္။ ဒီဟာကို တိုးတက္မႈ တစ္ခုလို့ပဲ ကြ်န္မကေတာ့ ယူဆပါတယ္။ ျပည္သူကေနျပီးေတာ့ အစိုးရကိုေျကာက္ဖို့ မဟုတ္ပါဘူး။ ကြ်န္မတို့ ရည္ရြယ္တာကေတာ့ ျပည္သူက အစိုးရကို ေလးစားဖို့၊ တန္ဖိုးထားဖို့၊ ယံုျကည္ဖို့ပါပဲ။ ဒီအဆင့္ေရာက္တဲ့ အထိေတာ့ ကြ်န္မတို့ဆက္ျပီး ျကိုးစားသြားရမွာပါ။

အခုအခ်ိန္အခါမွာဆိုလို့ရွိရင္ ျပည္သူလူထုကို အကာအကြယ္ေပးနိုင္မယ့္ ဥပေဒေတြျပဌာန္းတဲ့ တစ္ခ်ိန္တည္းမွာ ျပည္သူလူထုကို ဖိနွိပ္ရာေရာက္တဲ့ ဥပေဒေတြကိုလည္း ကြ်န္မတို့ ေျပာင္းလဲသင့္တာကို ေျပာင္းလဲတယ္၊ ဖယ္ရွားသင့္တာကို ဖယ္ရွားခဲ့ပါတယ္။ ဒါဟာ စနစ္ကိုေျပာင္းလဲျခင္းရဲ့ ေျခလွမ္းတစ္လွမ္း ျဖစ္ပါတယ္။ ျပည္သူေတြကေတာ့ စိတ္ဓါတ္ကို ေျပာင္းလဲလား မေျပာင္းလဲလားဆိုတာဟာ ျပည္သူေတြ ကိုယ္တိုင္သိမွာပါပဲ။

ကြ်န္မတို့ အစိုးရအဖြဲ့ဝင္ေတြအေနနဲ့ စိတ္ဓါတ္ကို ေျပာင္းလဲျခင္းဆိုတာဟာ ကြ်န္မတို့ အဂတိတရား ေလးပါးမွ ကင္းဖို့ပါပဲ။ တခ်ို့က အဂတိတရားဆိုတာဟာ ေငြေရးေျကးေရးနဲ့ ပတ္သက္တယ္ လို့ပဲ ထင္ပါတယ္။ ဒါေျကာင့္ ကြ်န္မ မျကာခဏ သတိေပးရပါတယ္။ အဂတိတရား ေလးပါး ဆိုတာ ဆနၵ၊ ေဒါသ၊ ဘယာ၊ ေမာဟ။ ဒီေတာ့၊ အစိုးရတာဝန္ကို ထမ္းေဆာင္တဲ့ ပုဂၢိုလ္မ်ားဟာ ဆနၵ၊ ေဒါသ ကင္းရမယ္ဆိုတာ မိမိတို့ခ်စ္ခင္တဲ့ ပုဂၢိုလ္မ်ား၊ မိမိတို့နဲ့ နီးစပ္တဲ့ပုဂၢိုလ္မ်ားရဲ့ အက်ိုး အတြက္ကို ျကည့္ျပီးေတာ့ မလုပ္ရဘူး။ အမွန္တရားကိုပဲ ျကည့္ျပီးေတာ့ လုပ္ရမယ္။ ဒါ ဆနၵဂတိ ကင္းျခင္းဆိုတာ ဒါပဲျဖစ္ပါတယ္။ ပိုက္ဆံယူမွ အဂတိတရားနဲ့ မကင္းတာမဟုတ္ပါဘူး။ ကိုယ့္ရဲ့ အသိုင္းအဝိုင္းရဲ့ အက်ိုးကိုျကည့္ျပီးေတာ့ လုပ္ေဆာင္တဲ့ပုဂၢိုလ္မ်ားဟာ နိုင္ငံရဲ့အက်ိုးမျကည့္ဘဲနဲ့ ကိုယ့္ရဲ့အသိုင္းဝိုင္း၊ ကိုယ့္ရဲ့ မိသားစု၊ ကိုယ့္ရဲ့ မိတ္ေဆြမ်ားရဲ့ မ်က္နွာ ျကည့္ျပီး လုပ္တယ္ဆိုတာဟာ ဒါဟာလည္း အဂတိတရားတစ္မ်ိုးပါပဲ။

ေဒါသဂတိ ဆိုတာကေတာ့ ကိုယ္မျကိုက္တဲ့သူေတြ၊ မခ်စ္မနွစ္သက္တဲ့သူေတြကို နွိမ္တာ၊ ဒုကၡေရာက္ေအာင္လုပ္တာ၊ နည္းအမ်ိုးမ်ိုးနဲ့ ျပႆနာရွာတာ ဒီဟာေတြလည္း ကြ်န္မတို့အစိုးရက ကင္းတယ္လို့ ကြ်န္မ ယံုျကည္ပါတယ္။ ဘယာဂတိ ဆိုတာကေတာ့ စိုးရိမ္ေျကာင့္က်မႈက ကင္းေဝးျခင္းပါ။ ဒါကေတာ့ အဓိက အေရးျကီးတာကေတာ့ ကြ်န္မတို့ရဲ့ ျပည္သူေတြ စိုးရိမ္ေျကာင့္က်မႈမွ ကင္းေဝးဖို့လည္း လိုပါတယ္။ ဒါေပမယ့္ အစိုးရဆိုတာလည္း စိုးရိမ္ေျကာင့္က်မႈကေန ကင္းရမယ္။ ေျပာရမယ္ဆိုရင္ လုပ္သင့္လုပ္ထိုက္တာကို လုပ္ရဲရမယ္။ လုပ္သင့္လုပ္ ထိုက္တာကို မလုပ္ရဲ လို့ရွိရင္ နိုင္ငံတစ္နိုင္ငံရဲ့ အုပ္ခ်ုပ္ေရးတာဝန္ကို မယူသင့္ပါဘူး။

ကြ်န္မတို့ အခုတစ္နွစ္အတြင္းမွာဆိုရင္ စိန္ေခၚမႈအမ်ားျကီးနဲ့ ျကံုေတြ့ခဲ့ရပါတယ္။ အားလံုးကသိတဲ့ အတိုင္းပဲ ကြ်န္မတို့ နိုင္ငံဟာ စီးပြားေရးအရ ခြ်တ္ျခံုက်ေနတယ္။ ေနာက္ျပီးေတာ့လည္း ကြ်န္မတို့နိုင္ငံ ဟာ လြတ္လပ္ေရးရတဲ့အခ်ိန္ကေန စျပီးေတာ့ အခုထိ အျပည့္အဝ ျငိမ္းခ်မ္းေရးဆိုတာ မရရွိခဲ့ေသးပါဘူး။ ကြ်န္မတို့အတြက္ အမ်ိုးသားရင္ျကားေစ့ေရးနဲ့ ျငိမ္းခ်မ္းေရး ဆိုတာဟာ အင္မတန္မွ အေရးျကီးပါတယ္။ ဒီဟာကေတာ့ ဒုတိယကိစၥရပ္ျကီးပါပဲ။ ဒါေပမယ့္ ကိစၥရပ္ေတြက တစ္ခုနဲ့ တစ္ခု ဆိုတာဟာ ဆက္နွြယ္ေနပါတယ္။
ကြ်န္မတို့ အမ်ိုးသားရင္ျကားေစ့ေရးရရွိဖို့၊ ျငိမ္းခ်မ္းေရးရရွိဖို့ဆိုလို့ရွိရင္ အဂတိတရား ကင္းစင္ရ မယ္။ ကြ်န္မတို့ဟာ ကြ်န္မတို့ နိုင္ငံအတြင္းမွာရွိတဲ့ အဖြဲ့အစည္း၊ အစုအဖြဲ့ အသီးသီးနဲ့ ဆက္ဆံတဲ့ေနရာမွာ ဆိုရင္ ကိုယ္ျကိုက္သည္ျဖစ္ေစ၊ မျကိုက္သည္ ျဖစ္ေစ အမွန္တရားကို ေရွ့ရႈျပီးေတာ့ လုပ္ကိုင္ဖို့ လိုပါတယ္။

ကြ်န္မတို့ရဲ့ အစိုးရအေနနဲ့ ဒါေတာ့ ျပည္သူလူထုက သံုးသပ္ရမွာပါ။ ကြ်န္မအျမင္မွာေတာ့ ဒီ တစ္နွစ္အတြင္းမွာ ဘယ္အဖြဲ့အစည္း၊ ဘယ္ပုဂၢိုလ္ကိုမွ တိုက္ခိုက္ခဲ့တာ၊ ေစာင္းေျမာင္းခဲ့တာ၊ ေစာင္းခ်ိတ္ ျပီးေတာ့ ေဝဖန္ခဲ့တာ မရွိပါဘူး။ ကြ်န္မတို့ ေျပာစရာရွိရင္ေတာ့ တည့္တည့္ပဲ ေျပာပါတယ္။

ဒါေပမယ့္ ဘယ္ေတာ့မွ ကြ်န္မတို့ဟာ အဖြဲ့အစည္းတစ္ခု၊ ပုဂၢိုလ္တစ္ခုကို ကြ်န္မတို့ရဲ့ ပုဂၢိုလ္ေရး မလိုလားခ်က္ကို အေျခခံျပီးေတာ့ မလုပ္သင့္တဲ့ကိစၥကို လုပ္မွာမဟုတ္ပါဘူး။ ဒီလို မလုပ္လို့ရွိရင္၊ ဒီလို လမ္းစဉ္ကို မသြားလို့ရွိရင္ အမ်ိုးသား ရင္ျကားေစ့ေရးဆိုတာ ရနိုင္မွာ မဟုတ္ပါဘူး။
ဒီနိုင္ငံထဲမွာ အဖြဲ့အစည္းအမ်ိုးမ်ိုး ရွိပါတယ္။ တိုင္းရင္းသားမ်ိုးစံုရွိပါတယ္။ ဘာသာ ကိုးကြယ္တဲ့ ပုဂၢိုလ္ေတြ မ်ိုးစံုရွိပါတယ္။ ဒီေတာ့ ကြ်န္မတို့ဟာ တစ္ကယ္ပဲ အမ်ိုးသားရင္ျကားေစ့ေရးကို လိုလားတယ္ ဆိုလို့ရွိရင္ေတာ့ အားလံုးကို ဆက္ဆံတဲ့ေနရာမွာ မွ်မွ်တတရွိရမယ္။

ပုထုဇဉ္လူသားမ်ား ျဖစ္တဲ့အေလ်ာက္ ကိုယ္ျကိုက္တဲ့ဟာ မျကိုက္တဲ့ဟာ ရွိတာေပါ့။ ကိုယ္ ပိုျပီးေတာ့ ေမတၱာထားတဲ့ ပုဂၢိုလ္ေတြ ရွိမယ္။ ေမတၱာမထားတဲ့ပုဂၢိုလ္ေတြရွိမယ္။ ဒါေပမယ့္ ဒါ အစိုးရ တစ္ရပ္ရဲ့ အလုပ္ထဲမွာ ဒီလို ခံစားခ်က္ေတြဟာ ပါဝင္လာစရာ အေျကာင္းမရွိပါဘူး။
ကြ်န္မတို့ ေရြးေကာက္ပြဲစည္းရံုးေရးကာလတုန္းက ျပည္သူလူထုကို ေျပာခဲ့ပါတယ္။ အမ်ိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ္ကို မဲေပးပါ။ ကြ်န္မတို့ ကိုယ္စားလွယ္ေတြဟာ မဟုတ္မမွန္တာ လုပ္လို့ရွိရင္ ကြ်န္မတို့ ကိုယ္တိုင္ တာဝန္ယူျပီးေတာ့ လုပ္သင့္လုပ္ထိုက္တာကို လုပ္ပါမယ္ဆိုျပီးေတာ့ ကြ်န္မတို့ ကတိေပးခဲ့ပါ တယ္။ ဒီကတိအတိုင္းလည္း ကြ်န္မတို့ ေဆာင္ရြက္ခဲ့ပါတယ္။
ဒီတစ္နွစ္အတြင္းမွာ ကြ်န္မတို့ အဖြဲ့ဝင္ေတြထဲက ကြ်န္မတို့ ခန့္အပ္ထားတဲ့ ပုဂၢိုလ္ထဲက တိုင္းျပည္ ရဲ့ တာဝန္ကို မေက်ပြန္ဘူးလို့ ကြ်န္မတို့ျမင္ခဲ့တာရွိပါတယ္။ ဒါမွမဟုတ္ ကြ်န္မတို့ပါတီရဲ့ စည္းမ်ဉ္း စည္းကမ္းေတြကို မလိုက္နာတာေတြလည္း ကြ်န္မတို့ေတြ့ခဲ့ရပါတယ္။ အဲ့ဒီလို ပုဂၢိုလ္ေတြကိုလည္း ကြ်န္မတို့ စည္းမ်ဉ္းစည္းကမ္းအရ အေရးယူပါတယ္။ ေနာင္လည္း ဒီလိုပဲ ဆက္ျပီးေတာ့ လုပ္သြားမွာပါ။ ဘာျဖစ္လို့လဲဆိုေတာ့ နိုင္ငံတစ္နိုင္ငံ ေခ်ာေမြ့ဖို့ အတြက္ဆိုလို့ရွိရင္ ကြ်န္မတို့ဟာ ဆနၵကတိအရ ကိုယ္နဲ့ နီးစပ္တဲ့လူေတြကို မကာကြယ္သင့္တဲ့အခ်ိန္မွာ ကာကြယ္ေနလို့ မျဖစ္ပါဘူး။
ဒီေတာ့ ကြ်န္မတို့ အမ်ိုးသားရင္ျကားေစ့ေရးနဲ့ ျငိမ္းခ်မ္းေရးဆိုတာဟာ ဆက္နွြယ္ေနတယ္ ဆိုတာကေတာ့ ထူးထူးေထြေထြ ေျပာဖို့လိုမယ္လို့ မထင္ပါဘူး။ ျငိမ္းခ်မ္းေရးျဖစ္စဉ္ဟာ လြယ္တဲ့ျဖစ္စဉ္ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြ်န္မတို့အတြက္ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားျကီး ရွိပါတယ္။ အထူးသျဖင့္ ဆိုလို့ရွိရင္ အခုရက္ပိုင္းအတြင္းမွာဆိုလို့ရွိရင္ ကြ်န္မတို့ ဒုတိယပင္လံုညီလာခံအတြက္ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားျကီး တိုးပြားလာပါတယ္။

