Popular Posts!

Tuesday, December 5, 2017

ျမန္မာႏိုုင္ငံ FDI ခြင့္ျပဳႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွ ကန္ေဒၚလာ ၁၀ ဘီလီယံတန္ဖိုးရွိ လုပ္ငန္း ၂၈၀ ပယ္ဖ်က္



September 1,17

ျမန္မာနိုင္ငံတြင္ ခြင့္ျပုခဲ့ သည့္ နိုင္ငံျခားရင္းနွီးျမႈပ္နွံမႈ လုပ္ ငန္းမ်ားအနက္ အေမကန္ေဒၚလာ ၁၀ ဘီလီယံတန္ဖိုးရွိ လုပ္ငန္း ၂၈၀ ခုကို ပယ္ဖ်က္ခဲ့ေျကာင္း ျမန္မာနိုင္ ငံ ရင္းနွီးျမႈပ္နွံမႈ ေကာ္မရွင္၏ ၂၀၁၆-၁၇ ဘ႑ဍာနွစ္ ေဆာင္ ရြက္မႈ အစီရင္ခံစာ၌ ေဖာ္ျပထား သည္။

အဆိုပါလုပ္ငန္းမ်ားသည္ လုပ္ငန္းသက္တမ္းကုန္ဆံုးျခင္း၊ ရပ္ဆိုင္းျခင္းနွင့္ လုပ္ငန္းဆက္ လက္ မလုပ္ေဆာင္ျခင္းေျကာင့္ ပယ္ဖ်က္ခဲ့သည္ဟု အဆိုပါအ စီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ျမန္မာနိုင္ငံတြင္ ၁၉၈၈ မွ ၂၀၁၇ မတ္လ ၃၁ ရက္အထိနိုင္ ငံျခား ရင္းနွီးျမႈပ္နွံမႈ ၁,၂၄၆ ခု ဝင္ေရာက္ခဲ့ျပီး စုစုေပါင္း ကန္ ေဒၚလာ ၇၀ ဘီလီယံရွိခဲ့သည္။ သို့ေသာ္အထက္ပါ လုပ္ငန္း ၂၈၀ ပယ္ဖ်က္ျပီး ေနာက္လက္ရွိ နိုင္ငံတြင္ လုပ္ကိုင္ေနသည့္  လုပ္ငန္း ၉၆၆ ခုရွိကာ စုစုေပါင္း တန္ဖိုး ကန္ေဒၚလာ ၅၉ ဒသမ ၆ ဘီလီယံက်န္ရွိေျကာင္း ေကာ္မရွင္က ဆိုသည္။
ထို့အတူ နိုင္ငံသားရင္းနွီး ျမႈပ္နွံမႈအေနျဖင့္ လုပ္ငန္း ၂၇၃ ခုကို ပယ္ဖ်က္ခဲ့ျပီး တန္ဖိုး ကန္ေဒၚ လာ သန္း ၅၀ဝ ခန့္နွင့္ က်ပ္ေငြ ၅၈၃ ဘီလီယံရွိသည္ဟု ေကာ္မ ရွင္က ထုတ္ျပန္ထားသည္။ ထို့ေျကာင့္ လက္ရွိတြင္ နိုင္ငံသားရင္းနွီးျမႈပ္မႈ ၉၆၈ ခု လည္ပတ္ေနသည္ဟု ေကာ္မရွင္က ဆိုထားသည္။

‘‘လုပ္ငန္းအမ်ားစုက လုပ္ ငန္းတင္ျပျပီးရင္ လာလုပ္ျကတာ မ်ားပါတယ္။ ဒါေပမဲ့ ေလးငါးနွစ္  ျကာေလာက္ လုပ္ျပီးမွ အရံႈးေပၚ လို့ စာရင္းရွင္းျပီး ျပန္ျကတယ္။ Nike ဆိုရင္ ပဲခူးဘက္မွ ေသခ်ာ စီစဉ္ျပီးေတာ့မွ ကမၻာမွာ ေဈး ကြက္က်ေနေတာ့၊ ေအာ္ဒါမရွိ ေတာ့ လုပ္ငန္းကို ျပန္အပ္သြား တာ ဒါမ်ိုးလည္းရွိတယ္’’ ဟု ရင္း နွီးျမႈပ္နွံမႈနွင့္ ကုမၸဏီမ်ား ညွြန္ ျကားမႈ ဦးစီးဌာန ဒုတိယညွြန္ျကား ေရးမႉးခ်ုပ္ ဦးသန္းေအာင္ေက်ာ္ ကေျပာသည္။

လက္ရွိအစိုးရလက္ထက္  တြင္ နိုင္ငံျခားရင္းနွီးျမႈပ္နွံမႈမ်ား အနက္ ပထမဆံုးဘ႑ဍာနွစ္ ၂၀၁၆-၁၇ ၌ ခြင့္ျပုခဲ့သည့္ လုပ္ငန္းေပါင္း ၁၃၈ ခု ပါဝင္သည္ဟု ေကာ္မရွင္က ဆိုသည္။ ထိုလုပ္ငန္း ၁၃၈ ခုမွ အခြန္နွင့္ေျမ ငွားရမ္းခ ကန္ေဒၚလာသန္း ၃၂၀ နွင့္ က်ပ္ေငြ ၁၂ ဘီလီယံေက်ာ္ ရရွိခဲ့သည္ဟု ဆိုသည္။