သို့ေသာ္ျငားလည္း ေမွ်ာ္လင့္ခ်က္ဆိုတာ ေမွ်ာ္လင့္ခ်က္ပဲ။ ေမွ်ာ္လင့္ခ်က္ဆိုတာဟာ ကြ်န္မတို့ လက္ထဲမွာ ဆုပ္ရထားတဲ့ကိစၥ မဟုတ္ေသးပါဘူး။ အရာတစ္ခု မဟုတ္ပါဘူး။ ကြ်န္မတို့ ဆက္ျပီးေတာ့ ျကိုးစားရပါမယ္။ ဒီ ျငိမ္းခ်မ္းေရးလမ္းသြားတဲ့အခါမွာ အျခားလမ္းေတြ သြားသလိုပဲ ေရွ့ကို တက္ရတာ ေတြလည္း ရွိတယ္။ တစ္ခါတစ္ေလ ရပ္ေနရတာေတြလည္း ရွိတယ္။ တစ္ခါတစ္ေလလည္း နည္းနည္း ျပန္ျပီးေတာ့ ေနာက္ဆုတ္ရတာေတြလည္း ရွိတယ္။ ဒါေပမယ့္ ကြ်န္မတို့ရဲ့ ပန္းတိုင္က ဘာလဲဆိုတာ ကြ်န္မတို့က ရွင္းရွင္းလင္းလင္း သိပါတယ္။ ပန္းတိုင္က ဘာလဲလို့ ရွင္းရွင္းလင္းလင္းသိလို့ ကြ်န္မတို့ ဆက္ျပီးေတာ့ ဒီပန္းတိုင္ကို ခ်ီတက္သြားမွာ ျဖစ္ပါတယ္။

ဒီဟာ ျငိမ္းခ်မ္းေရးပန္းတိုင္။ အမ်ိုးသားျပန္လည္ရင္ျကားေစ့ေရးပန္းတိုင္။ ကြ်န္မတို့ ဒီလို အမ်ိုးသား ရင္ျကားေစ့ေရးအတြက္ လုပ္တဲ့အခါမွာ၊ ျငိမ္းခ်မ္းေရးအတြက္ လုပ္တဲ့အခါမွာ ကမၻာတစ္ဝွမ္းက ကြ်န္မတို့ မိတ္ေဆြေတြရဲ့ ေထာက္ပံ့မႈ၊ ကူညီမႈ၊ စာနာမႈကို ကြ်န္မတို့ တန္ဖိုးထားပါတယ္။ သို့ေသာ္ျငား လည္း ကြ်န္မတို့ နိုင္ငံရဲ့ တာဝန္ေတြကို ကြ်န္မတို့ ကိုယ္တိုင္သာ ထမ္းေဆာင္ရမယ္။ ကြ်န္မတို့နိုင္ငံရဲ့ လိုအပ္ခ်က္ေတြကို ကြ်န္မတို့က နားအလည္ဆံုးပဲ။ ကြ်န္မတို့ ဒီလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းတဲ့ ေနရာမွာလည္း မွန္ကန္တဲ့လမ္းကို ကြ်န္မတို့ ေရြးခ်ယ္နိုင္တဲ့ အရည္အခ်င္းရွိတယ္လို့ ကြ်န္မ လံုးဝ ယံုျကည္ပါတယ္။ ဒါဟာ စိတ္ဓါတ္ပါပဲ။

ကြ်န္မတို့ရဲ့ ျပည္သူ ျပည္သားေတြဟာလည္း ဒီလို ကိုယ့္ကိုကိုယ္ ယံုျကည္မႈ ရွိေစခ်င္ပါတယ္။ အခ်ို့ သိျပီးသားျဖစ္မွာပါ။ ကြ်န္မတို့ရဲ့ ျပည္သူမ်ားဟာ ဘယ္ေလာက္အထိ ဒီလိုသတင္းေတြကို လိုက္ျပီးေတာ့ နားေထာင္ျကတယ္။ ေဝဖန္ျကတယ္။ ေလ့လာျကတယ္ဆိုတာ ကေတာ့ ကြ်န္မက မသိပါဘူး။

ကြ်န္မတို့ ရခိုင္ျပည္နယ္အေရးကိစၥနဲ့ ပတ္သက္လို့ဆိုလို့ရွိရင္ ကမၻာ့ကုလသမဂၢ လူ့အခြင့္အေရး ေကာင္စီကေနျပီးေတာ့ ျမန္မာနိုင္ငံနဲ့ ပတ္သက္လို့ ဆံုးျဖတ္ခ်က္တစ္ခုခ်ခဲ့ပါတယ္။ ဒီဟာကို ကြ်န္မတို့ လက္မခံခဲ့ပါဘူး။ လက္မခံခဲ့တာဟာ ကြ်န္မတို့ ကုလသမဂၢကို မေလးစားလို့လဲ မဟုတ္ဘူး။ ဒီကုလသမဂၢ လူ့အခြင့္အေရးေကာင္စီထဲမွာ ပါဝင္တဲ့ နိုင္ငံေတြကို ကြ်န္မတို့ မိတ္ေဆြအျဖစ္နဲ့ မျမင္လို့လဲ မဟုတ္ဘူး။ ဆံုးျဖတ္ခ်က္ဟာ ကြ်န္မတို့နိုင္ငံနဲ့ မကိုက္ညီဘူးလို့ ကြ်န္မတို့ ယူဆလို့ လက္မခံတာပါ။ ကြ်န္တို့ နိုင္ငံနဲ့ ကိုက္ညီတယ္လို့ ယူဆတဲ့အျကံဉာဏ္ေတြဆိုရင္ ကြ်န္မတို့ဟာ ေက်းဇူးတင္စြာနဲ့ လက္ခံမွာျဖစ္ပါတယ္။ ဒီလို အျကံဉာဏ္ေတြ အေကာင္အထည္ေဖာ္ဖို့လည္း ကြ်န္မတို့ အတတ္နိုင္ဆံုး ျကိုးစားသြားမွာ ျဖစ္ပါတယ္။ ဒီေတာ့ ကြ်န္မတို့ အခု တစ္နွစ္အတြင္း လုပ္ခဲ့တဲ့ ကိစၥရပ္အားလံုးဟာ နိုင္ငံရဲ့ အနာဂတ္ကို ကြ်န္မတို့ ေရွ့ရႈျပီးေတာ့ လုပ္ခဲ့ပါတယ္။

တဒဂၤ࿿ လတ္တေလာ အမ်ားျကိုက္မယ့္ကိစၥေတြ ဆိုျပီးေတာ့လည္း ကြ်န္မတို့ ေရြးမလုပ္ပါဘူး။ တဒဂၤ࿿ လတ္တေလာ ျသဘာေပးမယ့္ကိစၥေတြဆိုျပီးေတာ့လည္း ကြ်န္မတို့ ေရြးျပီးေတာ့ မလုပ္ခဲ့ပါဘူး။ လုပ္သင့္လုပ္ထိုက္တဲ့ကိစၥေတြကို ကြ်န္မတို့ စြန့္စားျပီးေတာ့ လုပ္ခဲ့ပါတယ္။ စြန့္စားတယ္လို့ ကြ်န္မ ေျပာရျခင္းဟာ လူ့ဘဝမွာဆိုလို့ရွိရင္ ဘာကိစၥပဲလုပ္လုပ္၊ ဘယ္လို အက်ိုးဆက္ ျဖစ္လာမယ္ဆိုတာ တိတိက်က် တြက္လို့မရပါဘူး။ ဒီေတာ့ ကြ်န္မတို့ရဲ့ ေမွ်ာ္လင့္ခ်က္နဲ့ ကြ်န္မတို့ရဲ့ ယံုျကည္ခ်က္နဲ့ ကြ်န္မတို့ ကိုင္စြဲထားတဲ့ မူဝါဒေတြအေပၚမွာ အေျခခံျပီးေတာ့ ကြ်န္မတို့ လုပ္သင့္ လုပ္ထိုက္တယ္လို့ ထင္တဲ့ကိစၥေတြကို လုပ္သြားမွာ ျဖစ္ပါတယ္။ အခုလည္း လုပ္ခဲ့ပါတယ္။

ဒီကိစၥ ဒါနဲ့ပတ္သက္လို့လည္း ျပည္သူလူထုဟာ ကြ်န္မတို့ကို စမ္းသပ္နိုင္ပါတယ္။ ကြ်န္မတို့ရဲ့ အေျခအေနဟာ ျပည္သူလူထု လိုခ်င္တဲ့အေျခအေန ဟုတ္မဟုတ္ဆိုတာကိုလည္း ဆံုးျဖတ္ပိုင္ခြင့္ ျပည္သူ မွာ ရွိပါတယ္။ ျငိမ္းခ်မ္းေရးနဲ့ ပတ္သက္လို့ကေတာ့ ကြ်န္မတို့နိုင္ငံဟာ တိုင္းရင္းသားလူမ်ိုးေပါင္းမ်ားစြာနဲ့ ဖြဲ့စည္းထားတဲ့နိုင္ငံမို့လို့ ေတာ္ေတာ္မွ ရႈပ္ေထြးတဲ့ သိမ္ေမြ့တဲ့ ကိစၥေလးေတြကို ကြ်န္မတို့ ကိုင္တြယ္ရပါ တယ္။ ရင္ဆိုင္ရပါတယ္။ သို့ေသာ္ျငားလည္း မတူကြဲျပားမႈဆိုတာဟာ ကြ်န္မတို့အတြက္ အက်ိုးရွိနိုင္တဲ့ အင္မတန္မွ က်ယ္ျပန့္တဲ့ သယံဇာတျကီးတစ္ခုပဲလို့ ကြ်န္မေတာ့ ဒီလိုပဲျမင္ပါတယ္။ ကြ်န္မတို့ မတူကြဲျပား မႈေတြအေပၚမွာ အေျခခံျပီးေတာ့ ကြ်န္မတို့နိုင္ငံ ပိုျပီးေတာ့ တိုးတက္ေအာင္လို့၊ ပိုျပီးေတာ့ ကြ်န္မတို့နိုင္ငံ ဖြံ့ျဖိုးေအာင္လို့ ကြ်န္မတို့ လုပ္နိုင္မယ္ဆိုတာလည္း အဓိကယံုျကည္ပါတယ္။ ဆိုေတာ့ အမ်ိုးသား ရင္ျကားေစ့ေရးနဲ့ ျငိမ္းခ်မ္းေရးအတြက္ လုပ္တဲ့ေနရာမွာလည္း ဒီ အဂတိတရား (၄) ပါးကင္းဖို့လိုပါတယ္။ ဆနၵ၊ ေဒါသ၊ ဘယာ၊ ေမာဟ။ မျကိုက္လို့ မလုပ္တာတို့၊ ျကိုက္လို့ လုပ္တာတို့၊ ေျကာက္လို့လုပ္တာတို့၊ ဒါမွမဟုတ္ အသိတရားကင္းမဲ့လို့ လုပ္တာတို့၊ မလုပ္တာတို့ ဒါေတြအားလံုးဟာ အဂတိတရားေတြပါပဲ။ ဒါေတြကေန ကင္းစင္ဖို့ အစိုးရတစ္ရပ္ဟာ အင္မတန္မွ ျကိုးစားရပါလိမ့္မယ္။

အရင္နွစ္က ကြ်န္မတို့ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ဟာ အစိုးရတာဝန္ကို စျပီးထမ္းေဆာင္ျပီး ကာလမျကာခင္ ျမန္မာ့နွစ္သစ္ကူးအခ်ိန္မွာလည္း ကြ်န္မျပည္သူလူထုကို မိန့္ခြန္းတစ္ရပ္ ေျပာခဲ့ပါတယ္။ အဲဒီမွာ ကြ်န္မ ကတိတစ္ခုေပးခဲ့ပါတယ္။

ကြ်န္မတို့ ျပည္သူအေပၚမွာ ေမတၱာထားမယ္။ နိုင္ငံအေပၚမွာ သစၥာေစာင့္မယ္။ ဒါဟာ ကြ်န္မ အဓိကေျပာခ်င္တယ္ဆိုတဲ့ ကိစၥရပ္ျကီး (၃) ခုထဲက ေနာက္ဆံုးေျမာက္ ကိစၥရပ္ျဖစ္ပါတယ္။ ျပည္သူအေပၚမွာ ေမတၱာထားမယ္ဆိုတာ ျပည္သူရဲ့ဘဝ ဖြံ့ျဖိုးတိုးတက္ေရးအတြက္ ကြ်န္မတို့ အတတ္နိုင္ဆံုးျကိုးစားသြားမယ္ဆိုတဲ့ အဓိပၸါယ္ေရာက္တယ္။ ဘာျဖစ္လို့လဲဆိုေတာ့ ေမတၱာ ထားတယ္ဆိုတာ ပါးစပ္ေျပာရံုနဲ့ မျပီးပါဘူး။ တကယ့္ကို ေမတၱာထားတယ္ဆိုလို့ရွိရင္ ကိုယ္ ေမတၱာထား တဲ့ ပုဂၢိုလ္မ်ားရဲ့ ဘဝေနေရး ပိုျပီးေတာ့ ေကာင္းမြန္ေအာင္လို့၊ စိတ္ေအးခ်မ္းနိုင္ေအာင္လို့၊ ကိုယ္က်န္းမာ နိုင္ေအာင္လို့ ဒီလိုဟာေတြကိုလုပ္ေပးမွ တကယ္ေမတၱာရွိရာ ေရာက္ပါတယ္။ ေမတၱာရွိပါတယ္၊ ေမတၱာရွိပါတယ္လို့ ပါးစပ္ကေျပာျပီးေတာ့ တကယ္ေတာ့ ထိထိေရာက္ေရာက္ ဘာမွမလုပ္ဘူးဆိုလို့ရွိရင္ ဒီေမတၱာဟာ စကားလံုးတစ္ခုပဲျဖစ္ပါတယ္။ တကယ္ထိေရာက္တဲ့အင္အား မဟုတ္ပါဘူး။ အဲေတာ့ ကြ်န္မတို့ ျပည္သူအေပၚမွာ ေမတၱာထားမယ္လို့ ကြ်န္မတို့ ကတိျပုသြားတဲ့အတိုင္းပဲ တတ္နိုင္သမွ် ျပည္သူ့ရဲ့ ဘဝတိုးတက္ေရးအတြက္ လုပ္ခဲ့ပါတယ္။ ဘယ္ေလာက္ထိ ေအာင္ျမင္တယ္၊ မေအာင္ျမင္တယ္ ဆိုတာ ကေတာ့ ေစာေစာက ကြ်န္မေျပာတဲ့အတိုင္းပဲ ကြ်န္မတို့ ဝန္ျကီးဌာန အသီးသီးက တင္ျပျပီးပါျပီ။

ကြ်န္မအေနနဲ့ အေလးထားတဲ့ ကိစၥေလးတခ်ို့ကိုပဲ အခုေျပာသြားခ်င္ပါတယ္။ ျပည္သူအေပၚမွာ ေမတၱာ ထားတယ္ဆိုတာ ျပည္သူ့ရဲ့ က်န္းမာေရး၊ ပညာေရးကို ကြ်န္မတို့ အထူးဂရုျပုဖို့လိုပါတယ္။ ဒါေျကာင့္မို့လို့ အခု ကြ်န္မတို့ရဲ့ ဒီနွစ္ဘတ္ဂ်က္ထဲမွာဆိုလို့ရွိရင္ ပညာေရးနဲ့ က်န္းမာေရးအတြက္ကို အထူး ကြ်န္မတို့ သံုးထားတာ ရွိပါတယ္။ အရင္တုန္းကနဲ့မတူေအာင္လို့ ပိုမိုျပီးေတာ့ သံုးစြဲထားပါတယ္။ ေနာက္ျပီးေတာ့ ဒီသံုးစြဲတဲ့ေငြမ်ားဟာ အလဟႆ မျဖစ္ေစဘူးဆိုတာလည္း ကြ်န္မတို့ အာမခံနိုင္ပါတယ္။ အခု ဒီတစ္နွစ္ အတြင္းမွာကို ကြ်န္မတို့ရဲ့ ျပည္သူ့က်န္းမာေရး ေစာင့္ေရွာက္မႈဟာ တိုးတက္တဲ့ နႈန္းဟာ အင္မတန္မွ ျမန္ပါတယ္။ တိုးတက္တယ္ ဆိုတာဟာ ကမၻာကေတာင္မွ အသိအမွတ္ျပုရေလာက္ေအာင္ တိုးတက္ပါတယ္။ ထင္ထင္ရွားရွား ကိစၥ တစ္ခုကေတာ့ တီဘီ၊ ေနာက္ျပီးေတာ့ ငွက္ဖ်ား၊ HIV AIDS နဲ့ ပတ္သက္တဲ့ ဒီေရာဂါျကီး (၃) ခု တိုက္ဖ်က္ေရး စီမံကိန္းေပါ့။ တစ္ကမၻာလံုးကေန ပါဝင္ေနတဲ့ စီမံကိန္းျကီးမွာဆိုလို့ရွိရင္ ကြ်န္မတို့နိုင္ငံရဲ့ တိုးတက္မႈဟာ အံ့မခန္းပါပဲဆိုျပီးေတာ့ Global funds ဆိုတဲ့ ဒီေရာဂါျကီး (၃)ခုကို တိုက္ဖ်က္မႈအတြက္ ထူေထာင္ထားတဲ့ ကမၻာ့ေငြေရးေျကးေရးအဖြဲ့ကေနျပီးေတာ့ ကြ်န္မတို့ကို ခ်ီးမြမ္းရပါတယ္။
အရင္တုန္းကဆိုလို့ရွိရင္ ျမန္မာနိုင္ငံဟာ ဒီေရာဂါျကီး (၃) ခု တိုက္ဖ်က္မႈမွာ ေနာက္ဆံုးနားက ရွိေနေပမယ့္ အခုဆိုရင္ ကမၻာ့အဆင့္နဲ့ကို ထိပ္တန္းကို တက္လာျပီဆိုျပီး ခ်ီးမြမ္းရပါတယ္။ ခ်ီးမြမ္းတယ္ ဆိုတာကလည္း စကားနဲ့တင္မဟုတ္ပါဘူး။ ဒါေျကာင့္မို့လို့ ေနာင္ (၃) နွစ္မွာဆိုလို့ရွိရင္ ကြ်န္မတို့ကို အေမရိကန္ေဒၚလာ သန္း ၅၀ဝ နဲ့ ေထာက္ပံ့မယ္။ ဒီကိစၥေတြ ဆက္ျပီးေတာ့ လုပ္သြားဖို့ ေထာက္ပံ့မယ္ ဆိုျပီးေတာ့ ေျပာခဲ့ပါတယ္။ ဒါ ကြ်န္မအေနနဲ့ ေက်နပ္စရာေတြထဲမွာ တစ္ခုပါ။

ေနာက္တစ္ခု ကြ်န္မတို့ ေက်နပ္စရာေတြထဲမွာ ဘာရွိလဲဆိုေတာ့ ကြ်န္မတို့ရဲ့ လမ္းပမ္းဆက္သြယ္ ေရးေတြ အင္မတန္မွ ေကာင္းလာပါတယ္။ မနွစ္တုန္းက ကြ်န္မတို့ရဲ့ စီးပြားေရး ေပၚလစီေတြ မူဝါဒေတြ ခ်မွတ္တဲ့အခါမွာ အေရးျကီးဆံုးဟာ အလုပ္အကိုင္ဖန္တီးေရးပဲလို့ ကြ်န္မတို့ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဒီတစ္နွစ္အတြင္းမွာ ကြ်န္မတို့ ဘာေတြ့ခဲ့ရလဲဆိုေတာ့ လမ္းပမ္းဆက္သြယ္ေရးေကာင္းသြားျပီ။ လွ်ပ္စစ္မီး ရသြားျပီ ဆိုလို့ရွိရင္ အလုပ္အကိုင္ ဖန္တီးေရးဟာ ပိုျပီးေတာ့တိုးတက္လာတယ္။ လ်င္ျမန္လာတယ္။ ျပည္သူေတြကလည္း မိမိတို့ကိုယ္တိုင္ မိမိဘာသာ အလုပ္အကိုင္ေတြကို ဖန္တီးနိုင္တဲ့ခြင့္လည္း ရလာ တယ္။ ေနာက္ျပီးေတာ့ လုပ္ငန္းရွင္ေတြဘက္က လည္း ဒီလို လမ္းပန္းဆက္သြယ္ေရးေကာင္းတဲ့ေနရာ၊ လွ်ပ္စစ္မီးရတဲ့ေနရာမွာဆိုလို့ရွိရင္ ရင္းနွီးျမႈပ္နွံခ်င္တဲ့စိတ္ ေတြျဖစ္လာတယ္။

ဒီေတာ့ ဒါေျကာင့္မို့ ကြ်န္မတို့ အခုကေနစျပီးေတာ့ အလုပ္အကိုင္ဖန္တီးေရးနဲ့ လမ္းပန္း ဆက္သြယ္ေရးနဲ့တန္းတူ လွ်ပ္စစ္မီးရရွိေရးကို ကြ်န္မတို့ အဓိကထား ျပီးေတာ့ လုပ္သြားမွာျဖစ္ပါတယ္။ ဒီလိုလုပ္တဲ့ေနရာမွာ ကြ်န္မတို့ဟာ နိုင္ငံကို တည္ေဆာက္တဲ့ေနရာမွာ ျပည္သူကို အက်ိုးျပုမယ့္ စီမံကိန္း ေတြကို အေကာင္အထည္ ေဖာ္တဲ့ေနရာမွာ နိုင္ငံ့ဘ႑ဍာေတာ္ေငြကို မွန္မွန္ကန္ကန္ တိတိက်က်သံုးစြဲဖို့ လိုပါတယ္။ ဒါနဲ့လည္း ပတ္သက္လို့ ကြ်န္မတို့ အင္မတန္မွ ဂုဏ္ယူနိုင္ပါတယ္။

ကြ်န္မတို့ တိုင္းနွင့္ ျပည္နယ္တစ္ခ်ို့မွာဆိုလို့ရွိရင္ အရင္နွစ္တုန္းက ခ်ထားခဲ့တဲ့ ဘ႑ဍာေငြေတြ အရင္တုန္းကေနျပီးေတာ့ စျပီးသားစီမံကိန္းေတြနဲ့ပတ္သက္လို့ ေသေသခ်ာခ်ာ ေလ့လာျပီးေတာ့ ေဆာင္ရြက္တဲ့အခါမွာ ေငြပိုေတြ အမ်ားျကီးရခဲ့ပါတယ္။ နိုင္ငံ့အတြက္ မလိုအပ္တဲ့ေငြေတြ အလဟာသ မျဖစ္သြားပါဘူး။ မလိုအပ္ဘဲနဲ့ ဘာေငြမွ အလဟာသ မျဖစ္သြားပါဘူး။ ဒါေပမယ့္ ဒီလိုလုပ္ျခင္းအားျဖင့္ ကြ်န္မတို့ စီမံကိန္းေတြရဲ့ အဆင့္ နိမ့္သြားလားဆိုေတာ့ မနိမ့္သြားပါဘူး။ ပိုလည္းျမင့္လာပါတယ္။ ဘာျဖစ္လို့လည္းဆိုေတာ့ ကြ်န္မတို့ဟာ အဆင့္မီေရးကိုလည္း အဓိကထားျပီးေတာ့ လုပ္ပါတယ္။
တခ်ို့တိုင္းနွင့္ ျပည္နယ္ေတြမွာဆိုလို့ရွိရင္ ပိုလွ်ံေငြဟာ နဲနဲေနာေနာ မဟုတ္ပါဘူး။ သန္းနဲ့ခ်ီျပီး ေတာ့ကို ပိုတာေတြရွိပါတယ္။ သန္းမဟုတ္ဘဲ ဘီလီယမ္နဲ့ခ်ီျပီးေတာ့ ပိုတာေတြလည္း ရွိပါတယ္။ အဲ့ေတာ့ ကြ်န္မတို့ ဒီေနရာမွာလည္း ေက်နပ္စရာ တစ္ခုပါပဲ။ ျပည္သူလူထုရဲ့ ဘ႑ဍာေငြကို ကိုယ္ပိုင္ေငြလို ကြ်န္မတို့ မသံုးပါဘူး။ ျပည္သူ့ေငြဟာ ျပည္သူ့ ေငြပဲ။ နိုင္ငံ့ေငြဟာ နိုင္ငံ့ေငြပဲ နိုင္ငံ့ဘ႑ဍာပဲ။ နိုင္ငံရဲ့ အရင္းအျမစ္ပဲ ဆိုျပီးေတာ့ ကြ်န္မတို့ ေသေသခ်ာခ်ာ ကို တာဝန္ရွိစြာနဲ့ ကြ်န္မတို့သံုးခဲ့ပါတယ္။ အဲ့ဒီေတာ့ ကြ်န္မတို့ ဒါဟာလည္း နိုင္ငံ့အေပၚမွာ သစၥာေစာင့္တယ္ဆိုတဲ့အတိုင္းပါပဲ။ နိုင္ငံအေပၚမွာ သစၥာေစာင့္တာ နဲ့ ျပည္သူအေပၚမွာ ေမတၱာထားတာဟာ တကယ္ေတာ့ ခြဲျခားလို့မရပါဘူး။
နိုင္ငံအေပၚမွာ သစၥာေစာင့္တယ္ဆိုရင္ ျပည္သူအေပၚမွာ ေမတၱာထားရမယ္။ ျပည္သူရဲ့ တိုးတက္ ေရးအတြက္ကို စြမ္းေဆာင္ရမယ္။ ဒီေတာ့ ျပည္သူအေပၚမွာ ေမတၱာထားတယ္ဆိုရင္ နိုင္ငံအေပၚမွာလည္း သစၥာေစာင့္ရမယ္။ ဒါမွသာ အစိုးရတစ္ခုရဲ့တာဝန္ဟာ ေက်ပြန္မွာ ျဖစ္ပါတယ္။ အဲ့ဒီေတာ့ ကြ်န္မတို့ အမ်ိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ္အစိုးရအေနနဲ့၊ ကြ်န္မက အမ်ိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ္အစိုးရလို့ေျပာတဲ့ အခါမွာ အားလံုးကို သတိေပးခ်င္တာကေတာ့ အမ်ိုးသားရင္ျကားေစ့ ေရး အစိုးရလို့ ေျပာခ်င္ပါတယ္။