ျမန္မာနိုင္ငံ၏ စီးပြားေရး၊ နိုင္ငံေရး ျဖစ္ေပၚတိုးတက္လာမႈ မ်ားေျကာင့္ နိုင္ငံျခားရင္းနွီးျမႈပ္နွံ မႈမ်ား၌ ျဗိတိန္၊ ျပင္သစ္နွင့္ နယ္ သာလန္စသည့္ ဥေရာပနိုင္ငံမ်ား ဝင္ေရာက္လာသည္။ ထို့အျပင္ ၁၀ နွစ္ေက်ာ္အတြင္း ရင္းနွီးျမႈပ္နွံ မႈ ရပ္တန့္ေနသည့္ ျသစေျတးလ်၊ ဘဂၤႅားေဒ့ရွ္၊ ကေနဒါနိုင္ငံ တို့မွ ဝင္ေရာက္မႈမ်ားရွိသည္ ဟု ေကာ္မရွင္ကဆိုသည္။



September 1,17

မြန်မာနိုင်ငံတွင် ခွင့်ပြုခဲ့ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများအနက် အမေကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ လုပ်ငန်း ၂၈၀ ခုကို ပယ်ဖျက်ခဲ့ကြောင်း မြန်မာနိုင် ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဆောင် ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထား သည်။

အဆိုပါလုပ်ငန်းများသည် လုပ်ငန်းသက်တမ်းကုန်ဆုံးခြင်း၊ ရပ်ဆိုင်းခြင်းနှင့် လုပ်ငန်းဆက် လက် မလုပ်ဆောင်ခြင်းကြောင့် ပယ်ဖျက်ခဲ့သည်ဟု အဆိုပါအ စီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၂၀၁၇ မတ်လ ၃၁ ရက်အထိနိုင် ငံခြား ရင်းနှီးမြှုပ်နှံမှု ၁,၂၄၆ ခု ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ကန် ဒေါ်လာ ၇၀ ဘီလီယံရှိခဲ့သည်။ သို့သော်အထက်ပါ လုပ်ငန်း ၂၈၀ ပယ်ဖျက်ပြီး နောက်လက်ရှိ နိုင်ငံတွင် လုပ်ကိုင်နေသည့်  လုပ်ငန်း ၉၆၆ ခုရှိကာ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၅၉ ဒသမ ၆ ဘီလီယံကျန်ရှိကြောင်း ကော်မရှင်က ဆိုသည်။
ထို့အတူ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၂၇၃ ခုကို ပယ်ဖျက်ခဲ့ပြီး တန်ဖိုး ကန်ဒေါ် လာ သန်း ၅၀၀ ခန့်နှင့် ကျပ်ငွေ ၅၈၃ ဘီလီယံရှိသည်ဟု ကော်မ ရှင်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ရှိတွင် နိုင်ငံသားရင်းနှီးမြှုပ်မှု ၉၆၈ ခု လည်ပတ်နေသည်ဟု ကော်မရှင်က ဆိုထားသည်။

‘‘လုပ်ငန်းအများစုက လုပ် ငန်းတင်ပြပြီးရင် လာလုပ်ကြတာ များပါတယ်။ ဒါပေမဲ့ လေးငါးနှစ်  ကြာလောက် လုပ်ပြီးမှ အရှုံးပေါ် လို့ စာရင်းရှင်းပြီး ပြန်ကြတယ်။ Nike ဆိုရင် ပဲခူးဘက်မှ သေချာ စီစဉ်ပြီးတော့မှ ကမ္ဘာမှာ စျေး ကွက်ကျနေတော့၊ အော်ဒါမရှိ တော့ လုပ်ငန်းကို ပြန်အပ်သွား တာ ဒါမျိုးလည်းရှိတယ်’’ ဟု ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် ကပြောသည်။

လက်ရှိအစိုးရလက်ထက်  တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနက် ပထမဆုံးဘဏ္ဍာနှစ် ၂၀၁၆-၁၇ ၌ ခွင့်ပြုခဲ့သည့် လုပ်ငန်းပေါင်း ၁၃၈ ခု ပါဝင်သည်ဟု ကော်မရှင်က ဆိုသည်။ ထိုလုပ်ငန်း ၁၃၈ ခုမှ အခွန်နှင့်မြေ ငှားရမ်းခ ကန်ဒေါ်လာသန်း ၃၂၀ နှင့် ကျပ်ငွေ ၁၂ ဘီလီယံကျော် ရရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်လာမှု များကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ၌ ဗြိတိန်၊ ပြင်သစ်နှင့် နယ် သာလန်စသည့် ဥရောပနိုင်ငံများ ဝင်ရောက်လာသည်။ ထို့အပြင် ၁၀ နှစ်ကျော်အတွင်း ရင်းနှီးမြှုပ်နှံ မှု ရပ်တန့်နေသည့် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါနိုင်ငံ တို့မှ ဝင်ရောက်မှုများရှိသည် ဟု ကော်မရှင်ကဆိုသည်။



No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!