ကြ်န္မအမ်ိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ္အစိုးရလို့ ေျပာရျခင္းအေျကာင္းဟာ ကြ်န္မတို့ပိုင္တဲ့ အစိုးရ လို့ ေျပာခ်င္လို့မဟုတ္ပါဘူး။ ကြ်န္မတို့ တာဝန္ယူပါတယ္ဆိုတာကို ေျပာခ်င္တာ ျဖစ္ပါတယ္။ ကြ်န္မတို့ စတက္ကတည္းက အမ်ိုးသားရင္ျကားေစ့ေရးကို ဦးတည္တဲ့အစိုးရဆိုတာ ကြ်န္မ အမ်ိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ္ ပါတီဝင္ေတြနဲ့တင္ ဖြဲ့ထားတဲ့အစိုးရ မဟုတ္ပါဘူး။ အဖြဲ့အစည္းအသီးသီးက ပုဂၢိုလ္ေတြနဲ့ စုေပါင္းျပီးေတာ့ ဖြဲ့ထားတဲ့အစိုးရ ျဖစ္ပါတယ္။ ဒါဟာ ကြ်န္မတို့အေနနဲ့ ျပည္သူ့အတြက္ ရွိတဲ့ အရည္အခ်င္း ေတြ အားလံုးကို အေကာင္းဆံုးျဖစ္ေအာင္ ကြ်န္မတို့ သံုးခ်င္ပါတယ္။

ဒီေတာ့ ကြ်န္မတို့ ေရြးထားတဲ့ ဝန္ျကီးမ်ားဟာ အားလံုး အေတာ္ဆံုးလား အေကာင္းဆံုးလား ဆိုတာဟာ ဒါေတာ့လည္း အခ်ိန္ကပဲ ျပသြားမွာပါ။ တစ္ခ်ို့က တိုးတက္မႈ ပိုေနွးတယ္၊ တစ္ခ်ို့က တိုးတက္မႈ ပိုျမန္တယ္။ ဒါေပမယ့္ တစ္ခ်ို့ေတြကလည္း ေရာက္ေနတဲ့ေနရာနဲ့ သင့္ေတာ္ခ်င္မွ သင့္ေတာ္မယ္။ ဒါေတြကေတာ့ ကြ်န္မတို့ ျကည့္ျပီးေတာ့ ေျပာင္းသင့္ေျပာင္းထိုက္တာကို ေျပာင္းရမွာပဲ။ ဒါ ျပည္သူေတြကလည္း ဒီကိစၥေတြကို သိပိုင္ခြင့္ရွိပါတယ္။ အစိုးရတစ္ခုဟာ ဘာလုပ္ေနလဲ။ ဘယ္လို ရည္ရြယ္ခ်က္ရွိလဲ ဆိုတာဟာ ျပည္သူဟာ သိပိုင္ခြင့္ရွိပါတယ္။ ျပည္သူကိုမေျပာဘူးဆိုတာ တစ္နည္း အားျဖင့္ ျပည္သူကို မယံုျကည္ဘူး မေလးစားဘူး၊ ျပည္သူမွာ အရည္အခ်င္းမရွိဘူးလို့ သတ္မွတ္သလိုပါပဲ။

ဒါေျကာင့္ ပြင့္လင္းျမင္သာမႈရဲ့ အေျခခံအားျဖင့္ ျပည္သူကို ေလးစားျခင္းပဲ ျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာတယ္ဆိုတာဟာ ျပည္သူဟာ ေျပာသင့္ေျပာထိုက္ သိသင့္သိထိုက္တဲ့သူမို့လို ေျပာတယ္ဆိုတဲ့ အဓိပၸါယ္ေရာက္ပါတယ္။ ဒါေျကာင့္မို့ အစိုးရေကာင္းမ်ားအားလံုးရဲ့ အေျခခံဟာ ပြင့္လင္းျမင့္သာမႈနဲ့ တာဝန္ယူမႈပဲ ျဖစ္ပါတယ္။ ဒီပြင့္လင္းျမင္သာမႈနဲ့ တာဝန္ယူမႈကို ကြ်န္မတို့ လက္ကိုင္ျပီးေတာ့ ဒီတစ္နွစ္အတြင္းမွာ တတ္နိုင္ သေလာက္ ျပည္သူ့အက်ိုးနဲ့ နိုင္ငံအက်ိုးအတြက္ ထမ္းေဆာင္ခဲ့ပါတယ္။ ျပည္သူေတြအားလံုး တိုးတက္သင့္သေလာက္ တိုးတက္ခ်င္သေလာက္ မတိုးတက္ေသးဘူးဆိုတာလည္း ကြ်န္မတို့ သိပါတယ္။

ဒီတစ္နွစ္ဆိုတာဟာ တကယ္ေတာ့ သိပ္ျပီးေတာ့ရွည္ျကာတဲ့ကာလမဟုတ္ပါဘူး ဒီလိုပဲ ကြ်န္မတို့ လို စနစ္အေျပာင္းအလွြဲကို ျဖတ္သန္းခဲ့ရတဲ့ တစ္ခ်ို့နိုင္ငံက ပုဂၢိုလ္မ်ားနဲ့ ကြ်န္မေဆြးေနြးဖူးပါတယ္။ ေဆြးေနြးတဲ့အခါမွာ ၂ လ ၃ လ ေလာက္က ေဆြးေနြးျဖစ္ပါတယ္။ ေဆြးေနြးတဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ား က ေျပာပါတယ္။ ကြ်န္မတို့ နိုင္ငံရဲ့ တိုးတက္နႈန္းက အေတာ္ျမန္ပါတယ္တဲ့။ သူတို့နိုင္ငံေတြမွာဆိုရင္၊ တစ္ခ်ို့နိုင္ငံေတြမွာဆိုရင္ ကြ်န္မတို့ တိုးတက္နႈန္းေလာက္ တိုးတက္မႈရေအာင္ ၃ ၊ ၄ နွစ္ေတာင္မွ ျကိုးစားရပါတယ္လို့ ေျပာခဲ့တာ ရွိပါတယ္။ ဒီလို ေျပာတဲ့အခါက်ေတာ့လည္း ကြ်န္မတို့ အားတက္ပါတယ္။

အားတက္တယ္ဆိုတာဟာ ေက်နပ္ျပီးေတာ့၊ ေတာ္လွျပီဆိုျပီးေတာ့ အားတက္တာမ်ိုးမဟုတ္ပါဘူး။ ကြ်န္မတို့ ဆက္ျပီးေတာ့ ျကိုးစားရက်ိုးနပ္တယ္ဆိုတဲ့ အသိနဲ့ အားတက္မႈျဖစ္ပါတယ္။
ကြ်န္မတို့ အရင္နွစ္တုန္းက အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ဟာ နိုင္ငံ့ရဲ့ တာဝန္ကို စျပီးေတာ့ ယူစဉ္အခါတုန္းကဆိုလို့ရွိရင္ ကြ်န္မတို့ ေျပာင္းလဲခ်ိန္တန္ျပီဆိုတဲ့ ေဆာင္ပုဒ္နဲ့ ယူခဲ့ပါတယ္။ အဲဒီေတာ့ ကြ်န္မတို့ အခု တစ္နွစ္ျကာျပီဆိုေတာ့ ေဆာင္ပုဒ္ကိုလည္း ကြ်န္မတို့ နဲနဲေျပာင္းျပီးေတာ့ သြားရရင္ ေကာင္းမယ္လို့ ကြ်န္မထင္ပါတယ္။ အဲဒီေတာ့ ကြ်န္မစဉ္းစားပါတယ္။ ဘယ္လိုေဆာင္ပုဒ္မ်ိုးနဲ့ ဆက္သြားရင္ေကာင္းမလဲဆိုေတာ့ တိုတိုတုတ္တုတ္နဲ့ အဓိပၸာယ္ေပၚလြင္ေအာင္ “ျပည္သူနဲ့အတူ” လို့ ကြ်န္မတို့ဆက္ျပီး ေတာ့ ဒီခရီးလမ္းကို ျပည္သူနဲ့အတူ ေလွ်ာက္သြားခ်င္ပါတယ္။
ဒီလို ျပည္သူနဲ့အတူ ေလွ်ာက္သြားခ်င္တဲ့အခါမွာ အခုေခတ္ေပါ့ေနာ္ နိုင္ငံတကာမွာသံုးနႈန္းေနတဲ့ ေဝါဟာရ ေလးတစ္ခုေပါ့။ အဲ့ဒါဟာ နိုင္ငံရဲ့ပိုင္ဆိုင္မႈေပါ့။ ေျပာခ်င္တာက နိုင္ငံတိုင္း နိုင္ငံတိုင္းဟာ ကိုယ့္ရဲ့ကိစၥေတြ၊ ကိုယ့္ရဲ့ျပႆနာေတြ၊ ကိုယ့္ရဲ့တိုးတက္မႈေတြအတြက္ကို ကိုယ့္ဖာသာကို တာဝန္ယူနိုင္ ခြင့္ ရွိရမယ္။ လုပ္ပိုင္ခြင့္ရွိရမယ္။ ပိုင္ဆိုင္မႈေပါ့။ ဒါေပမယ့္ ပိုင္ဆိုင္မႈဆိုတာကလည္း တစ္ခ်ိန္တည္းမွာပဲ တာဝန္ယူမႈလို့လည္း ေျပာလို့ရပါတယ္။
ကြ်န္မတို့နိုင္ငံရဲ့ကိစၥေတြအတြက္ကို ျပည္သူနဲ့ အတူတူ တာဝန္ယူမယ္။ ျပည္သူနဲ့ အတူတူ ကြ်န္မတို့ ဒီတာဝန္ေတြကို ထမ္းေဆာင္မယ္။ ကြ်န္မတို့အေနနဲ့ ဒီတာဝန္ေတြကို ေက်ပြန္ဖို့အတြက္ ျပည္သူရဲ့အားကို ကြ်န္မတို့ယူသလို ကြ်န္မတို့ရဲ့စြမ္းအားေတြအားလံုးကိုလည္း ျပည္သူေတြ အတြက္ ကြ်န္မတို့သံုး ပါမယ္ဆိုတဲ့စိတ္ဓာတ္နဲ့ ျပည္သူနဲ့အတူ ကြ်န္မတို့ ေနာက္နွစ္ကို ခ်ီတက္သြားခ်င္ပါတယ္။ အဲ့ဒီလိုခ်ီတက္သြားတဲ့အခါ ကြ်န္မတို့ ျပည္သူျပည္သားအားလံုး၊ ျပည္ေထာင္စုနိုင္ငံသူ နိုင္ငံသားမ်ား အားလံုးဟာ ဝိုင္းဝန္းျပီးေတာ့ ပံ့ပိုးကူညီျက လိမ့္မယ္လို့ ကြ်န္မတို့ ေမွ်ာ္လင့္ပါတယ္။

ျပည္သူမ်ားရဲ့ ေလးစားမႈ ျပည္သူမ်ားရဲ့ ယံုျကည္မႈဆိုတာ ကြ်န္မတို့ အလကားရတဲ့ကိစၥ မဟုတ္ ပါဘူး။ လုပ္ယူမွရတဲ့ကိစၥပါ။ ကြ်န္မတို့အေနနဲ့ ရပိုင္ခြင့္ရွိျပီးလို့လည္း မသတ္မွတ္ပါဘူး။

သို့ေသာ္ျငားလည္း ျပည္သူေတြရဲ့ ေလးစားမႈ၊ ျပည္သူေတြရဲ့ေထာက္ခံမႈ၊ ျပည္သူေတြရဲ့ ယံုျကည္မႈရေအာင္လို့ ဆထက္ထမ္းပိုး တိုးျပီးေတာ့ ကြ်န္မတို့တစ္ေန့ထက္တစ္ေန့ ျကိုးစားသြားပါမယ္လို့ေတာ့ ကြ်န္မရဲရဲျကီး ကတိျပုနိုင္ပါတယ္။ ကြ်န္မနိုင္ငံေရးေလာကကို ဝင္လာကတည္းကအတိုင္း ကြ်န္မ တစ္ခုတည္းေသာ ကတိတစ္ခုကို ျပုမယ္။

ကြ်န္မအေကာင္းဆံုးလုပ္မယ္။ ကြ်န္မ အေကာင္းဆံုးထက္ေတာ့ ပိုျပီးေတာ့ လုပ္လို့ မရဘူး။ ကြ်န္မအေကာင္းဆံုးက နိုင္ငံအတြက္ ျပည္သူအတြက္ မလံုေလာက္ဘူးဆိုရင္ ပိုျပီး လံုလံုေလာက္ေလာက္ ျပည့္ျပည့္စံုစံုလုပ္ေပးမယ့္ ပုဂၢိုလ္၊ အဖြဲ့အစည္းတစ္ခုက တာဝန္ယူမယ္ဆိုလို့ရွိရင္ ကြ်န္မတို့ဟာေနာက္ဆုတ္ေပးဖို့အဆင္သင့္ပါပဲ။

ဒါဟာ အစိုးရတိုင္း ဒီမိုကေရစီတိုင္းဟာ စြဲစြဲျမဲျမဲနားလည္ေနရမယ့္ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒီမိုကေရစီအစိုးရဆိုတာ ထာဝရမဟုတ္ပါဘူး။ အစဉ္အျမဲနိုင္ငံ ကို အုပ္ခ်ုပ္သြားဖို့မဟုတ္ပါဘူး။ အစဉ္အျမဲ ငါတို့သာေတာ္တယ္။ ငါတို့ေလာက္ေတာ္ တဲ့သူဘယ္သူမွမရွိဘူးဆိုျပီးေတာ့ ရပ္တည္သြားဖို့မဟုတ္ပါဘူး။ ဒီမိုကေရစီအစိုးရဆိုတာဟာ အနိစၥတရားကို အျမဲပဲ သံုးသပ္ေနရမွာျဖစ္ပါတယ္။ ကြ်န္မတို့ဟာ မျမဲျခင္း ဆိုတဲ့ နိုင္ငံေရးသေဘာတရားအရ အစိုးရရဲ့အေျခအေနဟာ ျပည္သူလူထု ျကည္ျဖူသေလာက္ပဲ ခိုင္မာမယ္ဆိုတာကို လက္ခံတယ္။ ျပည္သူေတြအေနနဲ့ ကြ်န္မတို့ အစိုးရကို ေသေသခ်ာခ်ာ ေလ့လာပါ။ ေဝဖန္သင့္တာလည္း ေဝဖန္ပါ။ ကြ်န္မတို့နဲ့ ကူညီေဆာင္ရြက္ ေပးသင့္တာေတြလည္း ကူညီေဆာင္ရြက္ ေပးျကပါ။

နိဂံုးခ်ုပ္အေနနဲ့ ကြ်န္မတို့ ျပည္သူကို ေက်းဇူးတင္တယ္လို့ ေျပာခ်င္ပါတယ္။ တစ္နွစ္အတြင္းမွာ ကြ်န္မသတိျပုမိတာကေတာ့ တစ္ခ်ို့အဖြဲ့အစည္းေတြ၊ အစုအဖြဲ့ေတြ၊ ပုဂၢိုလ္ေတြက ကြ်န္မတို့ကို ဘယ္လိုပဲေျပာေျပာ ကြ်န္မတို့ျပည္သူေတြက ကြ်န္မတို့ကို နားလည္မႈ ေပးခဲ့တယ္။ ကြ်န္မတို့ကို ဝန္းရံခဲ့တယ္။ ကြ်န္မတို့ကို လုပ္ခ်င္တဲ့ကိစၥေတြကိုလုပ္နိုင္ဖို့ တတ္နိုင္တဲ့ဘက္က ကူညီေပးခဲ့တယ္။

အားလံုးသိတဲ့ကိစၥတစ္ခုဆိုလို့ရွိရင္ ကြ်န္မတို့ရဲ့ ရင္ျကားေစ့ေရးနဲ့ ျငိမ္းခ်မ္းေရး စင္တာအတြက္ ျပည္သူေတြကို အလႉခံလိုက္တဲ့အခါ ကာလတိုတို ေလးအတြင္းမွာ အခုဆိုလို့ရွိရင္ ကြ်န္တို့ဟာ ၁၄ ဘီလီယံ က်ပ္ေတာင္မွ ရရွိေနပါျပီ။ ဒီရန္ပံုေငြကိုဝိုင္းျပီးထည့္ျကတဲ့အထဲမွာ လုပ္ငန္းရွင္ျကီးေတြတင္ မဟုတ္ပါဘူး။ ျပည္သူေတြလည္း ပါပါတယ္။ ကြ်န္မသေဘာအက်ဆံုးက ဟိုနားက ငါးေထာင္၊ ဒီနားက တစ္ေသာင္း၊ တတ္နိုင္ရင္ တတ္နိုင္သလို ျပည္သူေတြက ဝိုင္းဝန္းျပီးေတာ့ ကြ်န္မတို့ ဝန္းရံျကတာ။ အဲ့ဒါဟာ ျငိမ္းခ်မ္းေရးရန္ပံုေငြအတြက္တြင္ မဟုတ္ပါဘူး။ ကြ်န္မတို့ ျကိုးပမ္းမႈေတြအတြက္ အင္မတန္မွ အားျဖစ္ေစပါတယ္။
ဒီလိုပဲ ျပည္သူတိုင္း ျပည္သူတိုင္းဟာ တတ္နိုင္တဲ့ဘက္က တတ္နိုင္သေလာက္ ကြ်န္မတို့အစိုးရ အတြက္ ေဆာင္ရြက္ေနတဲ့လုပ္ငန္းအပိုင္းေတြ ေအာင္ျမင္ေအာင္လို့ ဝန္းရံေပးမယ္ဆိုလို့ရွိရင္ ကြ်န္မတို့ နိုင္ငံဟာ တိုးတက္ဖို့လံုးဝေသခ်ာတယ္ လို့ေျပာနိုင္ ပါတယ္။ ကြ်န္မတို့ ရဲ့ေနာင္မ်ိုးဆက္မ်ားဟာ ဒီအခ်ိန္ ကာလျပန္ျကည့္ျပီးေတာ့ ငါတို့ နိုင္ငံျကီးအတြက္ အလင္းေရာင္သန္းခဲ့တဲ့ကာလဟာ ဒီကာလပါပဲလို့ မလြဲမေသြ ေျပာနိုင္ပါတယ္၊ ယံုျကည္ပါတယ္လို့ေျပာရင္းနဲ့ နိဂံုးခ်ုပ္ပါတယ္။

ေက်းဇူးတင္ပါတယ္။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်း (အပိုင်း-၁)
===========================================
မတ္လ ၃၀ ၊ ၂၀၁၇

ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများအပေါင်းရှင်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ နိုဝင်ဘာလက ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်အရ ၂၀၁၆ ခုနှစ် ၃၀ ရက်နေ့ မတ်လမှာ နိုင်ငံ့ရဲ့ အစိုးရတာဝန်တွေကို စတင်ပြီးတော့ ထမ်းဆောင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်မတို့မှာ ပြည်သူလူထုကို အစီရင်ခံရမယ့် တာဝန်ရှိပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးနဲ့ တိုင်း/ ပြည်နယ် အစိုးရများအသီးသီးဟာ မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေ၊ မိမိတို့ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှု တွေနဲ့ မိမိတို့ရဲ့ အနာဂတ်အတွက် ရည်မှန်းချက်တွေကို တင်ပြပြီးဖြစ်ပါတယ်။

အဲ့တော့ ကျွန်မအနေနဲ့တော့ ကိစ္စကြီးသုံးရပ်ကို အဓိကထားပြီးတော့ တင်ပြသွားချင်ပါတယ်။ ကျွန်မတို့ ကိစ္စကြီးသုံးရပ်ဆိုတာ ပထမဦးဆုံးအနေနဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်သူလူထုကို ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ကျွန်မတို့ စည်းရုံးခဲ့ပါတယ်။ ဒီတော့ အခုပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်မတို့ ဘယ်လောက်ခရီးရောက်သလဲ ဆိုတာကို စမ်းသပ်ဖို့ လိုပါတယ်။ ပြောင်းလဲတယ်ဆိုတာ အဓိကအားဖြင့် စနစ်ကိုပြောင်းလဲခြင်းနဲ့ စိတ်ဓါတ်ကို ပြောင်းလဲခြင်း နှစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးမှာ ပြည်သူရော၊ အစိုးရရော ပါဝင်ရပါတယ်။ ပြည်သူချည်းပဲလည်း လုပ်လို့မရပါဘူး။ အစိုးရချည်းပဲလည်း လုပ်လို့မရပါဘူး။ ဒါပေမယ့် စနစ်နဲ့ ပတ်သက်လို့ကတော့ အစိုးရကနေပြီးတော့ ဦးဆောင်သွားရမှာဖြစ်ပါတယ်။
ဒီတော့ ကျွန်မတို့ဟာ စနစ်ကိုပြောင်းလဲဖို့ဆိုတာဟာ အနှစ်ငါးဆယ်ကျော် ကနေပြီးတော့ အမြစ်တွယ်ခဲ့တဲ့ စနစ်တစ်ခုကို ပြောင်းလဲရတာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲတဲ့နေရာမှာ ကျွန်မတို့ အဓိက ရည်ရွယ်ချက်ဟာ အစိုးရဆိုတာဟာ ပြည်သူလူထုတွေအတွက် ဖြစ်ရမယ်ဆိုတာကို ထင်ရှားအောင်လို့ လုပ်ဖို့ပါပဲ။ ဒီတော့ အစိုးရဟာ ပြည်သူ့အတွက်လား၊ ပြည်သူဟာ အစိုးရသုံးဖို့အတွက် လား ဆိုတာကို ဘာကထင်ရှားစေလဲဆိုတော့ ပြည်သူတွေအနေနဲ့ အစိုးရအပေါ်မှာ အမြင်ဖြစ်ပါတယ်။ ပထမဦးဆုံး အားဖြင့် ကျွန်မယုံကြည်တာကတော့ အခုနှစ်အတွင်းမှာ ပြည်သူတွေဟာ အစိုးရကို ကြောက်ဖို့ မလိုဘူး ဆိုတာ အများကသိလာတယ်လို့ ကျွန်မထင်ပါတယ်။ ဒီဟာကို တိုးတက်မှု တစ်ခုလို့ပဲ ကျွန်မကတော့ ယူဆပါတယ်။ ပြည်သူကနေပြီးတော့ အစိုးရကိုကြောက်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ ရည်ရွယ်တာကတော့ ပြည်သူက အစိုးရကို လေးစားဖို့၊ တန်ဖိုးထားဖို့၊ ယုံကြည်ဖို့ပါပဲ။ ဒီအဆင့်ရောက်တဲ့ အထိတော့ ကျွန်မတို့ဆက်ပြီး ကြိုးစားသွားရမှာပါ။

အခုအချိန်အခါမှာဆိုလို့ရှိရင် ပြည်သူလူထုကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေပြဌာန်းတဲ့ တစ်ချိန်တည်းမှာ ပြည်သူလူထုကို ဖိနှိပ်ရာရောက်တဲ့ ဥပဒေတွေကိုလည်း ကျွန်မတို့ ပြောင်းလဲသင့်တာကို ပြောင်းလဲတယ်၊ ဖယ်ရှားသင့်တာကို ဖယ်ရှားခဲ့ပါတယ်။ ဒါဟာ စနစ်ကိုပြောင်းလဲခြင်းရဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ ပြည်သူတွေကတော့ စိတ်ဓါတ်ကို ပြောင်းလဲလား မပြောင်းလဲလားဆိုတာဟာ ပြည်သူတွေ ကိုယ်တိုင်သိမှာပါပဲ။

ကျွန်မတို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ စိတ်ဓါတ်ကို ပြောင်းလဲခြင်းဆိုတာဟာ ကျွန်မတို့ အဂတိတရား လေးပါးမှ ကင်းဖို့ပါပဲ။ တချို့က အဂတိတရားဆိုတာဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်တယ် လို့ပဲ ထင်ပါတယ်။ ဒါကြောင့် ကျွန်မ မကြာခဏ သတိပေးရပါတယ်။ အဂတိတရား လေးပါး ဆိုတာ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ။ ဒီတော့၊ အစိုးရတာဝန်ကို ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်များဟာ ဆန္ဒ၊ ဒေါသ ကင်းရမယ်ဆိုတာ မိမိတို့ချစ်ခင်တဲ့ ပုဂ္ဂိုလ်များ၊ မိမိတို့နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်များရဲ့ အကျိုး အတွက်ကို ကြည့်ပြီးတော့ မလုပ်ရဘူး။ အမှန်တရားကိုပဲ ကြည့်ပြီးတော့ လုပ်ရမယ်။ ဒါ ဆန္ဒဂတိ ကင်းခြင်းဆိုတာ ဒါပဲဖြစ်ပါတယ်။ ပိုက်ဆံယူမှ အဂတိတရားနဲ့ မကင်းတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းရဲ့ အကျိုးကိုကြည့်ပြီးတော့ လုပ်ဆောင်တဲ့ပုဂ္ဂိုလ်များဟာ နိုင်ငံရဲ့အကျိုးမကြည့်ဘဲနဲ့ ကိုယ့်ရဲ့အသိုင်းဝိုင်း၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ မိတ်ဆွေများရဲ့ မျက်နှာ ကြည့်ပြီး လုပ်တယ်ဆိုတာဟာ ဒါဟာလည်း အဂတိတရားတစ်မျိုးပါပဲ။

ဒေါသဂတိ ဆိုတာကတော့ ကိုယ်မကြိုက်တဲ့သူတွေ၊ မချစ်မနှစ်သက်တဲ့သူတွေကို နှိမ်တာ၊ ဒုက္ခရောက်အောင်လုပ်တာ၊ နည်းအမျိုးမျိုးနဲ့ ပြဿနာရှာတာ ဒီဟာတွေလည်း ကျွန်မတို့အစိုးရက ကင်းတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘယာဂတိ ဆိုတာကတော့ စိုးရိမ်ကြောင့်ကျမှုက ကင်းဝေးခြင်းပါ။ ဒါကတော့ အဓိက အရေးကြီးတာကတော့ ကျွန်မတို့ရဲ့ ပြည်သူတွေ စိုးရိမ်ကြောင့်ကျမှုမှ ကင်းဝေးဖို့လည်း လိုပါတယ်။ ဒါပေမယ့် အစိုးရဆိုတာလည်း စိုးရိမ်ကြောင့်ကျမှုကနေ ကင်းရမယ်။ ပြောရမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲရမယ်။ လုပ်သင့်လုပ် ထိုက်တာကို မလုပ်ရဲ လို့ရှိရင် နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးတာဝန်ကို မယူသင့်ပါဘူး။

ကျွန်မတို့ အခုတစ်နှစ်အတွင်းမှာဆိုရင် စိန်ခေါ်မှုအများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အားလုံးကသိတဲ့ အတိုင်းပဲ ကျွန်မတို့ နိုင်ငံဟာ စီးပွားရေးအရ ချွတ်ခြံုကျနေတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့နိုင်ငံ ဟာ လွတ်လပ်ရေးရတဲ့အချိန်ကနေ စပြီးတော့ အခုထိ အပြည့်အဝ ငြိမ်းချမ်းရေးဆိုတာ မရရှိခဲ့သေးပါဘူး။ ကျွန်မတို့အတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီဟာကတော့ ဒုတိယကိစ္စရပ်ကြီးပါပဲ။ ဒါပေမယ့် ကိစ္စရပ်တွေက တစ်ခုနဲ့ တစ်ခု ဆိုတာဟာ ဆက်နွှယ်နေပါတယ်။
ကျွန်မတို့ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့၊ ငြိမ်းချမ်းရေးရရှိဖို့ဆိုလို့ရှိရင် အဂတိတရား ကင်းစင်ရ မယ်။ ကျွန်မတို့ဟာ ကျွန်မတို့ နိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့အစည်း၊ အစုအဖွဲ့ အသီးသီးနဲ့ ဆက်ဆံတဲ့နေရာမှာ ဆိုရင် ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အမှန်တရားကို ရှေ့ရှုပြီးတော့ လုပ်ကိုင်ဖို့ လိုပါတယ်။

ကျွန်မတို့ရဲ့ အစိုးရအနေနဲ့ ဒါတော့ ပြည်သူလူထုက သုံးသပ်ရမှာပါ။ ကျွန်မအမြင်မှာတော့ ဒီ တစ်နှစ်အတွင်းမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှ တိုက်ခိုက်ခဲ့တာ၊ စောင်းမြောင်းခဲ့တာ၊ စောင်းချိတ် ပြီးတော့ ဝေဖန်ခဲ့တာ မရှိပါဘူး။ ကျွန်မတို့ ပြောစရာရှိရင်တော့ တည့်တည့်ပဲ ပြောပါတယ်။

ဒါပေမယ့် ဘယ်တော့မှ ကျွန်မတို့ဟာ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ခုကို ကျွန်မတို့ရဲ့ ပုဂ္ဂိုလ်ရေး မလိုလားချက်ကို အခြေခံပြီးတော့ မလုပ်သင့်တဲ့ကိစ္စကို လုပ်မှာမဟုတ်ပါဘူး။ ဒီလို မလုပ်လို့ရှိရင်၊ ဒီလို လမ်းစဉ်ကို မသွားလို့ရှိရင် အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ရနိုင်မှာ မဟုတ်ပါဘူး။
ဒီနိုင်ငံထဲမှာ အဖွဲ့အစည်းအမျိုးမျိုး ရှိပါတယ်။ တိုင်းရင်းသားမျိုးစုံရှိပါတယ်။ ဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ မျိုးစုံရှိပါတယ်။ ဒီတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ အမျိုးသားရင်ကြားစေ့ရေးကို လိုလားတယ် ဆိုလို့ရှိရင်တော့ အားလုံးကို ဆက်ဆံတဲ့နေရာမှာ မျှမျှတတရှိရမယ်။

ပုထုဇဉ်လူသားများ ဖြစ်တဲ့အလျောက် ကိုယ်ကြိုက်တဲ့ဟာ မကြိုက်တဲ့ဟာ ရှိတာပေါ့။ ကိုယ် ပိုပြီးတော့ မေတ္တာထားတဲ့ ပုဂ္ဂိုလ်တွေ ရှိမယ်။ မေတ္တာမထားတဲ့ပုဂ္ဂိုလ်တွေရှိမယ်။ ဒါပေမယ့် ဒါ အစိုးရ တစ်ရပ်ရဲ့ အလုပ်ထဲမှာ ဒီလို ခံစားချက်တွေဟာ ပါဝင်လာစရာ အကြောင်းမရှိပါဘူး။
ကျွန်မတို့ ရွေးကောက်ပွဲစည်းရုံးရေးကာလတုန်းက ပြည်သူလူထုကို ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါ။ ကျွန်မတို့ ကိုယ်စားလှယ်တွေဟာ မဟုတ်မမှန်တာ လုပ်လို့ရှိရင် ကျွန်မတို့ ကိုယ်တိုင် တာဝန်ယူပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါမယ်ဆိုပြီးတော့ ကျွန်မတို့ ကတိပေးခဲ့ပါ တယ်။ ဒီကတိအတိုင်းလည်း ကျွန်မတို့ ဆောင်ရွက်ခဲ့ပါတယ်။
ဒီတစ်နှစ်အတွင်းမှာ ကျွန်မတို့ အဖွဲ့ဝင်တွေထဲက ကျွန်မတို့ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်ထဲက တိုင်းပြည် ရဲ့ တာဝန်ကို မကျေပွန်ဘူးလို့ ကျွန်မတို့မြင်ခဲ့တာရှိပါတယ်။ ဒါမှမဟုတ် ကျွန်မတို့ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတာတွေလည်း ကျွန်မတို့တွေ့ခဲ့ရပါတယ်။ အဲ့ဒီလို ပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့ စည်းမျဉ်းစည်းကမ်းအရ အရေးယူပါတယ်။ နောင်လည်း ဒီလိုပဲ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ ချောမွေ့ဖို့ အတွက်ဆိုလို့ရှိရင် ကျွန်မတို့ဟာ ဆန္ဒကတိအရ ကိုယ်နဲ့ နီးစပ်တဲ့လူတွေကို မကာကွယ်သင့်တဲ့အချိန်မှာ ကာကွယ်နေလို့ မဖြစ်ပါဘူး။
ဒီတော့ ကျွန်မတို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာဟာ ဆက်နွှယ်နေတယ် ဆိုတာကတော့ ထူးထူးထွေထွေ ပြောဖို့လိုမယ်လို့ မထင်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လွယ်တဲ့ဖြစ်စဉ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့အတွက် မျှော်လင့်ချက်တွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ဆိုလို့ရှိရင် အခုရက်ပိုင်းအတွင်းမှာဆိုလို့ရှိရင် ကျွန်မတို့ ဒုတိယပင်လုံညီလာခံအတွက် မျှော်လင့်ချက်တွေ အများကြီး တိုးပွားလာပါတယ်။

သို့သော်ငြားလည်း မျှော်လင့်ချက်ဆိုတာ မျှော်လင့်ချက်ပဲ။ မျှော်လင့်ချက်ဆိုတာဟာ ကျွန်မတို့ လက်ထဲမှာ ဆုပ်ရထားတဲ့ကိစ္စ မဟုတ်သေးပါဘူး။ အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားရပါမယ်။ ဒီ ငြိမ်းချမ်းရေးလမ်းသွားတဲ့အခါမှာ အခြားလမ်းတွေ သွားသလိုပဲ ရှေ့ကို တက်ရတာ တွေလည်း ရှိတယ်။ တစ်ခါတစ်လေ ရပ်နေရတာတွေလည်း ရှိတယ်။ တစ်ခါတစ်လေလည်း နည်းနည်း ပြန်ပြီးတော့ နောက်ဆုတ်ရတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပန်းတိုင်က ဘာလဲဆိုတာ ကျွန်မတို့က ရှင်းရှင်းလင်းလင်း သိပါတယ်။ ပန်းတိုင်က ဘာလဲလို့ ရှင်းရှင်းလင်းလင်းသိလို့ ကျွန်မတို့ ဆက်ပြီးတော့ ဒီပန်းတိုင်ကို ချီတက်သွားမှာ ဖြစ်ပါတယ်။

ဒီဟာ ငြိမ်းချမ်းရေးပန်းတိုင်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပန်းတိုင်။ ကျွန်မတို့ ဒီလို အမျိုးသား ရင်ကြားစေ့ရေးအတွက် လုပ်တဲ့အခါမှာ၊ ငြိမ်းချမ်းရေးအတွက် လုပ်တဲ့အခါမှာ ကမ္ဘာတစ်ဝှမ်းက ကျွန်မတို့ မိတ်ဆွေတွေရဲ့ ထောက်ပံ့မှု၊ ကူညီမှု၊ စာနာမှုကို ကျွန်မတို့ တန်ဖိုးထားပါတယ်။ သို့သော်ငြား လည်း ကျွန်မတို့ နိုင်ငံရဲ့ တာဝန်တွေကို ကျွန်မတို့ ကိုယ်တိုင်သာ ထမ်းဆောင်ရမယ်။ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေကို ကျွန်မတို့က နားအလည်ဆုံးပဲ။ ကျွန်မတို့ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့ နေရာမှာလည်း မှန်ကန်တဲ့လမ်းကို ကျွန်မတို့ ရွေးချယ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်မ လုံးဝ ယုံကြည်ပါတယ်။ ဒါဟာ စိတ်ဓါတ်ပါပဲ။

ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေဟာလည်း ဒီလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေချင်ပါတယ်။ အချို့ သိပြီးသားဖြစ်မှာပါ။ ကျွန်မတို့ရဲ့ ပြည်သူများဟာ ဘယ်လောက်အထိ ဒီလိုသတင်းတွေကို လိုက်ပြီးတော့ နားထောင်ကြတယ်။ ဝေဖန်ကြတယ်။ လေ့လာကြတယ်ဆိုတာ ကတော့ ကျွန်မက မသိပါဘူး။

ကျွန်မတို့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ ဒီဟာကို ကျွန်မတို့ လက်မခံခဲ့ပါဘူး။ လက်မခံခဲ့တာဟာ ကျွန်မတို့ ကုလသမဂ္ဂကို မလေးစားလို့လဲ မဟုတ်ဘူး။ ဒီကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကို ကျွန်မတို့ မိတ်ဆွေအဖြစ်နဲ့ မမြင်လို့လဲ မဟုတ်ဘူး။ ဆုံးဖြတ်ချက်ဟာ ကျွန်မတို့နိုင်ငံနဲ့ မကိုက်ညီဘူးလို့ ကျွန်မတို့ ယူဆလို့ လက်မခံတာပါ။ ကျွန်တို့ နိုင်ငံနဲ့ ကိုက်ညီတယ်လို့ ယူဆတဲ့အကြံဉာဏ်တွေဆိုရင် ကျွန်မတို့ဟာ ကျေးဇူးတင်စွာနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒီလို အကြံဉာဏ်တွေ အကောင်အထည်ဖော်ဖို့လည်း ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ အခု တစ်နှစ်အတွင်း လုပ်ခဲ့တဲ့ ကိစ္စရပ်အားလုံးဟာ နိုင်ငံရဲ့ အနာဂတ်ကို ကျွန်မတို့ ရှေ့ရှုပြီးတော့ လုပ်ခဲ့ပါတယ်။

တဒင်္ဂ လတ်တလော အများကြိုက်မယ့်ကိစ္စတွေ ဆိုပြီးတော့လည်း ကျွန်မတို့ ရွေးမလုပ်ပါဘူး။ တဒင်္ဂ လတ်တလော သြဘာပေးမယ့်ကိစ္စတွေဆိုပြီးတော့လည်း ကျွန်မတို့ ရွေးပြီးတော့ မလုပ်ခဲ့ပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ကျွန်မတို့ စွန့်စားပြီးတော့ လုပ်ခဲ့ပါတယ်။ စွန့်စားတယ်လို့ ကျွန်မ ပြောရခြင်းဟာ လူ့ဘဝမှာဆိုလို့ရှိရင် ဘာကိစ္စပဲလုပ်လုပ်၊ ဘယ်လို အကျိုးဆက် ဖြစ်လာမယ်ဆိုတာ တိတိကျကျ တွက်လို့မရပါဘူး။ ဒီတော့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ရဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ ကိုင်စွဲထားတဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ လုပ်သင့် လုပ်ထိုက်တယ်လို့ ထင်တဲ့ကိစ္စတွေကို လုပ်သွားမှာ ဖြစ်ပါတယ်။ အခုလည်း လုပ်ခဲ့ပါတယ်။

ဒီကိစ္စ ဒါနဲ့ပတ်သက်လို့လည်း ပြည်သူလူထုဟာ ကျွန်မတို့ကို စမ်းသပ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ အခြေအနေဟာ ပြည်သူလူထု လိုချင်တဲ့အခြေအနေ ဟုတ်မဟုတ်ဆိုတာကိုလည်း ဆုံးဖြတ်ပိုင်ခွင့် ပြည်သူ မှာ ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံမို့လို့ တော်တော်မှ ရှုပ်ထွေးတဲ့ သိမ်မွေ့တဲ့ ကိစ္စလေးတွေကို ကျွန်မတို့ ကိုင်တွယ်ရပါ တယ်။ ရင်ဆိုင်ရပါတယ်။ သို့သော်ငြားလည်း မတူကွဲပြားမှုဆိုတာဟာ ကျွန်မတို့အတွက် အကျိုးရှိနိုင်တဲ့ အင်မတန်မှ ကျယ်ပြန့်တဲ့ သယံဇာတကြီးတစ်ခုပဲလို့ ကျွန်မတော့ ဒီလိုပဲမြင်ပါတယ်။ ကျွန်မတို့ မတူကွဲပြား မှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့နိုင်ငံ ပိုပြီးတော့ တိုးတက်အောင်လို့၊ ပိုပြီးတော့ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးအောင်လို့ ကျွန်မတို့ လုပ်နိုင်မယ်ဆိုတာလည်း အဓိကယုံကြည်ပါတယ်။ ဆိုတော့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်တဲ့နေရာမှာလည်း ဒီ အဂတိတရား (၄) ပါးကင်းဖို့လိုပါတယ်။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ။ မကြိုက်လို့ မလုပ်တာတို့၊ ကြိုက်လို့ လုပ်တာတို့၊ ကြောက်လို့လုပ်တာတို့၊ ဒါမှမဟုတ် အသိတရားကင်းမဲ့လို့ လုပ်တာတို့၊ မလုပ်တာတို့ ဒါတွေအားလုံးဟာ အဂတိတရားတွေပါပဲ။ ဒါတွေကနေ ကင်းစင်ဖို့ အစိုးရတစ်ရပ်ဟာ အင်မတန်မှ ကြိုးစားရပါလိမ့်မယ်။

အရင်နှစ်က ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရတာဝန်ကို စပြီးထမ်းဆောင်ပြီး ကာလမကြာခင် မြန်မာ့နှစ်သစ်ကူးအချိန်မှာလည်း ကျွန်မပြည်သူလူထုကို မိန့်ခွန်းတစ်ရပ် ပြောခဲ့ပါတယ်။ အဲဒီမှာ ကျွန်မ ကတိတစ်ခုပေးခဲ့ပါတယ်။

ကျွန်မတို့ ပြည်သူအပေါ်မှာ မေတ္တာထားမယ်။ နိုင်ငံအပေါ်မှာ သစ္စာစောင့်မယ်။ ဒါဟာ ကျွန်မ အဓိကပြောချင်တယ်ဆိုတဲ့ ကိစ္စရပ်ကြီး (၃) ခုထဲက နောက်ဆုံးမြောက် ကိစ္စရပ်ဖြစ်ပါတယ်။ ပြည်သူအပေါ်မှာ မေတ္တာထားမယ်ဆိုတာ ပြည်သူရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မေတ္တာ ထားတယ်ဆိုတာ ပါးစပ်ပြောရုံနဲ့ မပြီးပါဘူး။ တကယ့်ကို မေတ္တာထားတယ်ဆိုလို့ရှိရင် ကိုယ် မေတ္တာထား တဲ့ ပုဂ္ဂိုလ်များရဲ့ ဘဝနေရေး ပိုပြီးတော့ ကောင်းမွန်အောင်လို့၊ စိတ်အေးချမ်းနိုင်အောင်လို့၊ ကိုယ်ကျန်းမာ နိုင်အောင်လို့ ဒီလိုဟာတွေကိုလုပ်ပေးမှ တကယ်မေတ္တာရှိရာ ရောက်ပါတယ်။ မေတ္တာရှိပါတယ်၊ မေတ္တာရှိပါတယ်လို့ ပါးစပ်ကပြောပြီးတော့ တကယ်တော့ ထိထိရောက်ရောက် ဘာမှမလုပ်ဘူးဆိုလို့ရှိရင် ဒီမေတ္တာဟာ စကားလုံးတစ်ခုပဲဖြစ်ပါတယ်။ တကယ်ထိရောက်တဲ့အင်အား မဟုတ်ပါဘူး။ အဲတော့ ကျွန်မတို့ ပြည်သူအပေါ်မှာ မေတ္တာထားမယ်လို့ ကျွန်မတို့ ကတိပြုသွားတဲ့အတိုင်းပဲ တတ်နိုင်သမျှ ပြည်သူ့ရဲ့ ဘဝတိုးတက်ရေးအတွက် လုပ်ခဲ့ပါတယ်။ ဘယ်လောက်ထိ အောင်မြင်တယ်၊ မအောင်မြင်တယ် ဆိုတာ ကတော့ စောစောက ကျွန်မပြောတဲ့အတိုင်းပဲ ကျွန်မတို့ ဝန်ကြီးဌာန အသီးသီးက တင်ပြပြီးပါပြီ။

ကျွန်မအနေနဲ့ အလေးထားတဲ့ ကိစ္စလေးတချို့ကိုပဲ အခုပြောသွားချင်ပါတယ်။ ပြည်သူအပေါ်မှာ မေတ္တာ ထားတယ်ဆိုတာ ပြည်သူ့ရဲ့ ကျန်းမာရေး၊ ပညာရေးကို ကျွန်မတို့ အထူးဂရုပြုဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ အခု ကျွန်မတို့ရဲ့ ဒီနှစ်ဘတ်ဂျက်ထဲမှာဆိုလို့ရှိရင် ပညာရေးနဲ့ ကျန်းမာရေးအတွက်ကို အထူး ကျွန်မတို့ သုံးထားတာ ရှိပါတယ်။ အရင်တုန်းကနဲ့မတူအောင်လို့ ပိုမိုပြီးတော့ သုံးစွဲထားပါတယ်။ နောက်ပြီးတော့ ဒီသုံးစွဲတဲ့ငွေများဟာ အလဟဿ မဖြစ်စေဘူးဆိုတာလည်း ကျွန်မတို့ အာမခံနိုင်ပါတယ်။ အခု ဒီတစ်နှစ် အတွင်းမှာကို ကျွန်မတို့ရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဟာ တိုးတက်တဲ့ နှုန်းဟာ အင်မတန်မှ မြန်ပါတယ်။ တိုးတက်တယ် ဆိုတာဟာ ကမ္ဘာကတောင်မှ အသိအမှတ်ပြုရလောက်အောင် တိုးတက်ပါတယ်။ ထင်ထင်ရှားရှား ကိစ္စ တစ်ခုကတော့ တီဘီ၊ နောက်ပြီးတော့ ငှက်ဖျား၊ HIV AIDS နဲ့ ပတ်သက်တဲ့ ဒီရောဂါကြီး (၃) ခု တိုက်ဖျက်ရေး စီမံကိန်းပေါ့။ တစ်ကမ္ဘာလုံးကနေ ပါဝင်နေတဲ့ စီမံကိန်းကြီးမှာဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ တိုးတက်မှုဟာ အံ့မခန်းပါပဲဆိုပြီးတော့ Global funds ဆိုတဲ့ ဒီရောဂါကြီး (၃)ခုကို တိုက်ဖျက်မှုအတွက် ထူထောင်ထားတဲ့ ကမ္ဘာ့ငွေရေးကြေးရေးအဖွဲ့ကနေပြီးတော့ ကျွန်မတို့ကို ချီးမွမ်းရပါတယ်။
အရင်တုန်းကဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ဒီရောဂါကြီး (၃) ခု တိုက်ဖျက်မှုမှာ နောက်ဆုံးနားက ရှိနေပေမယ့် အခုဆိုရင် ကမ္ဘာ့အဆင့်နဲ့ကို ထိပ်တန်းကို တက်လာပြီဆိုပြီး ချီးမွမ်းရပါတယ်။ ချီးမွမ်းတယ် ဆိုတာကလည်း စကားနဲ့တင်မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ နောင် (၃) နှစ်မှာဆိုလို့ရှိရင် ကျွန်မတို့ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ နဲ့ ထောက်ပံ့မယ်။ ဒီကိစ္စတွေ ဆက်ပြီးတော့ လုပ်သွားဖို့ ထောက်ပံ့မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ဒါ ကျွန်မအနေနဲ့ ကျေနပ်စရာတွေထဲမှာ တစ်ခုပါ။

နောက်တစ်ခု ကျွန်မတို့ ကျေနပ်စရာတွေထဲမှာ ဘာရှိလဲဆိုတော့ ကျွန်မတို့ရဲ့ လမ်းပမ်းဆက်သွယ် ရေးတွေ အင်မတန်မှ ကောင်းလာပါတယ်။ မနှစ်တုန်းက ကျွန်မတို့ရဲ့ စီးပွားရေး ပေါ်လစီတွေ မူဝါဒတွေ ချမှတ်တဲ့အခါမှာ အရေးကြီးဆုံးဟာ အလုပ်အကိုင်ဖန်တီးရေးပဲလို့ ကျွန်မတို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်နှစ်အတွင်းမှာ ကျွန်မတို့ ဘာတွေ့ခဲ့ရလဲဆိုတော့ လမ်းပမ်းဆက်သွယ်ရေးကောင်းသွားပြီ။ လျှပ်စစ်မီး ရသွားပြီ ဆိုလို့ရှိရင် အလုပ်အကိုင် ဖန်တီးရေးဟာ ပိုပြီးတော့တိုးတက်လာတယ်။ လျင်မြန်လာတယ်။ ပြည်သူတွေကလည်း မိမိတို့ကိုယ်တိုင် မိမိဘာသာ အလုပ်အကိုင်တွေကို ဖန်တီးနိုင်တဲ့ခွင့်လည်း ရလာ တယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေဘက်က လည်း ဒီလို လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာ၊ လျှပ်စစ်မီးရတဲ့နေရာမှာဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံချင်တဲ့စိတ် တွေဖြစ်လာတယ်။

ဒီတော့ ဒါကြောင့်မို့ ကျွန်မတို့ အခုကနေစပြီးတော့ အလုပ်အကိုင်ဖန်တီးရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့တန်းတူ လျှပ်စစ်မီးရရှိရေးကို ကျွန်မတို့ အဓိကထား ပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်မတို့ဟာ နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ပြည်သူကို အကျိုးပြုမယ့် စီမံကိန်း တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံ့ဘဏ္ဍာတော်ငွေကို မှန်မှန်ကန်ကန် တိတိကျကျသုံးစွဲဖို့ လိုပါတယ်။ ဒါနဲ့လည်း ပတ်သက်လို့ ကျွန်မတို့ အင်မတန်မှ ဂုဏ်ယူနိုင်ပါတယ်။

ကျွန်မတို့ တိုင်းနှင့် ပြည်နယ်တစ်ချို့မှာဆိုလို့ရှိရင် အရင်နှစ်တုန်းက ချထားခဲ့တဲ့ ဘဏ္ဍာငွေတွေ အရင်တုန်းကနေပြီးတော့ စပြီးသားစီမံကိန်းတွေနဲ့ပတ်သက်လို့ သေသေချာချာ လေ့လာပြီးတော့ ဆောင်ရွက်တဲ့အခါမှာ ငွေပိုတွေ အများကြီးရခဲ့ပါတယ်။ နိုင်ငံ့အတွက် မလိုအပ်တဲ့ငွေတွေ အလဟာသ မဖြစ်သွားပါဘူး။ မလိုအပ်ဘဲနဲ့ ဘာငွေမှ အလဟာသ မဖြစ်သွားပါဘူး။ ဒါပေမယ့် ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ စီမံကိန်းတွေရဲ့ အဆင့် နိမ့်သွားလားဆိုတော့ မနိမ့်သွားပါဘူး။ ပိုလည်းမြင့်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ဟာ အဆင့်မီရေးကိုလည်း အဓိကထားပြီးတော့ လုပ်ပါတယ်။
တချို့တိုင်းနှင့် ပြည်နယ်တွေမှာဆိုလို့ရှိရင် ပိုလျှံငွေဟာ နဲနဲနောနော မဟုတ်ပါဘူး။ သန်းနဲ့ချီပြီး တော့ကို ပိုတာတွေရှိပါတယ်။ သန်းမဟုတ်ဘဲ ဘီလီယမ်နဲ့ချီပြီးတော့ ပိုတာတွေလည်း ရှိပါတယ်။ အဲ့တော့ ကျွန်မတို့ ဒီနေရာမှာလည်း ကျေနပ်စရာ တစ်ခုပါပဲ။ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေလို ကျွန်မတို့ မသုံးပါဘူး။ ပြည်သူ့ငွေဟာ ပြည်သူ့ ငွေပဲ။ နိုင်ငံ့ငွေဟာ နိုင်ငံ့ငွေပဲ နိုင်ငံ့ဘဏ္ဍာပဲ။ နိုင်ငံရဲ့ အရင်းအမြစ်ပဲ ဆိုပြီးတော့ ကျွန်မတို့ သေသေချာချာ ကို တာဝန်ရှိစွာနဲ့ ကျွန်မတို့သုံးခဲ့ပါတယ်။ အဲ့ဒီတော့ ကျွန်မတို့ ဒါဟာလည်း နိုင်ငံ့အပေါ်မှာ သစ္စာစောင့်တယ်ဆိုတဲ့အတိုင်းပါပဲ။ နိုင်ငံအပေါ်မှာ သစ္စာစောင့်တာ နဲ့ ပြည်သူအပေါ်မှာ မေတ္တာထားတာဟာ တကယ်တော့ ခွဲခြားလို့မရပါဘူး။
နိုင်ငံအပေါ်မှာ သစ္စာစောင့်တယ်ဆိုရင် ပြည်သူအပေါ်မှာ မေတ္တာထားရမယ်။ ပြည်သူရဲ့ တိုးတက် ရေးအတွက်ကို စွမ်းဆောင်ရမယ်။ ဒီတော့ ပြည်သူအပေါ်မှာ မေတ္တာထားတယ်ဆိုရင် နိုင်ငံအပေါ်မှာလည်း သစ္စာစောင့်ရမယ်။ ဒါမှသာ အစိုးရတစ်ခုရဲ့တာဝန်ဟာ ကျေပွန်မှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့၊ ကျွန်မက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလို့ပြောတဲ့ အခါမှာ အားလုံးကို သတိပေးချင်တာကတော့ အမျိုးသားရင်ကြားစေ့ ရေး အစိုးရလို့ ပြောချင်ပါတယ်။

ကျွန်မအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလို့ ပြောရခြင်းအကြောင်းဟာ ကျွန်မတို့ပိုင်တဲ့ အစိုးရ လို့ ပြောချင်လို့မဟုတ်ပါဘူး။ ကျွန်မတို့ တာဝန်ယူပါတယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ စတက်ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့အစိုးရဆိုတာ ကျွန်မ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့တင် ဖွဲ့ထားတဲ့အစိုးရ မဟုတ်ပါဘူး။ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ စုပေါင်းပြီးတော့ ဖွဲ့ထားတဲ့အစိုးရ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့အနေနဲ့ ပြည်သူ့အတွက် ရှိတဲ့ အရည်အချင်း တွေ အားလုံးကို အကောင်းဆုံးဖြစ်အောင် ကျွန်မတို့ သုံးချင်ပါတယ်။

ဒီတော့ ကျွန်မတို့ ရွေးထားတဲ့ ဝန်ကြီးများဟာ အားလုံး အတော်ဆုံးလား အကောင်းဆုံးလား ဆိုတာဟာ ဒါတော့လည်း အချိန်ကပဲ ပြသွားမှာပါ။ တစ်ချို့က တိုးတက်မှု ပိုနှေးတယ်၊ တစ်ချို့က တိုးတက်မှု ပိုမြန်တယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း ရောက်နေတဲ့နေရာနဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါတွေကတော့ ကျွန်မတို့ ကြည့်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်တာကို ပြောင်းရမှာပဲ။ ဒါ ပြည်သူတွေကလည်း ဒီကိစ္စတွေကို သိပိုင်ခွင့်ရှိပါတယ်။ အစိုးရတစ်ခုဟာ ဘာလုပ်နေလဲ။ ဘယ်လို ရည်ရွယ်ချက်ရှိလဲ ဆိုတာဟာ ပြည်သူဟာ သိပိုင်ခွင့်ရှိပါတယ်။ ပြည်သူကိုမပြောဘူးဆိုတာ တစ်နည်း အားဖြင့် ပြည်သူကို မယုံကြည်ဘူး မလေးစားဘူး၊ ပြည်သူမှာ အရည်အချင်းမရှိဘူးလို့ သတ်မှတ်သလိုပါပဲ။

ဒါကြောင့် ပွင့်လင်းမြင်သာမှုရဲ့ အခြေခံအားဖြင့် ပြည်သူကို လေးစားခြင်းပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောတယ်ဆိုတာဟာ ပြည်သူဟာ ပြောသင့်ပြောထိုက် သိသင့်သိထိုက်တဲ့သူမို့လို ပြောတယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်ပါတယ်။ ဒါကြောင့်မို့ အစိုးရကောင်းများအားလုံးရဲ့ အခြေခံဟာ ပွင့်လင်းမြင့်သာမှုနဲ့ တာဝန်ယူမှုပဲ ဖြစ်ပါတယ်။ ဒီပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုကို ကျွန်မတို့ လက်ကိုင်ပြီးတော့ ဒီတစ်နှစ်အတွင်းမှာ တတ်နိုင် သလောက် ပြည်သူ့အကျိုးနဲ့ နိုင်ငံအကျိုးအတွက် ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူတွေအားလုံး တိုးတက်သင့်သလောက် တိုးတက်ချင်သလောက် မတိုးတက်သေးဘူးဆိုတာလည်း ကျွန်မတို့ သိပါတယ်။

ဒီတစ်နှစ်ဆိုတာဟာ တကယ်တော့ သိပ်ပြီးတော့ရှည်ကြာတဲ့ကာလမဟုတ်ပါဘူး ဒီလိုပဲ ကျွန်မတို့ လို စနစ်အပြောင်းအလွှဲကို ဖြတ်သန်းခဲ့ရတဲ့ တစ်ချို့နိုင်ငံက ပုဂ္ဂိုလ်များနဲ့ ကျွန်မဆွေးနွေးဖူးပါတယ်။ ဆွေးနွေးတဲ့အခါမှာ ၂ လ ၃ လ လောက်က ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ တော်တော်များများ က ပြောပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ တိုးတက်နှုန်းက အတော်မြန်ပါတယ်တဲ့။ သူတို့နိုင်ငံတွေမှာဆိုရင်၊ တစ်ချို့နိုင်ငံတွေမှာဆိုရင် ကျွန်မတို့ တိုးတက်နှုန်းလောက် တိုးတက်မှုရအောင် ၃ ၊ ၄ နှစ်တောင်မှ ကြိုးစားရပါတယ်လို့ ပြောခဲ့တာ ရှိပါတယ်။ ဒီလို ပြောတဲ့အခါကျတော့လည်း ကျွန်မတို့ အားတက်ပါတယ်။

အားတက်တယ်ဆိုတာဟာ ကျေနပ်ပြီးတော့၊ တော်လှပြီဆိုပြီးတော့ အားတက်တာမျိုးမဟုတ်ပါဘူး။ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားရကျိုးနပ်တယ်ဆိုတဲ့ အသိနဲ့ အားတက်မှုဖြစ်ပါတယ်။
ကျွန်မတို့ အရင်နှစ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံ့ရဲ့ တာဝန်ကို စပြီးတော့ ယူစဉ်အခါတုန်းကဆိုလို့ရှိရင် ကျွန်မတို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ယူခဲ့ပါတယ်။ အဲဒီတော့ ကျွန်မတို့ အခု တစ်နှစ်ကြာပြီဆိုတော့ ဆောင်ပုဒ်ကိုလည်း ကျွန်မတို့ နဲနဲပြောင်းပြီးတော့ သွားရရင် ကောင်းမယ်လို့ ကျွန်မထင်ပါတယ်။ အဲဒီတော့ ကျွန်မစဉ်းစားပါတယ်။ ဘယ်လိုဆောင်ပုဒ်မျိုးနဲ့ ဆက်သွားရင်ကောင်းမလဲဆိုတော့ တိုတိုတုတ်တုတ်နဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် “ပြည်သူနဲ့အတူ” လို့ ကျွန်မတို့ဆက်ပြီး တော့ ဒီခရီးလမ်းကို ပြည်သူနဲ့အတူ လျှောက်သွားချင်ပါတယ်။
ဒီလို ပြည်သူနဲ့အတူ လျှောက်သွားချင်တဲ့အခါမှာ အခုခေတ်ပေါ့နော် နိုင်ငံတကာမှာသုံးနှုန်းနေတဲ့ ဝေါဟာရ လေးတစ်ခုပေါ့။ အဲ့ဒါဟာ နိုင်ငံရဲ့ပိုင်ဆိုင်မှုပေါ့။ ပြောချင်တာက နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကိုယ့်ရဲ့ကိစ္စတွေ၊ ကိုယ့်ရဲ့ပြဿနာတွေ၊ ကိုယ့်ရဲ့တိုးတက်မှုတွေအတွက်ကို ကိုယ့်ဖာသာကို တာဝန်ယူနိုင် ခွင့် ရှိရမယ်။ လုပ်ပိုင်ခွင့်ရှိရမယ်။ ပိုင်ဆိုင်မှုပေါ့။ ဒါပေမယ့် ပိုင်ဆိုင်မှုဆိုတာကလည်း တစ်ချိန်တည်းမှာပဲ တာဝန်ယူမှုလို့လည်း ပြောလို့ရပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ကိစ္စတွေအတွက်ကို ပြည်သူနဲ့ အတူတူ တာဝန်ယူမယ်။ ပြည်သူနဲ့ အတူတူ ကျွန်မတို့ ဒီတာဝန်တွေကို ထမ်းဆောင်မယ်။ ကျွန်မတို့အနေနဲ့ ဒီတာဝန်တွေကို ကျေပွန်ဖို့အတွက် ပြည်သူရဲ့အားကို ကျွန်မတို့ယူသလို ကျွန်မတို့ရဲ့စွမ်းအားတွေအားလုံးကိုလည်း ပြည်သူတွေ အတွက် ကျွန်မတို့သုံး ပါမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ပြည်သူနဲ့အတူ ကျွန်မတို့ နောက်နှစ်ကို ချီတက်သွားချင်ပါတယ်။ အဲ့ဒီလိုချီတက်သွားတဲ့အခါ ကျွန်မတို့ ပြည်သူပြည်သားအားလုံး၊ ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီကြ လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။

ပြည်သူများရဲ့ လေးစားမှု ပြည်သူများရဲ့ ယုံကြည်မှုဆိုတာ ကျွန်မတို့ အလကားရတဲ့ကိစ္စ မဟုတ် ပါဘူး။ လုပ်ယူမှရတဲ့ကိစ္စပါ။ ကျွန်မတို့အနေနဲ့ ရပိုင်ခွင့်ရှိပြီးလို့လည်း မသတ်မှတ်ပါဘူး။

သို့သော်ငြားလည်း ပြည်သူတွေရဲ့ လေးစားမှု၊ ပြည်သူတွေရဲ့ထောက်ခံမှု၊ ပြည်သူတွေရဲ့ ယုံကြည်မှုရအောင်လို့ ဆထက်ထမ်းပိုး တိုးပြီးတော့ ကျွန်မတို့တစ်နေ့ထက်တစ်နေ့ ကြိုးစားသွားပါမယ်လို့တော့ ကျွန်မရဲရဲကြီး ကတိပြုနိုင်ပါတယ်။ ကျွန်မနိုင်ငံရေးလောကကို ဝင်လာကတည်းကအတိုင်း ကျွန်မ တစ်ခုတည်းသော ကတိတစ်ခုကို ပြုမယ်။

ကျွန်မအကောင်းဆုံးလုပ်မယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုပြီးတော့ လုပ်လို့ မရဘူး။ ကျွန်မအကောင်းဆုံးက နိုင်ငံအတွက် ပြည်သူအတွက် မလုံလောက်ဘူးဆိုရင် ပိုပြီး လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံလုပ်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုက တာဝန်ယူမယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာနောက်ဆုတ်ပေးဖို့အဆင်သင့်ပါပဲ။

ဒါဟာ အစိုးရတိုင်း ဒီမိုကရေစီတိုင်းဟာ စွဲစွဲမြဲမြဲနားလည်နေရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရဆိုတာ ထာဝရမဟုတ်ပါဘူး။ အစဉ်အမြဲနိုင်ငံ ကို အုပ်ချုပ်သွားဖို့မဟုတ်ပါဘူး။ အစဉ်အမြဲ ငါတို့သာတော်တယ်။ ငါတို့လောက်တော် တဲ့သူဘယ်သူမှမရှိဘူးဆိုပြီးတော့ ရပ်တည်သွားဖို့မဟုတ်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာဟာ အနိစ္စတရားကို အမြဲပဲ သုံးသပ်နေရမှာဖြစ်ပါတယ်။ ကျွန်မတို့ဟာ မမြဲခြင်း ဆိုတဲ့ နိုင်ငံရေးသဘောတရားအရ အစိုးရရဲ့အခြေအနေဟာ ပြည်သူလူထု ကြည်ဖြူသလောက်ပဲ ခိုင်မာမယ်ဆိုတာကို လက်ခံတယ်။ ပြည်သူတွေအနေနဲ့ ကျွန်မတို့ အစိုးရကို သေသေချာချာ လေ့လာပါ။ ဝေဖန်သင့်တာလည်း ဝေဖန်ပါ။ ကျွန်မတို့နဲ့ ကူညီဆောင်ရွက် ပေးသင့်တာတွေလည်း ကူညီဆောင်ရွက် ပေးကြပါ။

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ ပြည်သူကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ တစ်နှစ်အတွင်းမှာ ကျွန်မသတိပြုမိတာကတော့ တစ်ချို့အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေက ကျွန်မတို့ကို ဘယ်လိုပဲပြောပြော ကျွန်မတို့ပြည်သူတွေက ကျွန်မတို့ကို နားလည်မှု ပေးခဲ့တယ်။ ကျွန်မတို့ကို ဝန်းရံခဲ့တယ်။ ကျွန်မတို့ကို လုပ်ချင်တဲ့ကိစ္စတွေကိုလုပ်နိုင်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တယ်။

အားလုံးသိတဲ့ကိစ္စတစ်ခုဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး စင်တာအတွက် ပြည်သူတွေကို အလှူခံလိုက်တဲ့အခါ ကာလတိုတို လေးအတွင်းမှာ အခုဆိုလို့ရှိရင် ကျွန်တို့ဟာ ၁၄ ဘီလီယံ ကျပ်တောင်မှ ရရှိနေပါပြီ။ ဒီရန်ပုံငွေကိုဝိုင်းပြီးထည့်ကြတဲ့အထဲမှာ လုပ်ငန်းရှင်ကြီးတွေတင် မဟုတ်ပါဘူး။ ပြည်သူတွေလည်း ပါပါတယ်။ ကျွန်မသဘောအကျဆုံးက ဟိုနားက ငါးထောင်၊ ဒီနားက တစ်သောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကျွန်မတို့ ဝန်းရံကြတာ။ အဲ့ဒါဟာ ငြိမ်းချမ်းရေးရန်ပုံငွေအတွက်တွင် မဟုတ်ပါဘူး။ ကျွန်မတို့ ကြိုးပမ်းမှုတွေအတွက် အင်မတန်မှ အားဖြစ်စေပါတယ်။
ဒီလိုပဲ ပြည်သူတိုင်း ပြည်သူတိုင်းဟာ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကျွန်မတို့အစိုးရ အတွက် ဆောင်ရွက်နေတဲ့လုပ်ငန်းအပိုင်းတွေ အောင်မြင်အောင်လို့ ဝန်းရံပေးမယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံဟာ တိုးတက်ဖို့လုံးဝသေချာတယ် လို့ပြောနိုင် ပါတယ်။ ကျွန်မတို့ ရဲ့နောင်မျိုးဆက်များဟာ ဒီအချိန် ကာလပြန်ကြည့်ပြီးတော့ ငါတို့ နိုင်ငံကြီးအတွက် အလင်းရောင်သန်းခဲ့တဲ့ကာလဟာ ဒီကာလပါပဲလို့ မလွဲမသွေ ပြောနိုင်ပါတယ်၊ ယုံကြည်ပါတယ်လို့ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!